[Zawgyi] 

Google အေနနဲ႔ေတာ့ Nexus ဖုန္းေတြ ထုတ္တာရပ္လိုက္ၿပီးေနာက္ပိုင္း ကုမၸဏီေရွ႕ဆက္သြားတဲ့ လမ္းေၾကာင္းကိုေျပာင္းလိုက္ပါတယ္။ Nexus နာမည္ေအာက္မွာထုတ္ေနတဲ့ Phone ေတြ၊ Tablet ေတြအားလံုးကို ဆက္မထုတ္ေတာ့ဘဲ Pixel ဆိုတဲ့ Branding အသစ္ကို မိတ္ဆက္ခဲ့ပါတယ္။ Pixel ေအာက္မွာေတာ့ Pixel Phone ၊ Pixel C ၊ Pixel Buds နဲ႔ Pixelbook စတာေတြ ပါဝင္ခဲ့ပါတယ္။ Pixelbook ကိုေတာ့ ၂၀၁၇ မွာ Pixel 2 ဖုန္းနဲ႔အတူ မိတ္ဆက္ခဲ့ပါတယ္။ 

Pixelbook with Stylus

Pixelbook ေတြကေတာ့ Windows Laptop ေတြကို အစားထိုးဖို႔ဝင္ေရာက္လာတာမဟုတ္ပါဘူး။ Chrome OS ကိုအသံုးျပဳေပးထားတာေၾကာင့္ Andorid Tablet ေတြထက္ေတာ့ သံုးရတာပိုအဆင္ေျပပါတယ္။ Chorme OS မွာ Android App ေတြ အသံုးျပဳလာႏိုင္ၿပီျဖစ္တာေၾကာင့္ Android Tablet ေတြကို အစားထိုးလာႏိုင္မလားဆိုတဲ့ေမးခြန္းက စေနပါၿပီ။ Pixelbook ကေတာ့ Design ပိုင္းမွာေရာ Quality ပိုင္းမွာပါ အေကာင္းဆံုးလို႔ေျပာလို႔ရတဲ့ Chromebook ပဲျဖစ္ပါတယ္။ $999 နဲ႔ စေရာင္းတာျဖစ္တာေၾကာင့္ ေစ်းသက္သာတဲ့ Chromebook ေတာ့မဟုတ္ပါဘူး။ ဒီထက္ေစ်းအမ်ားႀကီးသက္သာတဲ့ Chromebook ေတြရွိေပမယ့္ Google ကထုတ္ေပးတဲ့ Quality ကိုလိုခ်င္တယ္ဆိုရင္ေတာ့ ေစ်းမ်ားတယ္လို႔ မဆိုသာပါဘူး။ 

အခု ၂၀၁၈ အတြက္ေတာ့ Pixelbook အသစ္ကို မိိတ္ဆက္ေပးဖို႔ Google က အဆင္သင့္ျဖစ္ေနပံုပါပဲ။ Twitter မွာ နာမည္ႀကီးတဲ့ Evan Blass ဆိုသူဆီကပဲ သတင္းထပ္ေပါက္လာပါတယ္။ Pixel 3 ကိုမိတ္ဆက္မယ့္ အခ်ိန္္မွာပဲ Second Generaiton Pixel Buds ေတြအျပင္ Pixelbook အသစ္ကိုပါ မိတ္ဆက္မယ္လို႔ သိရပါတယ္။ Pixelbook အသစ္မွာေတာ့ လက္ရွိ Pixelbook ထက္ ပိုပါးတဲ့ Display ေဘာင္ေတြကို ေတြ႕ရႏုိင္မွာျဖစ္ၿပီး ေစ်းကေတာ့အမ်ားႀကီး အေျပာင္းအလဲရွိႏိုင္မွာမဟုတ္ပါဘူး။ Android Tablet ေတြကို အစားထိုးႏုိင္ဖို႔အတြက္ Chromebook ေတြက ေစ်းကြက္မွာ အရင္ကထက္စိတ္ဝင္စားမႈမ်ားမ်ား ရလာေနပါၿပီ။ သင္ေရာ Android Tablet ေတြကို ေမ့ပစ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလား။ 

Ref: 9To5Google, Evan Blass

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Pixelbook အသစ်ကို ၂၀၁၈ အတွက် Google ထုတ်ပြလာမယ်လို့ သတင်းထွက်ပြီ

Google အနေနဲ့တော့ Nexus ဖုန်းတွေ ထုတ်တာရပ်လိုက်ပြီးနောက်ပိုင်း ကုမ္ပဏီရှေ့ဆက်သွားတဲ့ လမ်းကြောင်းကိုပြောင်းလိုက်ပါတယ်။ Nexus နာမည်အောက်မှာထုတ်နေတဲ့ Phone တွေ၊ Tablet တွေအားလုံးကို ဆက်မထုတ်တော့ဘဲ Pixel ဆိုတဲ့ Branding အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Pixel အောက်မှာတော့ Pixel Phone ၊ Pixel C ၊ Pixel Buds နဲ့ Pixelbook စတာတွေ ပါဝင်ခဲ့ပါတယ်။ Pixelbook ကိုတော့ ၂၀၁၇ မှာ Pixel 2 ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။ 

Pixelbook with Stylus

Pixelbook တွေကတော့ Windows Laptop တွေကို အစားထိုးဖို့ဝင်ရောက်လာတာမဟုတ်ပါဘူး။ Chrome OS ကိုအသုံးပြုပေးထားတာကြောင့် Andorid Tablet တွေထက်တော့ သုံးရတာပိုအဆင်ပြေပါတယ်။ Chorme OS မှာ Android App တွေ အသုံးပြုလာနိုင်ပြီဖြစ်တာကြောင့် Android Tablet တွေကို အစားထိုးလာနိုင်မလားဆိုတဲ့မေးခွန်းက စနေပါပြီ။ Pixelbook ကတော့ Design ပိုင်းမှာရော Quality ပိုင်းမှာပါ အကောင်းဆုံးလို့ပြောလို့ရတဲ့ Chromebook ပဲဖြစ်ပါတယ်။ $999 နဲ့ စရောင်းတာဖြစ်တာကြောင့် ဈေးသက်သာတဲ့ Chromebook တော့မဟုတ်ပါဘူး။ ဒီထက်ဈေးအများကြီးသက်သာတဲ့ Chromebook တွေရှိပေမယ့် Google ကထုတ်ပေးတဲ့ Quality ကိုလိုချင်တယ်ဆိုရင်တော့ ဈေးများတယ်လို့ မဆိုသာပါဘူး။ 

အခု ၂၀၁၈ အတွက်တော့ Pixelbook အသစ်ကို မိတ်ဆက်ပေးဖို့ Google က အဆင်သင့်ဖြစ်နေပုံပါပဲ။ Twitter မှာ နာမည်ကြီးတဲ့ Evan Blass ဆိုသူဆီကပဲ သတင်းထပ်ပေါက်လာပါတယ်။ Pixel 3 ကိုမိတ်ဆက်မယ့် အချိန်မှာပဲ Second Generaiton Pixel Buds တွေအပြင် Pixelbook အသစ်ကိုပါ မိတ်ဆက်မယ်လို့ သိရပါတယ်။ Pixelbook အသစ်မှာတော့ လက်ရှိ Pixelbook ထက် ပိုပါးတဲ့ Display ဘောင်တွေကို တွေ့ရနိုင်မှာဖြစ်ပြီး ဈေးကတော့အများကြီး အပြောင်းအလဲရှိနိုင်မှာမဟုတ်ပါဘူး။ Android Tablet တွေကို အစားထိုးနိုင်ဖို့အတွက် Chromebook တွေက ဈေးကွက်မှာ အရင်ကထက်စိတ်ဝင်စားမှုများများ ရလာနေပါပြီ။ သင်ရော Android Tablet တွေကို မေ့ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။ 

Ref: 9To5Google, Evan Blass

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။