၂၀၁၇ခုနှစ် နှစ်ဆန်း ၃လအတွင်းမှာ ထွက်ဖို့ သတင်းပြေးနေတဲ့ Samsung ရဲ့ Galaxy S8 ဖုန်းဟာ ပြိုင်ဘက်ဖြစ်တဲ့ Apple ကို အပြတ်အသတ်ကျော်တက်ဖို့အတွက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ Apple ရဲ့ ပစ္စည်းတွေမှာ ပါဝင်ခြင်းမရှိသေးတဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပြီးတော့ ဖုန်းပြိုင်ပွဲမှာ ရှေ့တန်းရောက်အောင် Samsung ဟာ အသဲအသန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက အဓိက စမတ်ဖုန်းဖြစ်တဲ့ Galaxy S နဲ့ Galaxy Note အမျိုးအစားတွေဟာ တဖြည်းဖြည်းကျယ်ပြန့်လာပြီး လုပ်ဆောင်ချက်တွေလည်း ကောင်းသည်ထက်ကောင်းမွန်လာခဲ့ပါတယ်။ Forbes မဂ္ဂဇင်းကြီးရဲ့ ရေးသားချက်အရ Samsung ဟာ S8 ဗားရှင်းကို Microsoft ရဲ့ Windows ကွန်ပျူတာတွေလို လုပ်ဆောင်နိုင်အောင်ပါ ပြုလုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

s8-desktop-feature

ပေါက်ကြားလာတဲ့ ပုံတစ်ပုံအရ Samsung ဟာ S8 ကို Desktop တွေနဲ့ တွဲဖက်အသုံးပြုနိုင်လောက်မယ့် ကွန်ပျူတာ တစ်လုံးအထိ ဖြစ်လာအောင် ရည်ရွယ်နေတာဟာ သိသာထင်ရှားစေခဲ့ပါတယ်။ ပုံထဲမှာ Galaxy S8 ဖုန်းကို Monitor, Keyboard နဲ့ Mouse တို့နဲ့ တွဲဖက်အသုံးပြုထားတဲ့ ပုံစံတစ်ခုကို ပုံဖော်ခဲ့တာပါ။ ဒါကြောင့် Android စနစ်သုံး ဖုန်းအနေနဲ့ လုပ်ဆောင်ချက် အမိုက်စား ‘Extended Workspace’ အဖြစ်ပါ Desktop နယ်ပယ်အတွင်းကို တိုးဝင်လာခဲ့တာဖြစ်ပါတယ်။

Window စနစ်သုံး မိုဘိုင်းဖုန်းတွေ တွင်ကျယ်ခြင်းမရှိတာကို အခွင့်ကောင်းယူပြီး ပြုလုပ်လာနိုင်တဲ့ Samsung Galaxy S8 ဟာ Desktop ကွန်ပျူတာတွေအတွက်ပါ သွေးပျက်စရာ ဖြစ်လာအောင် ခြိမ်းခြောက်လာခဲ့ပြန်ပါတယ်။

Microsoft အနေနဲ့လည်း ဒီလိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းဖို့အတွက် ရည်ရွယ်နေတာဖြစ်ညပီး Universal Windows Apps တစ်ခုကို လာမယ့် နှစ်ပိုင်းတွေမှာ ထုတ်လုပ်ဖို့ စီစဉ်နေပြီး ဒါဟာဆိုရင်တော့ ARM chips တွေနဲ့ Windows 10 စနစ်ကို မိုဘိုင်းလ်ပစ္စည်းတွေမှာ အပြည့်အဝအလုပ်လုပ်နိုင်ဖို့အတွက် စီစဉ်နေခဲ့တာဖြစ်ပါတယ်။

Ref: Forbes, BGR