[Zawgyi]
Sony ရဲ့ MWC 2018 အတွက် Teaser
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
Sony ရဲ့ MWC 2018 အတှကျ Teaser
Sony ကသူတို့ရဲ့ Flagship အသစ်ကို MWC မှာမိတ်ဆက်ဖို့အသင့်ဖြစ်နေပါပြီ။ Sony Mobile ရဲ့ Twitter မှာ MWC Teaser Video ကိုမနေ့ညကတင်ခဲ့တာပါ။
Video ကိုကြည့်ရင် ဖုန်းနဲ့ပတ်သက်လို့ဘာမှ ထွေထွေထူးထူးမပါပေမယ့် ခန့်မှန်းဖို့ Hint ပေးသွားတာပဲဖြစ်ပါတယ်။ Sony ရဲ့  Xperia Wave တွေနဲ့လက်တစ်ဖက်ပဲပါတဲ့ ဒီ Teaser ကိုကြည့်ရှုသူပေါင်း သုံးသောင်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။ Xperia Wave Line တွေက ၇ ခုရှိပါတယ်။ Wave Line တွေက လက်ပေါ်မှာဖြည်းဖြည်းချင်းပျောက်ကွယ်သွားပါတယ်။ လက်ပေါ်မှာရောက်တဲ့အချိန်မှာ Wave Line တွေအကုန် ဖြောင့်သွားတာပဲပါပါတယ်။ ဒါတွေအားလုံးကို ခြုံပြီးစဉ်းစားကြည့်ရရင် ဖုန်းကလက်ထဲမှာကိုင်ထားရက်နဲ့ပျောက်နေတဲ့ ခံစားမှုမျိုးဖြစ်နိုင်တာကြောင့် Bezel Less Design ဖြစ်မယ်လို့ပဲခန့်မှန်းရပါတယ်။
Sony ကအခုလည်း Xperia XA ဖုန်းတွေကို ဘေးဘောင်မရှိသလောက်ထုတ်ထားတာကြောင့် အသစ်ထွက်မယ့် Flagship တွေကိုလည်း Bezel Less နဲ့ဖြစ်လာဖို့မေ ျှာ်လင့်နေကြပါတယ်။ 18:9 အချိုးနဲ့လည်းဖြစ်လာနိုင်ပေမယ့် Sony ရဲ့ Stereo Speaker တွေကိုတော့နေရာရွှေ့နိုင်ပါတယ်။ Display ရဲ့ အပေါ်နဲ့အောက်မှာ ထူနေတဲ့နေရာတွေက 18:9 Display ထည့်လာရင် ကျဉ်းသွားမှာဖြစ်တာကြောင့် Speaker တွေအတွက်နေရာအသစ်လိုနိုင်ပါတယ်။ Stereo Sperker တွေက Sony Phone တွေရဲ့စံတစ်ခုဖြစ်တာကြောင့် ပါလာဖို့ပဲသေခြာပါတယ်။ 3.5mm Headphone Port လည်းပါလာဦးမယ်လို့ခန့်မှန်းရပါတယ်။
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။