[Zawgyi] 



iPhone SE Leaked Photo



Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iPhone SE အသစ်ရဲ့ ဓာတ်ပုံတချို့ Online မှာသတင်းပြန့်နေ

4 Inch iPhone ဆိုတာ လက်ရှိ Apple ကထုတ်တဲ့ iPhone တွေထဲမှာ ဆိုဒ်အသေးဆုံးဖြစ်သလို ဈေးလည်းသက်သာပါတယ်။ iPhone 5 ရဲ့ Design အတိုင်းပဲ iPhone 5s နဲ့ iPhone SE ကိုဆက်လက်ထုတ်လုပ်ပေးခဲ့ပါတယ်။ အရွယ်အစားသေးငယ်တဲ့ iPhone လေးတွေကိုသဘောကျသူတွေအတွက် iPhone SE က Apple ရဲ့အဖြေပါ။ 

iPhone SE အသစ်ကို Apple  မေလထဲမှာ မိတ်ဆက်တော့မယ်လို့ သတင်းတွေထွက်နေခဲ့တာ ကြာပါပြီ။ လက်ရှိ iPhone SE ကိုင်နေတဲ့ Compact iPhone ပရိတ်သတ်ကတော့ iPhone SE အသစ်ကို စိတ်ဝင်စားမှုတွေပိုများလာပါပြီ။ iPhone SE နဲ့ပတ်သကလို့ အရင်က နောက်ဖက်အခြမ်းမှာ အသုံးပြုမယ့် Glass အချပ်တွေရဲ့ ဓာတ်ပုံတွေ Chinese Media Website တစ်ခုမှာ ဓာပုံတွေတ်ပြီး သတ်းဖြန့်ခဲ့ပါသေးတယ်။ 

iPhone SE Leaked Photo

အခုနောက်ဆုံး Onlline မှာပြန့်နေတဲ့ ဓာတ်ပုံတွေကတော့ iPhone SE အသစ်လို့ ယူဆရပါတယ်။ ကောလဟာလတွေအတိုင်း Glass ကိုသုံးထားတာဖြစ်ပါတယ်။ iPhone 8 နဲ့ iPhoen X တွေလိုမျိုးပဲ နောက်ကျောမှာ FCC Logo တွေနဲ့ အခြားစာတွေ မပါတော့ပဲ iPhone ဆိုတဲ့စာတဲ့ Apple Logo ပဲပါပါတယ်။ 3.5mm Headphone ပေါက်ကို ဖြုတ်မယ်လို့ သတင်းထွက်ထားပေမယ့် ဒီပုံအရဆိုရင်တော့ အဲ့ဒီသတင်းကလွဲနေပါတယ်။ 

အရင်က iPhone SE အတိုင်းပဲ ရှိနေမှာဖြစ်ပြီး လက်ရှိသတင်းပေါက်တဲ့ Design ကသေခြာတယ်လို့ယူဆလို့ရပါတယ်။ Apple က iPhone SE စထုတ်ကတည်းက iPhone 6s ရဲ့ Feature အချို့ကို iPhone SE မှာထည့်ပေးခဲ့ပါတယ်။ အခု iPhone SE အသစ်မှာလည်း iPhone 8 တို့ရဲ့ Feature တွေကိုထည့်ပေးလာနိုင်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ Wireless Charging ထည့်ပေးလာမှာကြောင့် နောက်ဖက်အတွက် Glass ကသုံးကိုသုံးရမှာပါ။ အခြားအပြောင်းအလဲတွေအနေနဲ့တော့ Touch ID ကို 2nd Generation ကိုပြောင်းလဲထည့်သွင်းပေးလာနိုင်ပါတယ်။ လက်ရှိ A9 Chip ရဲ့ နေရာမှာ A10 Fusion Chip ကို အဆင့်မြှင့်တင်ပေးလာမှာကတော့ သေခြာပါတယ်။ iPhone SE အသစ်ကိုတော့ လက်ရှိ iPhone SE ရဲ့ဈေးအတိုင်း Apple ကရောင်းချမယ်လို့ ခန့်မှန်းရပါတယ်။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။