[Zawgyi] 
၁။ Largest Battery 
၂။ Largest Storage 
၃။ Fastest Performance 
Ref: Samsung
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
Samsung ကတော့ Galaxy Note 9 အတွက် Teaser Video တွေ ထပ်တင်လိုက်ပါပြီ
မကြာခင်ပွဲထွက်လာတော့မယ့် Galaxy Note 9 ကိုတော့ တစ်ကမ္ဘာလုံးက Samsung Fan တွေနဲ့ Galaxy Note Fan တွေစိတ်ဝင်စားနေကြပါပြီ။ အဲ့ဒီလိုစိတ်ဝင်စားနေတာကို ပိုပြီးဆူဆူညံညံ ဖြစ်သွားအောင် Samsung က Teaser အသစ်သုံးခုကို ထုတ်ပြလိုက်ပါပြီ။ 
၁။ Largest Battery 
Note 9 က အရင်က ထွက်ခဲ့တဲ့ Note 8 ထက် Battery ပိုုကြီးလာမယ်၊ Processor အသစ်ကြောင့်လည်း Battery က အရင်ကထက် ပိုပြီးအသုံးဝင်လာမယ်လို့ သတင်းတွေထွက်ပြီးသားပါ။ ကောလဟလာထွက်ထားတာကတော့ Note 9 မှာ 4000mAh Battery ပါလာမယ်လို့ သိရပါတယ်။ တကယ်လို့ ဒီသတင်းက အမှန်ဆိုရင်တော့ Note 9 ရဲ့ Battery က Samsung ဖုန်းတွေအားလုံးထဲမှာ အများဆုံးဖြစ်လာမှာပါ။ Video Teaser မှာလည်း တကယ့် Feature အသစ်တွေဆိုတာထက် Battery ကိုအရင်ပြနေတာက စိတ်ဝင်စားစရာပါ။ 
၂။ Largest Storage 
Storage နဲ့ ပတ်သက်လာရင် Flagship ဖုန်းတွေအားလုံးနီးနီးကို Samsung က microSD Card Slot ထည့်ပေးခဲ့ပါတယ်။ ဒါပေမယ့် Internal Storage ကိုတော့ လက်ရှိထွက်ထားတဲ့ Note 8 မှာ 256GB အထိ ဝယ်လို့ရနေပါပြီ။ Note 9 မှာတော့ Internal Storage ကို 512GB အထိတိုးပေးလာနိုင်သလို microSD Card ကိုလည်း 1TB အထိ Support ပေးလာနိုင်ပါတယ်။ Intrnal Storage 512GB အထိပါလာရင်ကိုပဲ Storage မလောက်တဲ့ ပြဿနာမျိုးတွေ နည်းသွားမှာပါ။ 
၃။ Fastest Performance 
Note 9 က Samsung ရဲ့ ထွက်ခဲ့သမျှ Note တွေထဲမှာ အကောင်းဆုံးဖြစ်သလို အမြန်ဆုံးလည်း ဖြစ်လာမှာပါ။ Note 9 ရဲ့ Performance နဲ့ ပတ်သက်လို့ အခု Teaser က ပိုမြန်လာမယ်ဆိုတာ သက်သေပြနေပါတယ်။ Note 9 ကိုတော့ RAM 8GB နဲ့တွေ့ရမယ်လို့လည်း သတင်းတွေက ထွက်ထားပြီးသားပါ။ တခြားဖုန်းတွေ နှေးနေတာကို Note 9 ကြောင့် နှေးကွေးတဲ့အခိုက်အတန့်တွေကိုကျော်လွှားနိုင်မယ်ဆိုတာမျိုးကို ပြသွားတာပါ။ 
Teaser တွေကတော့ Samsung ရဲ့ လုပ်နေကျ Note Teaser တွေအတိုင်းပဲ Feature တစ်ခုခြင်းစီကို Video တစ်ခုစီ လုပ်ပေးထားတာမျိုးပါ။ S Pen နဲ့ ပတ်သက်တာတော့မပါသေးပေမယ့် Phone အတွက် ပထမဦးဆုံး Teaser ဓာတ်ပုံမှာတော့ S Pen အသစ်ကိုပဲ ပြထားခဲ့ပါတယ်။ အခုထွက်လာတဲ့ Video သုံးခုကတော့ Note 9 အတွက် နောက်ဆုံးထွက် Teaser တွေပါပဲ။ အရင်က S Pen ကိုပြတဲ့ Teaser နဲ့ဆိုရင်တော့ Video လေးခုရှိသွားပါပြီ။ Note 9 ကိုတော့ လာမယ့် သြဂုတ်လ ၉  ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်တာကြောင့် Galaxy Fan တွေ အားလုံးလည်း ရင်ခုန်နေကြမှာပါ။ Samsung Myanmar Facebook Page မှာလည်း မြန်မာလို ဘာသာပြန်ပေးထားတဲ့ Video ကို တင်ပေးထားတာ တွေ့ရပါတယ်။ 
Ref: Samsung
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။