[Zawgyi]

Penshoppe ရဲ႕အထာက်က် လူငယ္ Brand Endorser (၄) ေယာက္

ဘယ္ Brand မဆုိ လုိက္ဖက္တဲ့ Concept ေတြ၊ Fashion ေတြနဲ႔အတူ ပရိသတ္ေတြ လက္ခံမႈမ်ားတဲ့ Influencer ေတြ၊ Celebrity ေတြ ပါ၀င္ရိုက္ကူးထားတဲ့ Campaign Photo ေတြက တဆင့္ ပရိသတ္ကို အာရံု ဖမ္းစားရတာလည္း ဖက္ရွင္စီးပြားေရးတစ္ခုပါ။ Celebrity ဆုိတဲ့ေနရာမွာလည္း Campaign Photo မွာ ပါ၀င္မယ့္ သူက လူခ်စ္လူခင္မ်ားဖုိ႔လိုသလို Brand ရဲ႕ Concept ၊ Taste နဲ႔ လိုက္ဖက္တဲ့ အျပင္ Fashionista ျဖစ္မွသာ အဆင္ေျပမွာျဖစ္ပါတယ္။ အခုေျပာျပေပးမွာက ျပည္တြင္းမွာ  ရင္းနွီးၿပီးသား Brand ျဖစ္တဲ့ Penshoppe ရဲ႕  Campaign မွာ ပါ၀င္လာတဲ့ အမိုက္စား လူငယ္ Celebrity ေလးေယာက္နဲ႔ သူတို႔ရဲ႕ Campaign ေတြ အေၾကာင္းပါ။

Zayn Malik

Zayn Malik

Zayn Malik
Penshoppe ရဲ႕ Endorser အမ်ိဳးသား ေငြၾကယ္ပြင့္ေတြထဲမွာ Zayn Malik ဟာ တစ္ေယာက္ အပါအ၀င္ျဖစ္ပါတယ္။ Malik ဟာ ၂၀၁၂ တုန္းက Penshoppe အတြက္ One Direction အဖြဲ႕၀င္ေတြနဲ႔အတူ ရိုက္ကူးခဲ့ဖူးသလို အဖြဲ႔ကေန ထြက္ခြာၿပီးတဲ့ေနာက္ ၂၀၁၈ မွာ Brand Endorser တစ္ေယာက္အျဖစ္ ပါ၀င္လာခဲ့သူပါ။

Zayn Malik

Zayn Malik

Zayn Malik ဟာ Penshoppe ရဲ႕Denim Lab နဲ႔ Spring Summer 2018 Collection ေတြအတြက္ ပါ၀င္ေပးခဲ့ၿပီး Malik ကို အေရာင္ေတာက္ေတြ၊ ခပ္ထင္းထင္းပြင့္ရိုက္ေတြ၊သက္ေတာင့္သက္သာ ရွိတဲ့ လူငယ္ဆန္ဆန္ စတိုင္လ္ေတြနဲ႔ ေတြ႔ရမွာပါ။ ဒါ့အျပင္ ေကာင္မေလးေတြကို ဆြဲေဆာင္ႏုိင္တဲ့ အထာက်က် ေကာင္ေလးတစ္ေယာက္အသြင္ကိုလည္း ျမင္ရမွာျဖစ္သလို  Penshoppe ရဲ႕ Hoodie ေတြ၊ ပြင့္ရိုက္ရွပ္ေတြ၊ တီရွပ္စင္းေလးေတြ ဘာပဲ၀တ္လုိက္၀တ္လုိက္ Zayn တစ္ေယာက္နဲ႔ အရမ္းလိုက္ဖက္ေနတာ ျငင္းလုိ႔မရပါဘူး။

Nam Joo Hyuk

Nam Joo Hyuk

Nam Joo Hyuk
ရွားရွားပါးပါး Mario Maurer ၿပီးတဲ့ေနာက္မွာ Asian ထဲက Brand Endorser ျဖစ္လာတဲ့သူက Nam Joohyuk ပါ။“Weightlifting Fairy Kim Bok Joo” ဇာတ္ကားနဲ႔ ေကာင္မေလးေတြ အသည္းစြဲျဖစ္လာတဲ့ Nam Joohyuk ဟာ Denim Lab ၊Penshoppe Holiday 2017 Collection နဲ႔ Spring Summer 2018 Collection စတဲ့ Campaign ေတြအတြက္ ပါ၀င္ရိုက္ကူးခဲ့သလို မ်က္ႏွာသစ္ Endorser တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

Nam Joo Hyuk

Nam Joo Hyuk

Nam Joo Hyuk ကိုေတာ့ Retro ဆန္တဲ့ Sweatshirtေတြ၊ track pants ေတြနဲ႔ hoodies ေတြ၊ လူငယ္ဆန္ၿပီး ကိုရီးယားဆန္တဲ့ ဖက္ရွင္ေတြနဲ႔ အမ်ားဆံုးေတြ႔ရမွာပါ။ ဒီႏွစ္ပိုင္းမွာ ေကာင္ေလးေတြ အ၀တ္မ်ားတဲ့ စတိုင္လ္နဲ႔ ေပါင္းစပ္ရိုက္ကူးထားတယ္လို႔ဆိုလည္း မမွားပါဘူး။ သူ႔လို ခ်စ္စရာေကာင္းတဲ့ ပံုစံေလးနဲ႔လည္း အရမ္းကို လိုက္ဖက္သြားတာေပါ့။

Jordan Barrett

Jordan Barrett

Jordan Barrett
ၾသစေၾတးလ် ဖက္ရွင္ေမာ္ဒယ္လ္လည္းျဖစ္၊ 2016 မွာလည္း “Model of the Year ” အျဖစ္ေရြးျခင္းခံရတဲ့ Jordan Barrett ဟာ Penshoppe ရဲ႕ မ်က္ႏွာသစ္ Brand Endorser တစ္ေယာက္ျဖစ္ပါတယ္။ Jordan Barrett ပါ၀င္ထားတာက Penshoppe ရဲ႕ Spring Summer 2018 collection အတြက္ပါ။ ဒီ Collection မွာဆိုရင္ အရမ္းကို ေပါ့ပါးၿပီး သက္ေတာင့္သက္သာျဖစ္တဲ့ ၀တ္စံုေတြပါ၀င္သလို ေတာက္ပၿပီးအေရာင္စံုတဲ့ အဆင္ေတြ၊ Printed ဒီဇိုင္းေတြပါ၀င္ပါတယ္။

Jordan Barrett

Jordan Barrett

ပြင့္ရိုက္ ရွပ္အက်ၤ ီကို ရင္ဘတ္နားမွာ ၾကယ္သီးျဖဳတ္ ၀တ္ထားတာတို႔၊ လိုင္းစင္းမ်ိဳးစံုကို လုိက္ဖက္ေအာင္ တြဲ၀တ္ထားတာတို႔ေၾကာင့္ Jordan Barrett ဟာ ဆြဲေဆာင္မႈအျပည့္ျဖစ္ေနသလို Spring Summer 2018 collection မွာ Festival Vibe ကိုပါေပးႏုိင္မယ့္ အ၀တ္အစားေတြ အမ်ားႀကီးပါ၀င္မွာျဖစ္ပါတယ္။

Paris Jackson

Paris Jackson

Paris Jackson
နာမည္ေက်ာ္ အဆုိေတာ္ Michael Jackson ရဲ႕ သမီးျဖစ္တဲ့ Paris Jackson က Penshoppe ရဲ႕ ေနာက္ဆံုးမ်က္ႏွာသစ္ Endorser ျဖစ္လာသူေလးပါ။ Paris Jackson ဟာ Penshoppe ရဲ႕ Pre-Holiday 2018 Campaign မွာ ပါ၀င္ခဲ့ၿပီးေတာ့ ေနာက္ဆံုး Collection မွာ ထြက္ရွိမယ့္ လိုင္းစင္း၀တ္စံုေတြ၊ အကြက္ေတြကို ေရာယွက္ၿပီး ၀တ္ဆင္ထားတာပါ။

Paris Jackson

Paris Jackson

ဒီ Campaign မွာ မိန္းမဆန္ဆန္မဟုတ္ဘဲ လူငယ္ဆန္ဆန္ သြက္လက္ေခတ္မွီမႈေတြနဲ႔ ခပ္မုိက္မိုက္ ေကာင္မေလး Paris Jackson ကို ျမင္ရမွာျဖစ္ပါတယ္။Crop Top ဆန္ဆန္လိုင္းစင္း Hoodie ေတြ၊ လိုဂိုပါတဲ့ တီရွပ္ေတြ၊ အကြက္ဘေလဇာေတြနဲ႔ လိုင္းစင္း ၀တ္စံုေတြ ေတာ္ေတာ္မ်ားမ်ား Pre-Holiday 2018 Collection မွာ ပါ၀င္မွာပါ။

သူတို႔ေလးေယာက္စလံုးက Penshoppe ရဲ႕ ၀တ္စံုေတြနဲ႔ လိုက္ဖက္သလို တကယ္ အထာက်ၾကတယ္မဟုတ္လား။

Penshoppe

Penshoppe

ေၾသာ္ ဒါနဲ႔ Penshoppe ရဲ႕ ေလးဆိုင္ေျမာက္ဆိုင္ခြဲကို ေအာက္တိုဘာလ ၆ ရက္ေန႔မွာ ထပ္ဖြင့္ေတာ့မွာပါ။ Soft Opening လုပ္မယ့္ ဆိုင္ခြဲသစ္ေလးကေတာ့ Myanmar Plaza မွာေနာ္။

Su Yi Htet (Akhayar)
[Unicode]

Penshoppe ရဲ့အထာကျကျ လူငယ် Brand Endorser (၄) ယောက်

ဘယ် Brand မဆို လိုက်ဖက်တဲ့ Concept တွေ၊ Fashion တွေနဲ့အတူ ပရိသတ်တွေ လက်ခံမှုများတဲ့ Influencer တွေ၊ Celebrity တွေ ပါဝင်ရိုက်ကူးထားတဲ့ Campaign Photo တွေက တဆင့် ပရိသတ်ကို အာရုံ ဖမ်းစားရတာလည်း ဖက်ရှင်စီးပွားရေးတစ်ခုပါ။ Celebrity ဆိုတဲ့နေရာမှာလည်း Campaign Photo မှာ ပါဝင်မယ့် သူက လူချစ်လူခင်များဖို့လိုသလို Brand ရဲ့ Concept ၊ Taste နဲ့ လိုက်ဖက်တဲ့ အပြင် Fashionista ဖြစ်မှသာ အဆင်ပြေမှာဖြစ်ပါတယ်။ အခုပြောပြပေးမှာက ပြည်တွင်းမှာ ရင်းနှီးပြီးသား Brand ဖြစ်တဲ့ Penshoppe ရဲ့ Campaign မှာ ပါဝင်လာတဲ့ အမိုက်စား လူငယ် Celebrity လေးယောက်နဲ့ သူတို့ရဲ့ Campaign တွေ အကြောင်းပါ။

Zayn Malik

Zayn Malik

Zayn Malik
Penshoppe ရဲ့ Endorser အမျိုးသား ငွေကြယ်ပွင့်တွေထဲမှာ Zayn Malik ဟာ တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ Malik ဟာ ၂၀၁၂ တုန်းက Penshoppe အတွက် One Direction အဖွဲ့ဝင်တွေနဲ့အတူ ရိုက်ကူးခဲ့ဖူးသလို အဖွဲ့ကနေ ထွက်ခွာပြီးတဲ့နောက် ၂၀၁၈ မှာ Brand Endorser တစ်ယောက်အဖြစ် ပါဝင်လာခဲ့သူပါ။

Zayn Malik

Zayn Malik

Zayn Malik ဟာ Penshoppe ရဲ့Denim Lab နဲ့ Spring Summer 2018 Collection တွေအတွက် ပါဝင်ပေးခဲ့ပြီး Malik ကို အရောင်တောက်တွေ၊ ခပ်ထင်းထင်းပွင့်ရိုက်တွေ၊သက်တောင့်သက်သာ ရှိတဲ့ လူငယ်ဆန်ဆန် စတိုင်လ်တွေနဲ့ တွေ့ရမှာပါ။ ဒါ့အပြင် ကောင်မလေးတွေကို ဆွဲဆောင်နိုင်တဲ့ အထာကျကျ ကောင်လေးတစ်ယောက်အသွင်ကိုလည်း မြင်ရမှာဖြစ်သလို Penshoppe ရဲ့ Hoodie တွေ၊ ပွင့်ရိုက်ရှပ်တွေ၊ တီရှပ်စင်းလေးတွေ ဘာပဲဝတ်လိုက်ဝတ်လိုက် Zayn တစ်ယောက်နဲ့ အရမ်းလိုက်ဖက်နေတာ ငြင်းလို့မရပါဘူး။

Nam Joo Hyuk

Nam Joo Hyuk

Nam Joo Hyuk
ရှားရှားပါးပါး Mario Maurer ပြီးတဲ့နောက်မှာ Asian ထဲက Brand Endorser ဖြစ်လာတဲ့သူက Nam Joohyuk ပါ။“Weightlifting Fairy Kim Bok Joo” ဇာတ်ကားနဲ့ ကောင်မလေးတွေ အသည်းစွဲဖြစ်လာတဲ့ Nam Joohyuk ဟာ Denim Lab ၊Penshoppe Holiday 2017 Collection နဲ့ Spring Summer 2018 Collection စတဲ့ Campaign တွေအတွက် ပါဝင်ရိုက်ကူးခဲ့သလို မျက်နှာသစ် Endorser တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Nam Joo Hyuk

Nam Joo Hyuk

Nam Joo Hyuk ကိုတော့ Retro ဆန်တဲ့ Sweatshirtတွေ၊ track pants တွေနဲ့ hoodies တွေ၊ လူငယ်ဆန်ပြီး ကိုရီးယားဆန်တဲ့ ဖက်ရှင်တွေနဲ့ အများဆုံးတွေ့ရမှာပါ။ ဒီနှစ်ပိုင်းမှာ ကောင်လေးတွေ အဝတ်များတဲ့ စတိုင်လ်နဲ့ ပေါင်းစပ်ရိုက်ကူးထားတယ်လို့ဆိုလည်း မမှားပါဘူး။ သူ့လို ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့လည်း အရမ်းကို လိုက်ဖက်သွားတာပေါ့။

Jordan Barrett

Jordan Barrett

Jordan Barrett
သြစတြေးလျ ဖက်ရှင်မော်ဒယ်လ်လည်းဖြစ်၊ 2016 မှာလည်း “Model of the Year ” အဖြစ်ရွေးခြင်းခံရတဲ့ Jordan Barrett ဟာ Penshoppe ရဲ့ မျက်နှာသစ် Brand Endorser တစ်ယောက်ဖြစ်ပါတယ်။ Jordan Barrett ပါဝင်ထားတာက Penshoppe ရဲ့ Spring Summer 2018 collection အတွက်ပါ။ ဒီ Collection မှာဆိုရင် အရမ်းကို ပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်တဲ့ ဝတ်စုံတွေပါဝင်သလို တောက်ပပြီးအရောင်စုံတဲ့ အဆင်တွေ၊ Printed ဒီဇိုင်းတွေပါဝင်ပါတယ်။

Jordan Barrett

Jordan Barrett

ပွင့်ရိုက် ရှပ်အင်္ကျ ီကို ရင်ဘတ်နားမှာ ကြယ်သီးဖြုတ် ဝတ်ထားတာတို့၊ လိုင်းစင်းမျိုးစုံကို လိုက်ဖက်အောင် တွဲဝတ်ထားတာတို့ကြောင့် Jordan Barrett ဟာ ဆွဲဆောင်မှုအပြည့်ဖြစ်နေသလို Spring Summer 2018 collection မှာ Festival Vibe ကိုပါပေးနိုင်မယ့် အဝတ်အစားတွေ အများကြီးပါဝင်မှာဖြစ်ပါတယ်။

Paris Jackson

Paris Jackson

Paris Jackson
နာမည်ကျော် အဆိုတော် Michael Jackson ရဲ့ သမီးဖြစ်တဲ့ Paris Jackson က Penshoppe ရဲ့ နောက်ဆုံးမျက်နှာသစ် Endorser ဖြစ်လာသူလေးပါ။ Paris Jackson ဟာ Penshoppe ရဲ့ Pre-Holiday 2018 Campaign မှာ ပါဝင်ခဲ့ပြီးတော့ နောက်ဆုံး Collection မှာ ထွက်ရှိမယ့် လိုင်းစင်းဝတ်စုံတွေ၊ အကွက်တွေကို ရောယှက်ပြီး ဝတ်ဆင်ထားတာပါ။

Paris Jackson

Paris Jackson

ဒီ Campaign မှာ မိန်းမဆန်ဆန်မဟုတ်ဘဲ လူငယ်ဆန်ဆန် သွက်လက်ခေတ်မှီမှုတွေနဲ့ ခပ်မိုက်မိုက် ကောင်မလေး Paris Jackson ကို မြင်ရမှာဖြစ်ပါတယ်။Crop Top ဆန်ဆန်လိုင်းစင်း Hoodie တွေ၊ လိုဂိုပါတဲ့ တီရှပ်တွေ၊ အကွက်ဘလေဇာတွေနဲ့ လိုင်းစင်း ဝတ်စုံတွေ တော်တော်များများ Pre-Holiday 2018 Collection မှာ ပါဝင်မှာပါ။

သူတို့လေးယောက်စလုံးက Penshoppe ရဲ့ ဝတ်စုံတွေနဲ့ လိုက်ဖက်သလို တကယ် အထာကျကြတယ်မဟုတ်လား။

Penshoppe

Penshoppe

သြော် ဒါနဲ့ Penshoppe ရဲ့ လေးဆိုင်မြောက်ဆိုင်ခွဲကို အောက်တိုဘာလ ၆ ရက်နေ့မှာ ထပ်ဖွင့်တော့မှာပါ။ Soft Opening လုပ်မယ့် ဆိုင်ခွဲသစ်လေးကတော့ Myanmar Plaza မှာနော်။

Su Yi Htet (Akhayar)