[Zawgyi]

Screen တဝက္တိတိ ေခါက္ခ်ိဳးထားလို႔ရတဲ့ Galaxy F စမတ္ဖုန္း ပုံရိပ္ထြက္ေပၚ

Samsung အေနနဲ႔ လာမယ့္ႏွစ္ထဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္း ထုတ္ေတာ့မယ္လို႔ သတင္းထြက္ထားတဲ့အတိုင္း Screen တဝက္တိတိ ေခါက္ခ်ိဳးျပထားတဲ့ Galaxy F ပုံရိပ္တခ်ိဳ႕ NieuwMobiel ဆိုတဲ့ ဒတ္ခ်္ Website တစ္ခုမွာ ထြက္ေပၚလာခဲ့ျပီ ျဖစ္ပါတယ္။ ဒီသတင္းေၾကာင့္ Samsung CEO အေနနဲ႔ ေခါက္ခ်ိဳး စမတ္ဖုန္း ထုတ္ေတာ့မယ္လို႔ အတည္ျပဳလုိက္ျပီ ျဖစ္သလို ျမင္ေတြ႔လုိက္ရတဲ့ Foldable Concept ဒီဇိုင္းက တကယ့္ကို အထင္ၾကီးစရာၾကီးပါ။

Completely Flexible Design

ဒီလို Concept ပုံအတိုင္း ေခါက္ခ်ိဳးထားလို႔ရမယ့္ Display ကို အရင္တခါ Samsung Display မိတ္ဆက္လိုက္တဲ့ Foldable OLED Panel သုံးလာႏိုင္ပါတယ္။ အခုလို Screen အျပည့္ Display ကိုမွ တဝက္ထိထိ ေခါက္ထားလို႔ရမယ့္ အခ်က္က အရမ္း Flexible ဆန္ျပီး ေခါက္သိမ္းထားလို႔ ရမယ္ထင္ပါတယ္။ မၾကာေသးခင္ကလည္း Screen ေကြးေခါက္ထားတဲ့အခါ ရိုက္ကူးလို႔ရမယ့္ ကင္မရာမူပိုင္ခြင့္ Samsung တင္ထားခဲ့ျပီးျပီ ျဖစ္တဲ့အတြက္ ေကာလာဟလအရ Dual Lens ကင္မရာ အသုံးျပဳလာဖြယ္ ရွိတယ္လို႔ သိရပါတယ္။

Foldable Galaxy F Concept

ကြ်မ္းက်င္သူေတြ အဆိုအရ Screen ဖြင့္ထားခ်ိန္နဲ႔ ေခါက္ထားခ်ိန္ေတြမွာ အထိန္းတခုအေနနဲ႔ Display ထဲမွာ Mechanism Hinge ပါဝင္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။ လတ္တေလာ သတင္းေတြအရ Galaxy F မွာ Snapdragon 855 Processor သုံးလာဖြယ္ရွိေနပါတယ္။ Display အရြယ္အစားနဲ႔ ပတ္သက္လို႔ အေသးစိတ္ မသိရေသးေပမယ့္ 7.3″ ရွိမယ္လို႔ ခန္႔မွန္းရပါတယ္။ ေနာက္ျပီး Samsung သီးသန္႔ဖန္တီးထားမယ့္ GPU အသစ္နဲ႔ 5G နည္းပညာေတြ ပါဝင္လာႏိုင္ေသးျပီး Gaming နဲ႔ VR ပိုင္းမွာ Resolution ျမင့္ျမင့္ ကိုင္တြယ္လာႏိုင္မယ္လို႔ ေျပာဆိုေနၾကပါတယ္။ ဒါေတြျပီးသြားရင္ In-display Fingerprint Sensor လည္း ပါဝင္လာႏိုင္ေသးျပီး ကြ်မ္းက်င္သူေတြအဆိုရ Galaxy F ေစ်းႏႈန္းက ေဒၚလာ ၁၅၀၀ အထက္ ရွိႏိုင္တယ္လို႔ သိရပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

Screen တဝက်တိတိ ခေါက်ချိုးထားလို့ရတဲ့ Galaxy F စမတ်ဖုန်း ပုံရိပ်ထွက်ပေါ်

Samsung အနေနဲ့ လာမယ့်နှစ်ထဲမှာ ခေါက်ချိုး စမတ်ဖုန်း ထုတ်တော့မယ်လို့ သတင်းထွက်ထားတဲ့အတိုင်း Screen တဝက်တိတိ ခေါက်ချိုးပြထားတဲ့ Galaxy F ပုံရိပ်တချို့ NieuwMobiel ဆိုတဲ့ ဒတ်ချ် Website တစ်ခုမှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီသတင်းကြောင့် Samsung CEO အနေနဲ့ ခေါက်ချိုး စမတ်ဖုန်း ထုတ်တော့မယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်သလို မြင်တွေ့လိုက်ရတဲ့ Foldable Concept ဒီဇိုင်းက တကယ့်ကို အထင်ကြီးစရာကြီးပါ။

Completely Flexible Design

ဒီလို Concept ပုံအတိုင်း ခေါက်ချိုးထားလို့ရမယ့် Display ကို အရင်တခါ Samsung Display မိတ်ဆက်လိုက်တဲ့ Foldable OLED Panel သုံးလာနိုင်ပါတယ်။ အခုလို Screen အပြည့် Display ကိုမှ တဝက်ထိထိ ခေါက်ထားလို့ရမယ့် အချက်က အရမ်း Flexible ဆန်ပြီး ခေါက်သိမ်းထားလို့ ရမယ်ထင်ပါတယ်။ မကြာသေးခင်ကလည်း Screen ကွေးခေါက်ထားတဲ့အခါ ရိုက်ကူးလို့ရမယ့် ကင်မရာမူပိုင်ခွင့် Samsung တင်ထားခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ကောလာဟလအရ Dual Lens ကင်မရာ အသုံးပြုလာဖွယ် ရှိတယ်လို့ သိရပါတယ်။

Foldable Galaxy F Concept

ကျွမ်းကျင်သူတွေ အဆိုအရ Screen ဖွင့်ထားချိန်နဲ့ ခေါက်ထားချိန်တွေမှာ အထိန်းတခုအနေနဲ့ Display ထဲမှာ Mechanism Hinge ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ လတ်တလော သတင်းတွေအရ Galaxy F မှာ Snapdragon 855 Processor သုံးလာဖွယ်ရှိနေပါတယ်။ Display အရွယ်အစားနဲ့ ပတ်သက်လို့ အသေးစိတ် မသိရသေးပေမယ့် 7.3″ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ နောက်ပြီး Samsung သီးသန့်ဖန်တီးထားမယ့် GPU အသစ်နဲ့ 5G နည်းပညာတွေ ပါဝင်လာနိုင်သေးပြီး Gaming နဲ့ VR ပိုင်းမှာ Resolution မြင့်မြင့် ကိုင်တွယ်လာနိုင်မယ်လို့ ပြောဆိုနေကြပါတယ်။ ဒါတွေပြီးသွားရင် In-display Fingerprint Sensor လည်း ပါဝင်လာနိုင်သေးပြီး ကျွမ်းကျင်သူတွေအဆိုရ Galaxy F ဈေးနှုန်းက ဒေါ်လာ ၁၅၀၀ အထက် ရှိနိုင်တယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com