[ZawGyi]

New Year Resolution ေတြ တကယ္လုပ္ျဖစ္ေစဖို႔ ကူညီေပးေနမယ္႔ Apps မ်ား

၂၀၁၈ ခုနစ္ရဲ႕ ဇြန္လလယ္ကိုေရာက္လာျပန္ျပီေနာ္။ ဇြန္လဆုိတာက ႏွစ္တစ္ႏွစ္ရဲ႕တစ္ဝက္၊ ေနာက္ ၆ လဆုိရင္ ၂၀၁၈ ကကုန္ဆံုးျပန္ပါေတာ႔မယ္။ ဒီေတာ႔ ႏွစ္စတုန္းက ခ်မွတ္ခဲ႔တဲ႔ အမ်ိဳးမ်ိဳးေသာ Resolutions ေတြကို တကယ္လုပ္ျဖစ္ပါရဲ႕လား။ ႏွစ္စက အားမာန္အျပည္႔နဲ႔ သႏ႖ိဌာန္ေတြခ်ခဲ႔ေပမယ္႔ အခုေတာ႔နည္းနည္းအားေပ်ာ႔သြားျပီလား။ ဒီလုိခ်မွတ္ထားတဲ႔ Goals ေတြကို ေမ႔ေမ႔ေပ်ာက္ေပ်ာက္ျဖစ္သြားတတ္တယ္ဆုိရင္ ဒီလုိမျဖစ္ေစဖုိ႔ သတိေပးေနမယ္႔ Apps ေလးေတြရွိပါတယ္။ ဒီ Apps ေလးေတြကို ဖုန္းထဲမွာထည္႔ထားျပီး ကိုယ္႔ရည္မွန္းခ်က္ေတြ တကယ္ျပည္႔ဝေအာင္အေကာင္အထည္ေဖာ္လုိက္ပါ။

အက်င္႔ဆုိးေတြျပင္မယ္လုိ႔ ရည္မွန္းထားခဲ႔ရင္

လက္သည္းကိုက္တာ၊ ေဆးလိပ္ေသာက္ေနမိတာ၊ ေကာ္ဖီစြဲေနတာ စတဲ႔မေကာင္းတဲ႔အက်င္႔ေတြကို ျပင္မယ္လို႔ဆံုးျဖတ္ထားခဲ႔တယ္ဆုိရင္ေတာ႔ HabitBull ၊ Habitica ၊ Habitshare ၊ StickK ၊ Habit List လိုမ်ိဳး Habit Tracker Apps ေတြကို သံုးပါ။ ဒီလုိ Apps ေလးေတြက သင္လုပ္စရာရွိတာေတြကို Remind လုပ္ေပးေနျပီး တကယ္လုပ္ျဖစ္သလား မလုပ္ျဖစ္ဘူးလားဆိုတာ သဲသဲကြဲကြဲသိေစဖုိ႔ ေဖာ္ျပေပးေနမွာပါ။

Habitica

Habitica

က်န္းမာေရးနဲ႔ ညီညြတ္တာေတြစားမယ္လုိ႔ ရည္မွန္းခဲ႔ရင္

အစားအေသာက္စားတဲ႔ေနရာမွာ က်န္းမာေရးနဲ႔ညီညြတ္တာေတြပဲစားမယ္၊ ကယ္လုိရီတြက္ခ်က္ျပီးစားမယ္ဆုိရင္ Calorie-Tracking Apps ေတြကိုသံုးႏိုင္ပါတယ္။ ဒီ Apps ေတြမွာ ကိုယ္စားလုိက္တဲ႔အစားအေသာက္ကိုဓာတ္ပံုရိုက္ျပသလုိက္ရံုနဲ႔ ကယ္လုိရီဘယ္ေလာက္ရွိႏိုင္လဲ တြက္ခ်က္ေပးသလို ဒီေန႔မွာေတာ႔ ကယ္လုိရီဘယ္ေလာက္စားမိေနျပီ။ ဘယ္ေလာက္ပဲ စားခြင္႔ရွိေတာ႔တယ္ဆုိတာမ်ိဳးေတြကိုေဖာ္ျပေပးေနမွာျဖစ္ပါတယ္။ အေကာင္းဆံုး Calorie-Tracker Apps ေတြကေတာ႔ Lose it!၊ My Fitness Pal ၊ Weight Watchers ၊ Spark People Calorie Tracker နဲ႔ Fooducate တို႔ပဲျဖစ္ပါတယ္။ ကိုယ္႔ရည္မွန္းခ်က္က ဝိတ္က်ခ်င္တာလား၊ ပိုက်န္းမာခ်င္တာလား၊ အသားအေရလွပခ်င္တာလား စတဲ႔ Goal ေတြကိုေရြးႏိုင္ျပီး စားေသာက္ရမယ္႔အရာနဲ႔ လုပ္ရမယ္႔ ေလ႔က်င္႔ခန္းေတြကိုလည္း သိႏိုင္မွာျဖစ္ပါတယ္။

weightwatchers

weightwatchers

ဘာသာစကားအသစ္သင္ယူမယ္လို႔ရည္မွန္းထားခဲ႔ရင္

ကိုယ္ကႏွစ္စမွာ ငါေတာ႔ဘာသာစကားအသစ္တစ္ခုကိုသင္ယူမယ္၊ ပိုကၽြမ္းက်င္တတ္ေျမာက္လာရမယ္လုိ႔ ရည္မွန္းထားခဲ႔ရင္ေတာ႔ Language Learning Apps ေတြကို သံုးႏိုင္ပါတယ္။ Duolingo၊ Word of the Day ၊ English Phrases in Use စတဲ႔ Apps ေတြကို သံုးႏုိုင္ပါတယ္။

duolingo-app

duolingo-app

ေငြပိုစုမယ္လုိ႔ မွန္းထားခဲ႔ရင္

ကိုယ္ေမွ်ာ္မွန္းထားတဲ႔ခရီးတစ္ခုအတြက္ပဲျဖစ္ျဖစ္၊ မဂၤလာပြဲအတြက္ပဲျဖစ္ျဖစ္ ေငြပိုစုမယ္လုိ႔မွန္းထားခဲ႔ရင္ ကိုယ္႔ရဲ႕ေန႔စဥ္အသံုးစာရင္း၊ တစ္ပတ္စာ ၊ တစ္လစာစာရင္းေတြကို တြက္ေပးျပီး ေငြစုျဖစ္ေအာင္ ပ႔ံပိုးေပးမယ္႔ Apps ေတြရွိပါတယ္။ My Wallet ၊ Bills Reminder ၊ Money Lover စတဲ႔ App ေတြနဲ႔ ကိုယ္႔ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္လိုက္ပါ။

wallet app

wallet app

Time Management ေကာင္းေကာင္းလုပ္မယ္ဆုိရင္

အခ်ိန္ကိုစနစ္တက် စီမံခန္႔ခြဲမယ္၊ Time Management နဲ႔ပတ္သက္ျပီး ပိုေတာ္ခ်င္တယ္ဆုိရင္ တစ္ေန႔တာလုပ္စရာရွိတာေတြကို မွတ္သားေပးျပီး ျပန္သတိေပးမယ္႔ App ေလးေတြသံုးလုိ႔ ရပါမယ္။ Cozi နဲ႔ Time Planner လုိမ်ိဳး Apps ေတြကို သံုးျပီး လုပ္ငန္းေဆာင္တာေတြ မေမ႔မေလ်ာ႔ေစဘဲ အခ်ိန္ကိုစနစ္တက်စီမံခန္႔ခြဲႏိုင္ပါျပီ။

Time-planner-app

Time-planner-app

ကဲ…၂၀၁၈ ရဲ႕ႏွစ္ဝက္လည္းေရာက္ျပီမို႔ ကိုယ္႔ရဲ႕ New Year Resolution ေတြကိုအပ်က္ယြင္းမခံဘဲ ဆက္လက္ျပီးအားသြန္ခြန္စိုက္အတူၾကိဳးစားၾကပါဦးစို႔။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

New Year Resolution တွေ တကယ်လုပ်ဖြစ်စေဖို့ ကူညီပေးနေမယ့် Apps များ

၂၀၁၈ ခုနစ်ရဲ့ ဇွန်လလယ်ကိုရောက်လာပြန်ပြီနော်။ ဇွန်လဆိုတာက နှစ်တစ်နှစ်ရဲ့တစ်ဝက်၊ နောက် ၆ လဆိုရင် ၂၀၁၈ ကကုန်ဆုံးပြန်ပါတော့မယ်။ ဒီတော့ နှစ်စတုန်းက ချမှတ်ခဲ့တဲ့ အမျိုးမျိုးသော Resolutions တွေကို တကယ်လုပ်ဖြစ်ပါရဲ့လား။ နှစ်စက အားမာန်အပြည့်နဲ့ သန္တွိဌာန်တွေချခဲ့ပေမယ့် အခုတော့နည်းနည်းအားပျော့သွားပြီလား။ ဒီလိုချမှတ်ထားတဲ့ Goals တွေကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်တယ်ဆိုရင် ဒီလိုမဖြစ်စေဖို့ သတိပေးနေမယ့် Apps လေးတွေရှိပါတယ်။ ဒီ Apps လေးတွေကို ဖုန်းထဲမှာထည့်ထားပြီး ကိုယ့်ရည်မှန်းချက်တွေ တကယ်ပြည့်ဝအောင်အကောင်အထည်ဖော်လိုက်ပါ။

အကျင့်ဆိုးတွေပြင်မယ်လို့ ရည်မှန်းထားခဲ့ရင်

လက်သည်းကိုက်တာ၊ ဆေးလိပ်သောက်နေမိတာ၊ ကော်ဖီစွဲနေတာ စတဲ့မကောင်းတဲ့အကျင့်တွေကို ပြင်မယ်လို့ဆုံးဖြတ်ထားခဲ့တယ်ဆိုရင်တော့ HabitBull ၊ Habitica ၊ Habitshare ၊ StickK ၊ Habit List လိုမျိုး Habit Tracker Apps တွေကို သုံးပါ။ ဒီလို Apps လေးတွေက သင်လုပ်စရာရှိတာတွေကို Remind လုပ်ပေးနေပြီး တကယ်လုပ်ဖြစ်သလား မလုပ်ဖြစ်ဘူးလားဆိုတာ သဲသဲကွဲကွဲသိစေဖို့ ဖော်ပြပေးနေမှာပါ။

Habitica

Habitica

ကျန်းမာရေးနဲ့ ညီညွတ်တာတွေစားမယ်လို့ ရည်မှန်းခဲ့ရင်

အစားအသောက်စားတဲ့နေရာမှာ ကျန်းမာရေးနဲ့ညီညွတ်တာတွေပဲစားမယ်၊ ကယ်လိုရီတွက်ချက်ပြီးစားမယ်ဆိုရင် Calorie-Tracking Apps တွေကိုသုံးနိုင်ပါတယ်။ ဒီ Apps တွေမှာ ကိုယ်စားလိုက်တဲ့အစားအသောက်ကိုဓာတ်ပုံရိုက်ပြသလိုက်ရုံနဲ့ ကယ်လိုရီဘယ်လောက်ရှိနိုင်လဲ တွက်ချက်ပေးသလို ဒီနေ့မှာတော့ ကယ်လိုရီဘယ်လောက်စားမိနေပြီ။ ဘယ်လောက်ပဲ စားခွင့်ရှိတော့တယ်ဆိုတာမျိုးတွေကိုဖော်ပြပေးနေမှာဖြစ်ပါတယ်။ အကောင်းဆုံး Calorie-Tracker Apps တွေကတော့ Lose it!၊ My Fitness Pal ၊ Weight Watchers ၊ Spark People Calorie Tracker နဲ့ Fooducate တို့ပဲဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းချက်က ဝိတ်ကျချင်တာလား၊ ပိုကျန်းမာချင်တာလား၊ အသားအရေလှပချင်တာလား စတဲ့ Goal တွေကိုရွေးနိုင်ပြီး စားသောက်ရမယ့်အရာနဲ့ လုပ်ရမယ့် လေ့ကျင့်ခန်းတွေကိုလည်း သိနိုင်မှာဖြစ်ပါတယ်။

weightwatchers

weightwatchers

ဘာသာစကားအသစ်သင်ယူမယ်လို့ရည်မှန်းထားခဲ့ရင်

ကိုယ်ကနှစ်စမှာ ငါတော့ဘာသာစကားအသစ်တစ်ခုကိုသင်ယူမယ်၊ ပိုကျွမ်းကျင်တတ်မြောက်လာရမယ်လို့ ရည်မှန်းထားခဲ့ရင်တော့ Language Learning Apps တွေကို သုံးနိုင်ပါတယ်။ Duolingo၊ Word of the Day ၊ English Phrases in Use စတဲ့ Apps တွေကို သုံးနိုင်ပါတယ်။

duolingo-app

duolingo-app

ငွေပိုစုမယ်လို့ မှန်းထားခဲ့ရင်

ကိုယ်မျှော်မှန်းထားတဲ့ခရီးတစ်ခုအတွက်ပဲဖြစ်ဖြစ်၊ မင်္ဂလာပွဲအတွက်ပဲဖြစ်ဖြစ် ငွေပိုစုမယ်လို့မှန်းထားခဲ့ရင် ကိုယ့်ရဲ့နေ့စဉ်အသုံးစာရင်း၊ တစ်ပတ်စာ ၊ တစ်လစာစာရင်းတွေကို တွက်ပေးပြီး ငွေစုဖြစ်အောင် ပံ့ပိုးပေးမယ့် Apps တွေရှိပါတယ်။ My Wallet ၊ Bills Reminder ၊ Money Lover စတဲ့ App တွေနဲ့ ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုက်ပါ။

wallet app

wallet app

Time Management ကောင်းကောင်းလုပ်မယ်ဆိုရင်

အချိန်ကိုစနစ်တကျ စီမံခန့်ခွဲမယ်၊ Time Management နဲ့ပတ်သက်ပြီး ပိုတော်ချင်တယ်ဆိုရင် တစ်နေ့တာလုပ်စရာရှိတာတွေကို မှတ်သားပေးပြီး ပြန်သတိပေးမယ့် App လေးတွေသုံးလို့ ရပါမယ်။ Cozi နဲ့ Time Planner လိုမျိုး Apps တွေကို သုံးပြီး လုပ်ငန်းဆောင်တာတွေ မမေ့မလျော့စေဘဲ အချိန်ကိုစနစ်တကျစီမံခန့်ခွဲနိုင်ပါပြီ။

Time-planner-app

Time-planner-app

ကဲ…၂၀၁၈ ရဲ့နှစ်ဝက်လည်းရောက်ပြီမို့ ကိုယ့်ရဲ့ New Year Resolution တွေကိုအပျက်ယွင်းမခံဘဲ ဆက်လက်ပြီးအားသွန်ခွန်စိုက်အတူကြိုးစားကြပါဦးစို့။

ဂျူဂျူး(Akhayar)

www.akhayar.com