[Zawgyi]

ေအာက္တိုဘာ ၃၀ ရက္ေန႔မွာ မိတ္ဆက္ေတာ့မယ့္ iPad အသစ္ေတြနဲ႔ပတ္သက္ၿပီး သတင္းေပါက္တာေတြက ရွိေနတုန္းပါပဲ။ ပဲြမစခင္အခ်ိန္အထိကေတာ့ သတင္းေပါက္ေနႏိုင္ဦးမွာျဖစ္လို႔ ေနာက္ဆံုးမွ ထြက္တဲ့သတင္းေတြက နီးစပ္မႈမ်ားသလို၊ တိက်မႈလည္း ရွိပါတယ္။ 

Leaked iPad design

အခုေတာ့ သတင္းေပါက္လာတာက တျခားေနရာကမဟုတ္ဘဲ iOS ထဲမွာပါလာတာပါ။ Apple က iOS Version ေတြကို Beta Version ေတြ ထုတ္ေပးေလ့ရွိပါတယ္။ အရင္က iOS 12 Beta မွာလည္း အခုလို iPad အသစ္ရဲ႕ Icon တစ္ခုကို ေတြ႔ခဲ့ရေပမယ့္ အခုထြက္လာတဲ့ ပံုေလာက္ေတာ့ သိပ္ၿပီး အေသးစိတ္မျမင္ရပါဘူး။ Battery Widget လိုေနရာမ်ိဳးမွာ ျပေပးဖို႔ Icon အ႐ြယ္ေလာက္ပဲ ျဖစ္တာေၾကာင့္ အေသးစိတ္ မျမင္ရတာပါ။ 

Leaked small icon design

iPad အသစ္ကိုေတြ႕ရတာကေတာ့ လက္ရွိ iPhone Design ေတြလိုပဲ Home Button မပါေတာ့တဲ့ Screen အျပည့္ Design နဲ႔ပါ။ အခု iPad အသစ္ေတြမွာေတာ့ Apple က iPhone ေတြမွာလိုပဲ Touch ID အစား Face ID ကုိ ထည့္ေပးလာမယ္ဆိုတဲ့အခ်က္ကလည္း အခု Design ကို ၾကည့္ရင္ ေသခ်ာေနပါၿပီ။ iPad ေတြမွာေတာ့ iPhone ေတြမွာလို Notch ေတာ့ မပါပါဘူး။ အေၾကာင္းကေတာ့ iPad ေတြရဲ႕ ေဘးေဘာင္ေတြက iPhone ေတြထက္ ပိုၿပီးထူေနေသးတာေၾကာင့္ Face ID အတြက္ လိုအပ္တဲ့ Camera ေတြနဲ႔ Sensor ေတြကို Display ေဘးက ေဘာင္ထဲမွာပဲ ထည့္ထားလို႔ရေနတဲ့အတြက္ပါ။

Notch on iPhone

iPad ေတြမွာ ပါလာမယ့္ Face ID နဲ႔ပတ္သက္ၿပီး ထူးျခားခ်က္တစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ iPad ကို အလ်ားလိုက္သံုးသံုး၊ ေဒါင္လိုက္သံုးသံုး Face ID က အလုပ္လုပ္ေပးမွာျဖစ္တယ္လို႔လည္း သတင္းေပါက္ထားပါေသးတယ္။ အခုလို သတင္းေပါက္တာက ဒါပထမဦးဆံုးအႀကိမ္မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ကလည္း iPhone X ရဲ႕ Design အသစ္က အခုလိုပဲ သတင္းေပါက္ခဲ့တာျဖစ္ၿပီး တကယ္ထြက္လာေတာ့လည္း ပံုထဲကအတိုင္း အတူတူျဖစ္ေနခဲ့လို႔ အခု iPad ကလည္း Design ေျပာင္းမယ္ဆိုတာက ျငင္းစရာမရွိေတာ့ပါဘူး။ iPad အသစ္ေတြမွာ Design အျပင္ ဘာေတြေျပာင္းသြားၿပီး၊ ဘာေတြ အသစ္ထပ္ပါလာမလဲဆိုတာ မနက္ျဖန္ ည ၈ နာရီခြဲမွာ ေစာင့္ၾကည့္ႏိုင္ပါတယ္။ 

Ref: 9To5Mac

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

iOS Beta ကနေ သတင်းပေါက်လာတဲ့ iPad Design အသစ်

အောက်တိုဘာ ၃၀ ရက်နေ့မှာ မိတ်ဆက်တော့မယ့် iPad အသစ်တွေနဲ့ပတ်သက်ပြီး သတင်းပေါက်တာတွေက ရှိနေတုန်းပါပဲ။ ပွဲမစခင်အချိန်အထိကတော့ သတင်းပေါက်နေနိုင်ဦးမှာဖြစ်လို့ နောက်ဆုံးမှ ထွက်တဲ့သတင်းတွေက နီးစပ်မှုများသလို၊ တိကျမှုလည်း ရှိပါတယ်။ 

Leaked iPad design

အခုတော့ သတင်းပေါက်လာတာက တခြားနေရာကမဟုတ်ဘဲ iOS ထဲမှာပါလာတာပါ။ Apple က iOS Version တွေကို Beta Version တွေ ထုတ်ပေးလေ့ရှိပါတယ်။ အရင်က iOS 12 Beta မှာလည်း အခုလို iPad အသစ်ရဲ့ Icon တစ်ခုကို တွေ့ခဲ့ရပေမယ့် အခုထွက်လာတဲ့ ပုံလောက်တော့ သိပ်ပြီး အသေးစိတ်မမြင်ရပါဘူး။ Battery Widget လိုနေရာမျိုးမှာ ပြပေးဖို့ Icon အရွယ်လောက်ပဲ ဖြစ်တာကြောင့် အသေးစိတ် မမြင်ရတာပါ။ 

Leaked small icon design

iPad အသစ်ကိုတွေ့ရတာကတော့ လက်ရှိ iPhone Design တွေလိုပဲ Home Button မပါတော့တဲ့ Screen အပြည့် Design နဲ့ပါ။ အခု iPad အသစ်တွေမှာတော့ Apple က iPhone တွေမှာလိုပဲ Touch ID အစား Face ID ကို ထည့်ပေးလာမယ်ဆိုတဲ့အချက်ကလည်း အခု Design ကို ကြည့်ရင် သေချာနေပါပြီ။ iPad တွေမှာတော့ iPhone တွေမှာလို Notch တော့ မပါပါဘူး။ အကြောင်းကတော့ iPad တွေရဲ့ ဘေးဘောင်တွေက iPhone တွေထက် ပိုပြီးထူနေသေးတာကြောင့် Face ID အတွက် လိုအပ်တဲ့ Camera တွေနဲ့ Sensor တွေကို Display ဘေးက ဘောင်ထဲမှာပဲ ထည့်ထားလို့ရနေတဲ့အတွက်ပါ။ 

Notch on iPhone

iPad တွေမှာ ပါလာမယ့် Face ID နဲ့ပတ်သက်ပြီး ထူးခြားချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ iPad ကို အလျားလိုက်သုံးသုံး၊ ဒေါင်လိုက်သုံးသုံး Face ID က အလုပ်လုပ်ပေးမှာဖြစ်တယ်လို့လည်း သတင်းပေါက်ထားပါသေးတယ်။ အခုလို သတင်းပေါက်တာက ဒါပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း iPhone X ရဲ့ Design အသစ်က အခုလိုပဲ သတင်းပေါက်ခဲ့တာဖြစ်ပြီး တကယ်ထွက်လာတော့လည်း ပုံထဲကအတိုင်း အတူတူဖြစ်နေခဲ့လို့ အခု iPad ကလည်း Design ပြောင်းမယ်ဆိုတာက ငြင်းစရာမရှိတော့ပါဘူး။ iPad အသစ်တွေမှာ Design အပြင် ဘာတွေပြောင်းသွားပြီး၊ ဘာတွေ အသစ်ထပ်ပါလာမလဲဆိုတာ မနက်ဖြန် ည ၈ နာရီခွဲမှာ စောင့်ကြည့်နိုင်ပါတယ်။ 

Ref: 9To5Mac

Min Than Htike (Akhayar)

www.akhayar.com