[Zawgyi] 


Stylus Support


Tablet Stand Mode




Ref: Business Insider

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

ဒေါ်လာ ၄၀၀ တန် Microsoft ရဲ့ Surface Go Tablet ဟာ iPad အတွက် ပြိုင်ဖက်ဖြစ်လာပြီ

Apple ထုတ်ကုန်တွေထဲမှာဆိုရင် iPad နဲ့ MacBook က လိုချင်စရာအကောင်းဆုံး ခရီးဆောင် ကွန်ပျူတာတွေလို့ပြောရင် မမှားပါဘူး။ ကျောင်းသားတွေ၊ ခရီးသွား စာရေးဆရာတွေနဲ့ ရုံးဝန်ထမ်းတွေကြားမှာ အရောင်းရဆုံး ထုတ်ကုန်တွေက iPad နဲ့ MacBook တွေပါ။ Microsoft အနေနဲ့လည်း သူတို့ရဲ့ အဓိက Windows Device တွေဖြစ်တဲ့ Surface ထုတ်ကုန်တွေကို အရင်ကထက်ပိုပြီး ဂရုစိုက်လာပါပြီ။ 

Stylus Support

အခုထုတ်ပြလိုက်တဲ့ Device ကတော့ Surface Go လို့နာမည်ပေးထားတဲ့ Windows Tablet တစ်လုံးပါ။ Keyboard နဲ့တွဲသုံးလို့ရတာကြောင့် ခရီးဆောင် Laptop အဖြစ်လည်း သုံးနိုင်သလို Tablet အနေနဲ့လည်း သုံးနိုင်ပါသေးတယ်။ Apple ရဲ့ iPad Pro တွေကို တိုက်ရိုက်ယှဉ်ပြိုင်မယ့် ထုတ်ကုန်တစ်ခုဆိုရင်လည်း မမှားပါဘူး။ Surface Go မှာ 10 Inch Screen တပ်ဆင်ပေးထားပြီး Intel Pentium Processor ၊ 4GB RAM နဲ့ 128GB Hard Drive ပါဝင်မှာဖြစ်ပါတယ်။ ဈေးပိုများတဲ့ ၅၄၉  ဒေါ်လာတန်မှာတော့ 8GB RAM ၊ 256GB Hard Drive ပါဝင်မှာဖြစ်ပါတယ်။ 

Tablet Stand Mode

Surface Go ရဲ့ Design ကိုတော့ Microsoft ရဲ့ တန်ဖိုးကြီး Surface Pro Tablet တွေရဲ့ Design ကိုမှီငြမ်းထားတာကြောင့် သပ်ရပ်တဲ့ အပြင်အဆင်ကိုတွေ့ရမှာပါ။ ဘေးဖက်မှာ Surface Connector ၊ USB-C တစ်ပေါက်နဲ့ 3.5mm နားကြတ်ပေါက်ပါဝင်ပါတယ်။ SD Card အတွက်လည်း တစ်ဖက်မှာ အပေါက်ပါပါသေးတယ်။ Battery ကတော့ ၉ နာရီလောက် ဆက်တိုက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Microsoft ရဲ့ Windows Hello ကို  အထောက်အပံပေးတာကြောင့် သင့်မျက်နှာနဲ့ Login ဝင်လို့ရနိုင်မှာပါ။ 

$99 Keyboards for Surface Go

Surface Go က iPad တွေနဲ့ MacBook တွေရဲ့ တိုက်ရိုက်ယှဉ်ပြိုင်သူဖြစ်တယ်ဆိုတာ သေချာပါတယ်။ Microsoft က Surface Go ကို Windows Stylus နဲ့လည်း တွဲဖက်အသုံးပြုလို့ရအောင် လုပ်ပေးထားတဲ့အပြင် Keyboard ကိုပါရောင်းပေးထားတာကြောင့် Windows Laptop အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ iPad က iOS ကိုအသုံးပြုထားတာကြောင့် Windows သုံးချင်သူတွေနဲ့ Laptop သုံးချင်သူတွေအတွက် အခက်အခဲဖြစ်စေပါလိမ့်မယ့်။ သင်က Windows Laptop နဲ့ Tablet ကောင်ကောင်းကို အသုံးပြုချင်သူဆိုရင်တော့ Surfcace Go က သင့်အတွက်အဖြေပါပဲ။ iPad တွေထက် ဈေးသက်သာသလို MacBook တွေထက်လည်း အများကြီးဈေးသက်သာပါတယ်။ Stylus အသုံးပြုလို့ရတာကြောင့် ပုံဆွဲတာ၊ စာရင်းလုပ်တာ၊ ရုံးအလုပ်လုပ်ရသူတွေအတွက် အဆင်ပြေစေမယ့် ထုတ်ကုန်တစ်ခုပါပဲ။ Surface Go ကိုတော့ လာမယ့် သြဂုတ်လ ၂ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ Surface Go အတွက် Keyboard ကိုလည်း ၉၉ ဒေါ်လာနဲ့ သီးခြားရောင်းချပေးမှာဖြစ်ပါတယ်။ 

Ref: Business Insider

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။