[Zawgyi]
အသစ်အသစ်တွေနဲ့ြေ ပာင်းလဲတိုးတက်လာတဲ့ နည်းပညာတွေကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေဟာ ပိုမိုမြန်ဆန်လွယ်ကူလာတော့မှာပဲဖြစ်ပါတယ်။
Ref;PhoneArena
Phone Hay Ko (Akhayar)
www.akhayar.com
[Unicode]
Website Login အတွက်သုံးတဲ့ Username နဲ့Password အစား လက်ဗွေ စနစ်ဖြင့်ဝင်ရောက်နိုင်တော့မယ်
New web standard may soon allow you to log into websites via biometric authentication
အင်တာနက်မှာ လေ့လာစရာတွေများလာတာနဲ့အမျှ(Facebook ကိုပြောတာမဟုတ်ဘူးနော်) အသုံးပြုမှတ်သားစရာ Website တွေကလည်း ဒုနဲ့ဒေး များပြားလာပါတယ်။ ပိုပြီးအခက်တွေ့စေတာက အချို့သော Website တွေ Forum တွေကိုဝင်ရောက်လေ့လာဖို့နဲ့ သတင်းတွေအမြဲ Up to Date သိရှိနိုင်ဖို့အတွက် Email နဲ့ Register ပြုလုပ်ထားရပါတယ်။ အဲ့လို Register လုပ်ထားရတဲ့ Website တွေများလာတဲ့အခါမှာတော့ Username နဲ့ Password တွေကိုလိုက်မှတ်ဖို့မလွယ်ကူတော့ပါဘူး။ Register လုပ်ထားသမျှ Site တွေအကုန်လုံးအတွက် အသုံးပြုတဲ့ Password ဟာလည်း အားလုံးတူနေရင် လုံခြုံရေးအရ အတော်ကိုအားနည်းတဲ့အဆင့်မှာရှိတဲ့အတွက် မလုပ်သင့်ပါဘူး။
Password ကိုလွယ်လွယ်ပေးထားလို့ Hack ခံရမှာစိုးရိမ်နေပြီလား ? မပူပါနဲ့ သင့်ရဲ့စိုးရိမ်ပူပန်မှုတွေဟာသိပ်မကြာတော့တဲ့အချိန်အတွင်းမှာပြီးဆုံးသွားမှာပါ။ Website Login ဝင်ဖို့အတွက် ပုံမှန်အသုံးပြုနေကျ Username နဲ့ Password တွေအစား Fingerprint, Face ID, USB Key အစရှိတဲ့ Biometric Authentication စနစ်တွေကိုအသုံးပြုနိုင်တော့မှာပါ။
အခုစမ်းသပ်နေတဲ့ WebAuthn API အသစ်ဟာ Website တွေကို Login ဝင်ရောက်ဖို့အတွက် သင့်ရဲ့ လက်ဗွေစနစ် (Fingerprint), Facial ID, အပါအဝင်အခြားသော Biometric Authentication စနစ်တွေကို လက်ခံပေးတော့မှာဖြစ်ပြီး ၎င်း API စနစ်ကို ပထမဦးဆုံးလက်ခံအသုံးပြုနိုင်မယ့် Browser တွေကတော့ Mozilla Firefox, Google Chrome နဲ့ Microsoft Edge Browser တွေပဲဖြစ်ပါတယ်။ Apple ရဲ့ Safari Browser မှာလည်း Keychain စနစ်ကိုအခြေခံကာ ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေနဲ့အလားတူ စနစ်မျိုးထည့်သွင်းလာနိုင်တယ်လို့လည်းဆိုပါတယ်။
အသစ်အသစ်တွေနဲ့ေြ ပာင်းလဲတိုးတက်လာတဲ့ နည်းပညာတွေကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေဟာ ပိုမိုမြန်ဆန်လွယ်ကူလာတော့မှာပဲဖြစ်ပါတယ်။
Ref;PhoneArena
Phone Hay Ko (Akhayar)
www.akhayar.com