[Zawgyi]

လူငယ္မ်က္ႏွာသစ္ဒါရိုက္တာရိုက္ကူးထားတဲ့ “နယူးဗားရွင္း”ဟာသဇာတ္ကားႀကီး အထူးပြဲျပသ

မ်က္ႏွာသစ္ဒါရိုက္တာတစ္ဦးျဖစ္သူ ညီညီေဇာ္ႏိုင္ရိုက္ကူးထားတဲ့ “နယူးဗားရွင္း”အမည္ရွိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးအထူးျပသပြဲကို Mega Ace Capital (သာေကတ) မွာ ျပသခဲ့ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးဟာ ဒါရိုက္တာညီညီေဇာ္ႏိုင္ရဲ႕ ပထမဦးဆံုးပြဲဦးထြက္ရုပ္ရွင္ဇာတ္ကားျဖစ္တဲ့အျပင္ ပရိသတ္ေတြရယ္ေမာေပ်ာ္ရႊင္ရရင္ေက်နပ္ေၾကာင္းကိုလည္း ဒါရိုက္တာညီညီေဇာ္ႏိုင္က “ဒီဇာတ္ကားႀကီးက ၅၂၈ နဲ႔ ၁၅၀၀ ကို အေျခခံထားတဲ့ကားပါ။ ရိုးရိုးေလးပါ။ ကၽြန္ေတာ္က ဒါရိုက္တာအသစ္ဆိုေပမယ့္ အေရွ႕ကဆရာေတြသင္ျပေပးခဲ့တဲ့အတိုင္းပဲ လုပ္ပါတယ္။ အေရွ႕ကဒါရိုက္တာႀကီးေတြကိုလည္း မမွီပါဘူး။ အတတ္ႏိုင္ဆံုး အေကာင္းဆံုးျဖစ္ေအာင္ပဲ ႀကိဳးစားထားပါတယ္။ တကယ္သရုပ္ေဆာင္အႀကီးႀကီးေတြပါေပမယ့္လည္း အခက္အခဲအရမ္းႀကီးမရွိပါဘူး။ အဆင္ေျပတယ္။ ကိုယ္တတ္ႏုိင္သေလာက္ေလးခ်ျပတယ္။ ပါဝင္ၾကတဲ့ သရုပ္ေဆာင္ေတြေတာ္ေတာ္မ်ားမ်ားကလည္း ကၽြန္ေတာ္ကိုကူညီေပးၾကတယ္။ ေအာင္ျမင္တာ မေအာင္ျမင္တာက ပရိသတ္ေတြအဆံုးအျဖတ္ေပၚမူတည္ပါတယ္” လို႔ ေျပာျပပါတယ္။

ဒီရုပ္ရွင္ဇာတ္ကားမွာ ေက်ာ္ရဲေအာင္၊ မင္းေမာ္ကြန္း၊ ညီထြဋ္ေခါင္၊ မင္းဦး၊ စိုးျမတ္သူဇာ၊ နန္းျမတ္ၿဖိဳးသင္း၊ ေရႊသမီး၊ ပြင့္၊ ေမာရတီလင္း၊ ေဇာ္ဝင္းႏိုင္(မန္း) နဲ႔ တျခားအႏုပညာရွင္ေတြအမ်ားႀကီးက ပါဝင္သရုပ္ေဆာင္ထားၿပီး လာမယ့္ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ကေနစတင္ကာ ျမန္မာတစ္ႏိုင္ငံလံုးရွိ ရုပ္ရွင္ရံုႀကီးမ်ားမွာ ျပသသြားေတာ့မွာျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လူငယ်မျက်နှာသစ်ဒါရိုက်တာရိုက်ကူးထားတဲ့ “နယူးဗားရှင်း”ဟာသဇာတ်ကားကြီး အထူးပွဲပြသ

မျက်နှာသစ်ဒါရိုက်တာတစ်ဦးဖြစ်သူ ညီညီဇော်နိုင်ရိုက်ကူးထားတဲ့ “နယူးဗားရှင်း”အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို Mega Ace Capital (သာကေတ) မှာ ပြသခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာညီညီဇော်နိုင်ရဲ့ ပထမဦးဆုံးပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အပြင် ပရိသတ်တွေရယ်မောပျော်ရွှင်ရရင်ကျေနပ်ကြောင်းကိုလည်း ဒါရိုက်တာညီညီဇော်နိုင်က “ဒီဇာတ်ကားကြီးက ၅၂၈ နဲ့ ၁၅၀၀ ကို အခြေခံထားတဲ့ကားပါ။ ရိုးရိုးလေးပါ။ ကျွန်တော်က ဒါရိုက်တာအသစ်ဆိုပေမယ့် အရှေ့ကဆရာတွေသင်ပြပေးခဲ့တဲ့အတိုင်းပဲ လုပ်ပါတယ်။ အရှေ့ကဒါရိုက်တာကြီးတွေကိုလည်း မမှီပါဘူး။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားထားပါတယ်။ တကယ်သရုပ်ဆောင်အကြီးကြီးတွေပါပေမယ့်လည်း အခက်အခဲအရမ်းကြီးမရှိပါဘူး။ အဆင်ပြေတယ်။ ကိုယ်တတ်နိုင်သလောက်လေးချပြတယ်။ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေတော်တော်များများကလည်း ကျွန်တော်ကိုကူညီပေးကြတယ်။ အောင်မြင်တာ မအောင်မြင်တာက ပရိသတ်တွေအဆုံးအဖြတ်ပေါ်မူတည်ပါတယ်” လို့ ပြောပြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ ညီထွဋ်ခေါင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ နန်းမြတ်ဖြိုးသင်း၊ ရွှေသမီး၊ ပွင့်၊ မောရတီလင်း၊ ဇော်ဝင်းနိုင်(မန်း) နဲ့ တခြားအနုပညာရှင်တွေအများကြီးက ပါဝင်သရုပ်ဆောင်ထားပြီး လာမယ့်ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကနေစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများမှာ ပြသသွားတော့မှာဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။