[Zawgyi] 

iPhone 8 က လက္ရွိအခ်ိန္မွာ လိုခ်င္စရာေကာင္းေနတုန္းဆိုေပမယ့္ iPhone X ရဲ႕ Design ေလာက္ေတာ့ ဆန္းသစ္မႈမရွိတာ အမွန္ပါပဲ။ လူအမ်ားက iPhone X ကို စိတ္ဝင္စားေနခ်ိန္မွာ iPhone 8 ေတြရဲ႕ Desgin ကလည္း ေခတ္မမီေတာ့ဘူးဆိုတဲ့အေတြးက ဝင္ၿပီးသားျဖစ္မွာပါ။ Apple အေနနဲ႔လည္း Home Button ပါတဲ့ iPhone ကိုထုတ္တာ iPhone 8 က ေနာက္ဆံုးျဖစ္မွာပါ။ 

Current iPhone X Models

လက္ရွိထြက္ထားတဲ့ သတင္းေတြအားလံုးက ၂၀၁၈ အတြက္ iPhone အသစ္ေတြက Home Button အတြက္ ေနရာမရွိေတာ့ေတာ့ ေရွ႕မ်က္ႏွာျပင္ျပည့္ Display Design ကိုပဲ အသံုးျပဳလာမယ္လို႔ သိထားပါတယ္။ အခုလို iPhone အသစ္ေတြနဲ႔ ပတ္သက္တဲ့ သတင္းအစအနေတြကိုေတာ့ တ႐ုတ္၊ ဂ်ပန္နဲ႔ ုဖုန္း Cover ထုတ္လုပ္တဲ့ စက္႐ံုေတာ္ေတာ္မ်ားမ်ားဆီက သတင္းထြက္ေလ့ရွိပါတယ္။ အခုတစ္ေခါက္မွာေတာ့ 9to5Mac က Video တစ္ခု သတင္းေပါက္ၾကားလာပါတယ္။ 

Full Screen whiteout Home Button

ေနာက္ထြက္မယ့္ iPhone ေတြက အခုလက္ရွိ iPhone 8 ေတြနဲ႔ ဘယ္လို Design ကြာသြားမလဲ၊ iPhone X ရဲ႕ Design ကိုေရာ ဘယ္အတိုင္းအတာအထိ ယူသံုးသြားမလဲဆိုတာကို အနည္းငယ္ေတာ့ မွန္းၾကည့္ႏိုင္ေစႏိုင္မယ့္ Video တစ္ခုပါ။ Video ထဲမွာေတာ့ iPhone အစစ္ရဲ႕ အ႐ြယ္အစားအတိုင္း တူညီတဲ့ Dummy ေတြကို ေတြ႕ရမွာပါ။ 

Video ထဲက အတိုင္း ေနာက္ထြက္မယ့္ iPhone Desgin ကို အတည္ယူလို႔ေတာ့ မရေသးပါဘူး။ Video ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ေနာက္ထြက္မယ့္ iPhone က ဘယ္လိုျဖစ္ႏိုင္မလဲဆိုတာ၊ ဘယ္အရြယ္ျဖစ္ႏိုင္မလဲဆိုတာကို ျမင္သာေစဖို႔သာ လုပ္ထားေပးတာပါ။ Design က Video ထဲက အတိုင္း အတိအက်ျဖစ္လာမယ္လို႔မဆိုလိုပါဘူး။ ထြက္ထားသမ်ွ သတင္းေတြ၊ ေကာလဟလေတြဆီက အခ်က္အလက္ေတြကို စုေဆာင္းၿပီးလုပ္ထားတဲ့ Dummy iPhone Model ေတြပါ။ သင့္အေနနဲ႔လည္း ေနာက္ထြက္မယ့္ iPhone က ဘယ္လို Design နဲလာႏိုင္မလဲဆိုတာ ခန္႔မွန္းလို႔ ရသြားမယ္လို႔ ထင္ပါတယ္။ 

Ref: Forbes, 9to5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

၂၀၁၈ အတွက် iPhone အသစ်တွေရဲ့ Design နဲ့ပတ်သက်လို့ Video တစ်ခုထွက်လာပြီ

iPhone 8 က လက်ရှိအချိန်မှာ လိုချင်စရာကောင်းနေတုန်းဆိုပေမယ့် iPhone X ရဲ့ Design လောက်တော့ ဆန်းသစ်မှုမရှိတာ အမှန်ပါပဲ။ လူအများက iPhone X ကို စိတ်ဝင်စားနေချိန်မှာ iPhone 8 တွေရဲ့ Desgin ကလည်း ခေတ်မမီတော့ဘူးဆိုတဲ့အတွေးက ဝင်ပြီးသားဖြစ်မှာပါ။ Apple အနေနဲ့လည်း Home Button ပါတဲ့ iPhone ကိုထုတ်တာ iPhone 8 က နောက်ဆုံးဖြစ်မှာပါ။

Current iPhone X Models

လက်ရှိထွက်ထားတဲ့ သတင်းတွေအားလုံးက ၂၀၁၈ အတွက် iPhone အသစ်တွေက Home Button အတွက် နေရာမရှိတော့တော့ ရှေ့မျက်နှာပြင်ပြည့် Display Design ကိုပဲ အသုံးပြုလာမယ်လို့ သိထားပါတယ်။ အခုလို iPhone အသစ်တွေနဲ့ ပတ်သက်တဲ့ သတင်းအစအနတွေကိုတော့ တရုတ်၊ ဂျပန်နဲ့ ုဖုန်း Cover ထုတ်လုပ်တဲ့ စက်ရုံတော်တော်များများဆီက သတင်းထွက်လေ့ရှိပါတယ်။ အခုတစ်ခေါက်မှာတော့ 9to5Mac က Video တစ်ခု သတင်းပေါက်ကြားလာပါတယ်။ 

Full Screen whiteout Home Button

နောက်ထွက်မယ့် iPhone တွေက အခုလက်ရှိ iPhone 8 တွေနဲ့ ဘယ်လို Design ကွာသွားမလဲ၊ iPhone X ရဲ့ Design ကိုရော ဘယ်အတိုင်းအတာအထိ ယူသုံးသွားမလဲဆိုတာကို အနည်းငယ်တော့ မှန်းကြည့်နိုင်စေနိုင်မယ့် Video တစ်ခုပါ။ Video ထဲမှာတော့ iPhone အစစ်ရဲ့ အရွယ်အစားအတိုင်း တူညီတဲ့ Dummy တွေကို တွေ့ရမှာပါ။ 

Video ထဲက အတိုင်း နောက်ထွက်မယ့် iPhone Desgin ကို အတည်ယူလို့တော့ မရသေးပါဘူး။ Video ရဲ့ ရည်ရွယ်ချက်ကတော့ နောက်ထွက်မယ့် iPhone က ဘယ်လိုဖြစ်နိုင်မလဲဆိုတာ၊ ဘယ်အရွယ်ဖြစ်နိုင်မလဲဆိုတာကို မြင်သာစေဖို့သာ လုပ်ထားပေးတာပါ။ Design က Video ထဲက အတိုင်း အတိအကျဖြစ်လာမယ်လို့မဆိုလိုပါဘူး။ ထွက်ထားသမျှ သတင်းတွေ၊ ကောလဟလတွေဆီက အချက်အလက်တွေကို စုဆောင်းပြီးလုပ်ထားတဲ့ Dummy iPhone Model တွေပါ။ သင့်အနေနဲ့လည်း နောက်ထွက်မယ့် iPhone က ဘယ်လို Design နဲလာနိုင်မလဲဆိုတာ ခန့်မှန်းလို့ ရသွားမယ်လို့ ထင်ပါတယ်။ 

Ref: Forbes, 9to5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။