[Zawgyi] 
Ref: Mac Rumors
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
Apple ရဲ့ ဈေးအသက်သာဆုံး MacBook ဖြစ်တဲ့ MacBook Air အသစ်ကို လာမယ့် WWDC မှာတွေ့ရမှာမဟုတ်ပါဘူး။ MacBook Air အသစ်ထုတ်လုပ်မှုကို 2018 နှစ်လယ်ပိုင်းကျော်မှ ပြန်စမယ်လို့သတင်းတွေထွက်နေပါတယ်။ 
MacBook Production at Foxconn Plant
Leak တွေနဲ့ပတ်သက်လို့ အမြဲလိုလိုသတင်းထွက်နေတဲ့အချိန်မှာ အခုသတင်းကတော့ MacBook Air ပရိတ်သတ်အတွက်တော့ စိတ်မကောင်းစရာပါ။ Apple အနေနဲ့ MacBook Air အသစ်ထုတ်လုပ်မှုမှာ လိုအပ်ချက်အနည်းငယ်နဲ့ ပြဿနာအချို့ရှိနေတာကြောင့် အခုလို အချိန်ရွေ့လိုက်တာပါ။ အဓိကပြဿနာကတော့ CPU ပိုင်းဖြစ်နိုင်တယ်လို့ သိရပါတယ်။ 13 Inch MacBook Air တွေက Apple ရဲ့အရောင်းရဆုံး MacBook Model ဆိုရင်လည်းမမှားပါဘူး။ အရင်ကလည်း MacBook Air အတွက် Retina Display ထည့်ပေးလာမယ်လို့ သတင်းထွက်ထားခဲ့ပေမယ့် Apple ရဲ့ဈေးအသက်သာဆုံး MacBook ဖြစ်နေတာကြောင့် Retina Display ထည့်ပေးလာဖို့ကတော့ ဖြစ်နိုင်ချေနည်းပါတယ်။ Retina Display ထည့်မယ်ဆိုရင် ထုတ်လုပ်မှုစားရိတ်ပိုမြင့်သွားမှာဖြစ်တာကြောင့် MacBook Air ကိုရောင်းချမယ့်ဈေးကလည်း များလာမှာပါ။ 
MacBook Air ကတော့ ကျောင်းသားတော်တော်များများကြားမှာ နာမည်ကြီးပါတယ်။ Apple ကနောက် MacBook Air ကိုထပ်ထုပ်ပေးဖို့တော့ မျှော်လင့်ချက်ကျန်ပါသေးတယ်။ ဈေးကိုလည်း $1000 မကျော်အောင်ထုတ်လုပ်မယ်လို့ သတင်းထွက်ပြီးသားပါ။  $1000 အောက်မှာ Retina Dispay ပါတဲ့ MacBook ကို Apple ကထုတ်ရောင်းမလားဆိုတာကတော့ အခုထိပြောရခက်တဲ့ကိစ္စတစ်ခုပါ။ ကျန်တဲ့အပိုင်းကို လေ ျှာ့ချမယ်ဆိုရင်တော့ Display အတွက် ပိုကောင်းအောင်လုပ်ပေးလာနိုင်ပါတယ်။ Retina Display မပါတာက အခြား MacBook တွေနဲ့ယှဉ်ရင် MacBook Air ကို ဈေးအသက်သာဆုံး MacBook တစ်လုံးဖြစ်စေသလို အားနည်းချက်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ Apple အနေနဲ့ ဘယ်လို MacBook Air အသစ်ကိုထုတ်ပြလာနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေတုန်းပါ။ 
Ref: Mac Rumors
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။