[Zawgyi]





Ref: PC Mag

Min Than Htike (Akhayar)

www.akhayar.com


[Unicode]

2018 iPhone တွေမှာ Battery ဆိုဒ်ပိုကြီးလာနိုင်

2017 အတွက် Apple ရဲ့အကောင်းဆုံး iPhone ဖြစ်တဲ့ iPhone X ကတော့ Hardware ပိုင်းမှာနောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။ Logic Board ကိုကျစ်သွားအောင် နှစ်ထပ်လုပ်တာတင်မကပဲ Battery ကိုပါ Design ပြောင်းခဲ့တာပါ။ iPad နဲ့ MacBook တွေမှာပဲတွေ့ရတဲ့ Multiple Battery Design ကို ပထမဦးဆုံးအနေနဲ့ iPhone X မှာစတင်ခဲ့ပါတယ်။

iPhone တွေမှာ Battery Capacity (mAh) ကိုကြည့်လိုက်ရင်အမြဲနည်းပါတယ်။ iPhone 8 မှာ 1821mAh နဲ့ iPhone 8 Plus မှာ 2691mAh ဖြစ်ပါတယ်။ Battery Capacity နည်းပေမယ့် Software နဲ့ Hardware ပူးပေါင်းမှုမှာအရမ်းကောင်းတာကြောင့် iPhone အတွက် 1800mAh လောက်ကအဆင်ပြေပါတယ်။

နောက်ထွက်မယ့် iPhone တွေမှာတော့ iPhone X မှာသုံးထားတဲ့ “L” ပုံ Battery Design ကိုသုံးမယ်ဆိုရင် Battery Capacity ပိုများလာမှာဖြစ်တဲ့အတွက် ဖုန်းအသုံးပြုနိုင်တဲ့အချိန် ပိုများလာမှာပါ။ Display ကိုလည်း LG ရဲ့ နည်းပညာအသစ်ဖြစ်တဲ့ MLCD+ ကိုသုံးလာရင် Battery Life ကသိသိသာသာကြီးကောင်းလာမှာဖြစ်ပါတယ်။ Display ဆိုဒ်ကြီးလာနိုင်ပေမယ့် Battery စားတာသက်သာလာမှာဖြစ်ပါတယ်။ iPhone အသစ်တွေက အခုထက်ပိုကောင်းလာဖို့သေချာသလောက်ဖြစ်နေပါပြီ။Akhayar ပရိတ်သတ်ကြီးရော Battery အခုထက်ပိုကြာကြာခံတဲ့ဖုန်းတွေ နှစ်သက်မယ်လို့ထင်ပါတယ်။

Ref: PC Mag

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။