[Zawgyi]

အလုပ္သစ္ဝင္ၿပီဆုိ ဒါေတြသိပါေစ

ဝန္ထမ္းသစ္ေတြက အလုပ္ဝင္ၿပီးေတာ့ စီနီယာေတြနဲ႔ အဆင္မေျပျဖစ္ၿပီဆုိ တစ္ရက္ႏွစ္ရက္ေလာက္ပဲ အလုပ္ဆင္းၿပီး ထြက္သြားတတ္ပါတယ္။ ခဏပဲ အလုပ္ဆင္းၿပီး ျပန္ထြက္သြားတာက ကုိယ့္ Career အတြက္ မေကာင္းသလုိ ကုမၸဏီအတြက္လည္း ေနာက္ဝန္ထမ္းအသစ္ရွာရတာနဲ႔ အလုပ္ရႈပ္ပါတယ္။ အဲဒီေတာ့ ရွဥ့္လည္းေလ်ွာက္သာ ပ်ားလည္းစြဲသာ ျဖစ္ေစဖုိ႔ ဝန္ထမ္းသစ္တစ္ေယာက္အေနနဲ႔ အလုပ္သစ္မွာ အထာက်ေစမယ့္ နည္းလမ္းေကာင္းေတြကုိ အလင္းျပလုိက္ပါတယ္။

၁။ ကုိယ့္ဘက္ကေန စၿပီး မိတ္ဆက္ပါေစ။

အလုပ္ဝင္တဲ့ ပထမေန႔မွာပဲ ကုိယ့္ဘက္ကေန စၿပီးေတာ့ လုပ္ေဖာ္ကုိင္ဖက္အားလုံးနဲ႔ မိတ္ဆက္ထားပါ။ ကြ်န္ေတာ္ကေတာ့  ေမာင္ဘယ္သူပါ၊ ဘယ္ရာထူးနဲ႔ ဝင္လာတာပါဆုိၿပီး လုပ္ေဖာ္ကုိင္ဖက္ေတြ ရင္းရင္းႏွီးႏွီးလုိက္လံ မိတ္ဆက္သင့္ပါတယ္။ စီနီယာေတြက အဖက္မလုပ္ဖူးဆုိရင္ေတာင္မွ စိတ္ပ်က္မသြားပါနဲ႔။

၂။ လုပ္ငန္းခြင္အေျခအေန သိပါေစ။

ကုမၸဏီတစ္ခုနဲ႔တစ္ခုကေတာ့ သေဘာတရား မဟုတ္ပါဘူး။ တခ်ိဳ႕ကုမၸဏီေတြမွာဆုိ ရုံးခ်ိန္အတြင္း Facebook သုံးခြင့္ရွိလား၊ Meeting Room ထဲမွာ ဖုန္းယူခြင့္ရွိလား၊ နားၾကပ္နဲ႔သီခ်င္းနားေထာင္လုိ႔ရလား စသျဖင့္ ရုံးတြင္းစည္းကမ္းေလးေတြ သိေနပါေစ။

၃။ သူေဌးက ဘာအလုိရွိတာလဲသိပါေစ။

သူေဌးက ကုိယ့္အေပၚဘယ္ေလာက္ထိ ေမ်ွာင္လင့္ထားသလဲဆုိတာ သိပါေစ။ ဥပမာ – ကုိယ့္ရာထူးက Sales Manager ဆုိပါစုိ႔။ သူေဌးက တစ္လအတြင္း ေရာင္းအားဘယ္ေလာက္ထိ တက္ခ်င္တာလဲဆုိတာကုိ သိေအာင္လုပ္ပါ။ သူေဌးေမွ်ာ္လင့္ခ်က္အတုိင္း အဆုံးစြန္အထိ မလုပ္ႏုိင္ရင္ေတာင္ လက္ခံႏုိင္တဲ့အထိ လုပ္ေပးလုိက္ပါ။ မဟုတ္ရင္ အစမ္းခန္႔ကာလၿပီးတာနဲ႔ ႏႈတ္ဆက္ရမွာေနာ္။

၄။ ဆက္ဆံေရးေျပျပစ္ပါေစ။

တစ္ခါတစ္ေလက်ေတာ့ စီနီယာလုပ္ေဖာ္ကုိင္ဖက္ေတြရဲ႕ စိတ္သေဘာကုိ ကုိယ္ႀကိဳက္ခ်င္မွ ႀကိဳက္မယ္၊ ဒါေပမယ့္ လုပ္ငန္းခြင္မွာေတာ့ အဖုအထစ္မျဖစ္ပါေစနဲ႔။ ခဏပဲ ဆက္ဆံရမယ့္လူေတြကုိ အေကာင္းဆုံးဆက္ဆံေပးလုိက္ပါ။ ကုိယ္ေပါင္း စိတ္ခြာေပါ့။

၅။ Team Work စိတ္အျပည့္ရွိပါေစ။

လူအမ်ားန႔ဲ ေပါင္းစုၿပီးလုပ္ရတဲ့အခါမွာ Team Work စိတ္ဓာတ္က အေရးႀကီးပါတယ္။ ကုိယ့္တာဝန္မဟုတ္တဲ့ အပုိင္းကုိ လုပ္ေဖာ္ကုိင္ဖက္တစ္ေယာက္က အကူညီေတာင္းလာခ့ဲမယ္ဆုိရင္ေတာင္ No လုိ႔ ျငင္းလုိက္တာထက္ တက္စြမ္းသမ်ွ ကူညီေပးလုိက္တာက ပုိေကာင္းပါတယ္။

ကဲ . .  ဒီေလာက္ဆုိရင္ ဝန္ထမ္းတစ္ေယာက္အေနနဲ႔ အလုပ္သစ္မွာ ဘယ္လုိေနရမလဲဆုိတာ သိေလာက္ၿပီထင္ပါတယ္။ လုပ္ငန္းခြင္ဝင္မယ့္ ဝန္ထမ္းေတြအေနနဲ႔ အေကာင္းဆုံးစြမ္းေဆာင္ႏုိင္ပါေစလုိ႔ ဆုေတာင္းလုိက္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အလုပ်သစ်ဝင်ပြီဆို ဒါတွေသိပါစေ

ဝန်ထမ်းသစ်တွေက အလုပ်ဝင်ပြီးတော့ စီနီယာတွေနဲ့ အဆင်မပြေဖြစ်ပြီဆို တစ်ရက်နှစ်ရက်လောက်ပဲ အလုပ်ဆင်းပြီး ထွက်သွားတတ်ပါတယ်။ ခဏပဲ အလုပ်ဆင်းပြီး ပြန်ထွက်သွားတာက ကိုယ့် Career အတွက် မကောင်းသလို ကုမ္ပဏီအတွက်လည်း နောက်ဝန်ထမ်းအသစ်ရှာရတာနဲ့ အလုပ်ရှုပ်ပါတယ်။ အဲဒီတော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်စေဖို့ ဝန်ထမ်းသစ်တစ်ယောက်အနေနဲ့ အလုပ်သစ်မှာ အထာကျစေမယ့် နည်းလမ်းကောင်းတွေကို အလင်းပြလိုက်ပါတယ်။

၁။ ကိုယ့်ဘက်ကနေ စပြီး မိတ်ဆက်ပါစေ။

အလုပ်ဝင်တဲ့ ပထမနေ့မှာပဲ ကိုယ့်ဘက်ကနေ စပြီးတော့ လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့ မိတ်ဆက်ထားပါ။ ကျွန်တော်ကတော့  မောင်ဘယ်သူပါ၊ ဘယ်ရာထူးနဲ့ ဝင်လာတာပါဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေ ရင်းရင်းနှီးနှီးလိုက်လံ မိတ်ဆက်သင့်ပါတယ်။ စီနီယာတွေက အဖက်မလုပ်ဖူးဆိုရင်တောင်မှ စိတ်ပျက်မသွားပါနဲ့။

၂။ လုပ်ငန်းခွင်အခြေအနေ သိပါစေ။

ကုမ္ပဏီတစ်ခုနဲ့တစ်ခုကတော့ သဘောတရား မဟုတ်ပါဘူး။ တချို့ကုမ္ပဏီတွေမှာဆို ရုံးချိန်အတွင်း Facebook သုံးခွင့်ရှိလား၊ Meeting Room ထဲမှာ ဖုန်းယူခွင့်ရှိလား၊ နားကြပ်နဲ့သီချင်းနားထောင်လို့ရလား စသဖြင့် ရုံးတွင်းစည်းကမ်းလေးတွေ သိနေပါစေ။

၃။ သူဌေးက ဘာအလိုရှိတာလဲသိပါစေ။

သူဌေးက ကိုယ့်အပေါ်ဘယ်လောက်ထိ မျှောင်လင့်ထားသလဲဆိုတာ သိပါစေ။ ဥပမာ – ကိုယ့်ရာထူးက Sales Manager ဆိုပါစို့။ သူဌေးက တစ်လအတွင်း ရောင်းအားဘယ်လောက်ထိ တက်ချင်တာလဲဆိုတာကို သိအောင်လုပ်ပါ။ သူဌေးမျှော်လင့်ချက်အတိုင်း အဆုံးစွန်အထိ မလုပ်နိုင်ရင်တောင် လက်ခံနိုင်တဲ့အထိ လုပ်ပေးလိုက်ပါ။ မဟုတ်ရင် အစမ်းခန့်ကာလပြီးတာနဲ့ နှုတ်ဆက်ရမှာနော်။

၄။ ဆက်ဆံရေးပြေပြစ်ပါစေ။

တစ်ခါတစ်လေကျတော့ စီနီယာလုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်သဘောကို ကိုယ်ကြိုက်ချင်မှ ကြိုက်မယ်၊ ဒါပေမယ့် လုပ်ငန်းခွင်မှာတော့ အဖုအထစ်မဖြစ်ပါစေနဲ့။ ခဏပဲ ဆက်ဆံရမယ့်လူတွေကို အကောင်းဆုံးဆက်ဆံပေးလိုက်ပါ။ ကိုယ်ပေါင်း စိတ်ခွာပေါ့။

၅။ Team Work စိတ်အပြည့်ရှိပါစေ။

လူအများနဲ့ ပေါင်းစုပြီးလုပ်ရတဲ့အခါမှာ Team Work စိတ်ဓာတ်က အရေးကြီးပါတယ်။ ကိုယ့်တာဝန်မဟုတ်တဲ့ အပိုင်းကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အကူညီတောင်းလာခဲ့မယ်ဆိုရင်တောင် No လို့ ငြင်းလိုက်တာထက် တက်စွမ်းသမျှ ကူညီပေးလိုက်တာက ပိုကောင်းပါတယ်။

ကဲ . .  ဒီလောက်ဆိုရင် ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်သစ်မှာ ဘယ်လိုနေရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ လုပ်ငန်းခွင်ဝင်မယ့် ဝန်ထမ်းတွေအနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။