[Zawgyi]

ယုဇန၊ ေမစပယ္ညိဳ၊ ခင္ဘုဏ္း၊ ေရဗကၠာဝင္းတို႔ကို တစုတစည္းတည္းေတြ႔ရမယ့္ သီခ်င္းတစ္ပုဒ္

ဟိုအရင္ေခတ္ကေတာ့ စံုတြဲေခြေတြ၊ Group Song ေတြဟာ အေတာ္ကို ေခတ္စားခဲ့ပါတယ္။ Bambino၊ No၊ Blueberry တို႔လို မိန္းကေလးအဖြဲ႔ေတြသာမကဘဲ မိန္းကေလးအဆိုေတာ္တစ္ေယာက္ခ်င္းစီစုျပီး ‘ဟန္နီ’ လို သီခ်င္းမ်ိဳးေတြ သီဆုိခဲ့ၾကပါတယ္။ ‘ဟန္နီ’ သီခ်င္းဆုိရင္ ေရႊေဂ်ာ္ေဂ်ာ္ေရးသားျပီး ခင္ဘုဏ္း၊ ရွင္ဖုန္းနဲ႔ ေရဗကၠာဝင္းတို႔ သီဆိုထားတာ မိန္းကေလး ပရိသတ္ေတြၾကားမွာ အေတာ္ကို ေပါက္ခဲ့ပါတယ္။

အခုေတာ့ အဲဒီလို စတုိင္ေတြ ေပ်ာက္ကြယ္သြားခဲ့ရာကေန ခင္ဘုဏ္းရဲ႕ ဂီတေလာကကို တေက်ာ့ျပန္လာမႈနဲ႔ အတူ ဒီလို မိန္းကေလးအဆုိေတာ္ေတြ ထြက္ေပၚလာတဲ့ သီခ်င္းတစ္ပုဒ္ထြက္ေပၚလာခဲ့ပါျပီ။ ဒီသီခ်င္းကို ခင္ဘုဏ္းကိုယ္တုိင္ေရးသားထားျပီး အရင္က မိန္းကေလးပရိသတ္ေတြ အၾကိဳက္ ယုဇန၊ ေမစပယ္ညိဳ၊ ခင္ဘုဏ္း၊ ေရဗကၠာဝင္းတို႔ သီဆုိထားၾကပါတယ္။

သီခ်င္းနာမည္ကိုေတာ့ သူတို႔အားလံုးေပါက္တဲ့ သီခ်င္းနာမည္ေတြ စုစည္းျပီး ““အရင္လို အသက္ရႈမဝတဲ့ ပဋိပကၡ အလြမ္းေန႔ရက္ရွည္” လို႔ ေပးထားပါတယ္။

ပိုျပီးေပ်ာ္ဖို႔ ေကာင္းတာက သီခ်င္းတင္မဟုတ္ဘဲ Music Video ပါ ထြက္ရွိလာတာမို႔ Oldies မမေတြရဲ႕ ပံုရိပ္ေတြကိုပါ ျမင္ရမွာပါ။ သီခ်င္းေလးကို နားဆင္ျပီးရင္ အရင္တုန္းက ဘယ္သူ႔ရဲ႕ ပရိသတ္ျဖစ္ခဲ့တယ္ဆိုတာေလး ေျပာျပေပးသြားပါဦး။

Yoe Lu (Akhayar)

www.akhayar.com

Source : Khin Bone Facebook Page
[Unicode]

ယုဇန၊ မေစပယ်ညို၊ ခင်ဘုဏ်း၊ ရေဗက္ကာဝင်းတို့ကို တစုတစည်းတည်းတွေ့ရမယ့် သီချင်းတစ်ပုဒ်

ဟိုအရင်ခေတ်ကတော့ စုံတွဲခွေတွေ၊ Group Song တွေဟာ အတော်ကို ခေတ်စားခဲ့ပါတယ်။ Bambino၊ No၊ Blueberry တို့လို မိန်းကလေးအဖွဲ့တွေသာမကဘဲ မိန်းကလေးအဆိုတော်တစ်ယောက်ချင်းစီစုပြီး ‘ဟန်နီ’ လို သီချင်းမျိုးတွေ သီဆိုခဲ့ကြပါတယ်။ ‘ဟန်နီ’ သီချင်းဆိုရင် ရွှေဂျော်ဂျော်ရေးသားပြီး ခင်ဘုဏ်း၊ ရှင်ဖုန်းနဲ့ ရေဗက္ကာဝင်းတို့ သီဆိုထားတာ မိန်းကလေး ပရိသတ်တွေကြားမှာ အတော်ကို ပေါက်ခဲ့ပါတယ်။

အခုတော့ အဲဒီလို စတိုင်တွေ ပျောက်ကွယ်သွားခဲ့ရာကနေ ခင်ဘုဏ်းရဲ့ ဂီတလောကကို တကျော့ပြန်လာမှုနဲ့ အတူ ဒီလို မိန်းကလေးအဆိုတော်တွေ ထွက်ပေါ်လာတဲ့ သီချင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့ပါပြီ။ ဒီသီချင်းကို ခင်ဘုဏ်းကိုယ်တိုင်ရေးသားထားပြီး အရင်က မိန်းကလေးပရိသတ်တွေ အကြိုက် ယုဇန၊ မေစပယ်ညို၊ ခင်ဘုဏ်း၊ ရေဗက္ကာဝင်းတို့ သီဆိုထားကြပါတယ်။

သီချင်းနာမည်ကိုတော့ သူတို့အားလုံးပေါက်တဲ့ သီချင်းနာမည်တွေ စုစည်းပြီး ““အရင်လို အသက်ရှုမဝတဲ့ ပဋိပက္ခ အလွမ်းနေ့ရက်ရှည်” လို့ ပေးထားပါတယ်။

ပိုပြီးပျော်ဖို့ ကောင်းတာက သီချင်းတင်မဟုတ်ဘဲ Music Video ပါ ထွက်ရှိလာတာမို့ Oldies မမတွေရဲ့ ပုံရိပ်တွေကိုပါ မြင်ရမှာပါ။ သီချင်းလေးကို နားဆင်ပြီးရင် အရင်တုန်းက ဘယ်သူ့ရဲ့ ပရိသတ်ဖြစ်ခဲ့တယ်ဆိုတာလေး ပြောပြပေးသွားပါဦး။

Yoe Lu (Akhayar)

www.akhayar.com

Source : Khin Bone Facebook Page