[Zawgyi]

အျမႊာပူးကိုယ္ဝန္လြယ္ထားရျပီလို႔ သတင္းေတြ ထြက္ေနတဲ့ Meghan Markle

Prince Harry နဲ႔ Meghan Markle တို႔ရဲ႕ ခ်စ္ခရီးလမ္းက ေျဖာင့္ေျဖာင့္ျဖဴးျဖဴးနဲ႔ လက္ထပ္အျပီးမွာလည္း ခ်က္ခ်င္းပဲ ကံေကာင္းျခင္းလက္ေဆာင္ အျမႊာပူးေလးႏွစ္ေယာက္ကို ကုိယ္ဝန္လြယ္ထားရျပီလုိ႔ ေကာလာဟလသတင္းေတြ ထြက္ေနခဲ့ပါျပီ။

Prince Harry နဲ႔ Meghan တို႔ႏွစ္ေယာက္ကဟာ အေရွ႕အာဖရိကကေန Honeymoon ထြက္ျပီး ျပန္လာအျပီးမွာ ကေလး ႏွစ္ေယာက္ခ်ီရဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနျပီလို႔ သတင္းေတြ ၾကားမိပါတယ္။ Harry ရဲ႕ အကိုေတာ္ Prince William နဲ႔ Kate Middleton ဟာလည္း မၾကာခင္ကမွ တတိယေျမာက္သားေတာ္ေလးကို ေမြးဖြားထားတဲ့အတြက္ Harry ဟာလည္း သူ႔အကို ေျခရာလုိက္နင္းႏုိင္မလား ၾကည့္ရမွာပါ။

Prince Harry နဲ႔ Meghan Markle

Prince Harry နဲ႔ Meghan Markle

အတြင္းသတင္းေတြရဲ႕အဆုိအရေတာ့ Kate အေနနဲ႔ သားေတာ္ Prince Louis ကို ေမြးဖြားေပးခဲ့တဲ့အတြက္ Meghan ဟာလည္း နန္းေမြနန္းလ်ာေမြးဖြားဖို႔ ဖိအားေတြ ရွိေနခဲ့ျပီလို႔ ဆုိပါတယ္။  တျခားသတင္းေတြ မွာလည္း Meghan ဟာ မူးေဝေနတတ္ျပီး သူ႔ရဲ႕ မဂၤလာေဆာင္ဝတ္စံုကိုလည္း က်ပ္ေနလို႔ ေနာက္ဆံုးအခ်ိန္မွ နည္းနည္းျပင္လိုက္ရတယ္လို႔ ဆုိပါတယ္။ ဒါေၾကာင့္ပဲ ကုိယ္ဝန္ရွိေနျပီလားလို႔ ေမးခြန္းထုတ္ၾကတာပါ။

Prince Louis

Prince Louis

ဒီလိုေတြ သုိ႔ေလာ သို႔ေလာ သတင္းေတြ ထြက္ေနေပမယ့္ Kensington Palace ကေန တရားဝင္သတင္းထုတ္ျပန္ခ်က္မထြက္ေသးတဲ့အတြက္ သတင္းမွန္မမွန္ ေစာင့္ၾကည့္ရမွာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : yourtango.com
[Unicode]

အမြွှာပူးကိုယ်ဝန်လွယ်ထားရပြီလို့ သတင်းတွေ ထွက်နေတဲ့ Meghan Markle

Prince Harry နဲ့ Meghan Markle တို့ရဲ့ ချစ်ခရီးလမ်းက ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ လက်ထပ်အပြီးမှာလည်း ချက်ချင်းပဲ ကံကောင်းခြင်းလက်ဆောင် အမြွှာပူးလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရပြီလို့ ကောလာဟလသတင်းတွေ ထွက်နေခဲ့ပါပြီ။

Prince Harry နဲ့ Meghan တို့နှစ်ယောက်ကဟာ အရှေ့အာဖရိကကနေ Honeymoon ထွက်ပြီး ပြန်လာအပြီးမှာ ကလေး နှစ်ယောက်ချီရဖို့ မျှော်လင့်ချက်ရှိနေပြီလို့ သတင်းတွေ ကြားမိပါတယ်။ Harry ရဲ့ အကိုတော် Prince William နဲ့ Kate Middleton ဟာလည်း မကြာခင်ကမှ တတိယမြောက်သားတော်လေးကို မွေးဖွားထားတဲ့အတွက် Harry ဟာလည်း သူ့အကို ခြေရာလိုက်နင်းနိုင်မလား ကြည့်ရမှာပါ။

Prince Harry နဲ့ Meghan Markle

Prince Harry နဲ့ Meghan Markle

အတွင်းသတင်းတွေရဲ့အဆိုအရတော့ Kate အနေနဲ့ သားတော် Prince Louis ကို မွေးဖွားပေးခဲ့တဲ့အတွက် Meghan ဟာလည်း နန်းမွေနန်းလျာမွေးဖွားဖို့ ဖိအားတွေ ရှိနေခဲ့ပြီလို့ ဆိုပါတယ်။  တခြားသတင်းတွေ မှာလည်း Meghan ဟာ မူးဝေနေတတ်ပြီး သူ့ရဲ့ မင်္ဂလာဆောင်ဝတ်စုံကိုလည်း ကျပ်နေလို့ နောက်ဆုံးအချိန်မှ နည်းနည်းပြင်လိုက်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ ကိုယ်ဝန်ရှိနေပြီလားလို့ မေးခွန်းထုတ်ကြတာပါ။

Prince Louis

Prince Louis

ဒီလိုတွေ သို့လော သို့လော သတင်းတွေ ထွက်နေပေမယ့် Kensington Palace ကနေ တရားဝင်သတင်းထုတ်ပြန်ချက်မထွက်သေးတဲ့အတွက် သတင်းမှန်မမှန် စောင့်ကြည့်ရမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : yourtango.com