[Zawgyi]

ရဲလေးနဲ့ နင်ဇီမေတို့ ပူးတွဲဖန်တီးလိုက်တဲ့ နောက်ထပ်အဆွေးသီချင်းလေးတစ်ပုဒ်

အခုတလော ဂီတလှုပ်ရှားမှုတွေရော၊ ပရဟိတလှုပ်ရှားမှုတွေ အဆက်မပြတ်လုပ်နေတဲ့ ရဲလေးဆီကနေ သီချင်းအသစ်တွေကို ခပ်စိတ်စိတ်လေး ကြားလာရပါပြီ။ သီချင်းသစ်တွေကို တစ်လ တစ်ပုဒ်၊ နှစ်လ တစ်ပုဒ်လောက်နီးပါး ပရိသတ်တွေဆီ တင်ပေးနေတဲ့ ရဲလေးဆီကနေ အခုလည်း အချစ်အဆွေးသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ ‘နင်မရှိတဲ့နောက်’ ကို သြဂုတ်လ ၄ ရက် ၂၀၁၈ ခုနှစ်က ချပြလိုက်ပြန်ပါပြီ။

ဒီသီချင်းကို ရဲလေးက ရေးသားပြီး နင်ဇီမေနဲ့ ရဲလေးတို့က သီဆိုထားကြပါတယ်။ ဒီသီချင်းရဲ့ Music Video ကိုလည်း ရဲလေးနဲ့ နင်ဇီမေတို့က ကိုယ်တိုင်သရုပ်ဆောင်ထားကြပြီး ချစ်သူကောင်မလေးနဲ့ ပြန်တွေ့တဲ့အခါ သူ့ရဲ့ ကျန်းမာရေးမကောင်းပုံကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Nin Zi May

Nin Zi May

ဒီသီချင်းဟာ ရဲလေးနဲ့ နင်ဇီမေတို့ရဲ့ ‘ဟိုအရင်ကလို’ သီချင်း၊ ရဲလေးရေးသားပြီး နင်ဇီမေရော၊ ရဲလေးရော သီဆိုထားဖူးတဲ့ ‘အသည်းကွဲတယ်ဆိုတာ’ သီချင်းကို ကြိုက်နှစ်သက်သူတွေအတွက် ထပ်ပြီး ခံစားနားဆင်ရဦးမယ့် သီချင်းဖြစ်ပါတယ်။

အဲဒီ သီချင်း ၃ ပုဒ်ထဲက ဘယ်သီချင်းကို အကြိုက်ဆုံးလဲ ပရိသတ်ကြီး။

Yoe Lu (Akhayar)

www.akhayar.com

Soure : YLJK Entertainment

Photo Credit : Teen Radio