[Zawgyi] 

iPad ေတြထုတ္လာတဲ့ သိမိုင္းတစ္ေလွ်ာက္မွာ Design ပိုင္းနဲ႔ပတ္သက္လို႔ သိသိသာသာ စေျပာင္းလာတာက iPad mini 1st Generation ပါ။ အဲ့ဒီေနာက္မွာ iPad min ရဲ႕ Design အယူအဆအတိုင္း ထုတ္လာတာက iPad Air ပါ။ iPad Air ရဲ႕ Design က အခုအခ်ိန္အထိ Apple အသံုးျပဳေနတဲ့ Design ပါ။ 

New Design For iPad with FaceID

iPad ေတြကို ေတြ႕ေနက်ပံုအတိုင္း အေပၚနဲ႔ ေအာက္ဖက္မွာ ေဘာင္ထူထူျဖစ္ေနၿပီး ေဘးဖက္ေဘာင္ေတြကိုေတာ့ ပါးႏိုင္သေလာက္ ပါးေအာင္လုပ္ေပးထားတဲ့ Desgin အယူအဆေတြက မၾကာခင္မွာ ေပ်ာက္ကြယ္သြားေတာ့မယ္လို႔ ယူဆရပါတယ္။ အဲ့ဒီလို အေျပာင္းအလဲနဲ႔ပတ္သက္လို႔ ျဖစ္ႏိုင္ေခ်ရွိတဲ့ Design ပံုေတြကို Álvaro Pabesio ဆိုတဲ့ Designer က စိတ္ကူးယဥ္ေရးဆြဲထားတဲ့ ပံုေတြထြက္လာပါတယ္။ အဲ့ဒီပံုေတြကေတာ့ ေနာက္ျဖစ္လာႏိုင္မယ့္ iPad Design အယူအဆကို အတိအက်မဟုတ္ရင္ေတာင္ ျဖစ္ႏိုင္တယ္ဆိုတာ ယူဆလို႔ရပါတယ္။ 

Full Screen

Apple ကလည္း iPhone X မွာစၿပီးသံုးခဲ့တဲ့ Design အယူအဆေတြကို ေနာက္ထုတ္ကုန္အသစ္ေတြမွာ လိုသလို အသံုးျပဳသြားမယ္ဆိုတာက ခန္႔မွန္းရလြယ္ပါတယ္။ Apple ဟာ အရင္ကတည္းက သူတို႔ရဲ႕ ထုတ္ကုန္တစ္ခုနဲ႔ တစ္ခုကို အသံုးျပဳတဲ့အခါတိုင္း ကြဲျပားေနတာ၊ အသံုးျပဳရခက္ခဲတာေတြကို မျဖစ္ေအာင္ အၿမဲဖန္တီးေနတဲ့ ကုမၸဏီတစ္ခုျဖစ္ေနလို႔ပါ။ iPad Pro ေတြထြက္လာၿပီးေနာက္ပိုင္းမွာ iPad ေတြကပဲ Tablet ေစ်းကြက္ကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ iPad အတြက္လည္း iOS ကိုျပန္ျပင္ေပးထားတာေတြေၾကာင့္လည္း iPad ေတြကို အသံုးျပဳရတာ အရင္ကထက္ သိိသိသာသာပိုေကာင္းလာပါတယ္။ 

Concept

iOS 12 မွာလည္း iPhone App တခ်ိဳ႕ကို iPad အတြက္ ထည့္ေပးလာၿပီျဖစ္ပါတယ္။ ဒါေပမယ့္ အခု စိတ္ကူးယဥ္ၿပီးဆြဲထားတဲ့ Design ေတြထဲမွာေတာ့ iPhone App ေတြကို iPad ေပၚကေန လွမ္းသံုးလို႔ရတဲ့သေဘာဆြဲထားပါတယ္။ ျဖစ္ႏိုင္ေခ်နည္းေပမယ့္ Design ကေတာ့ iPad အသစ္ေတြအတြက္ အေကာင္းဆံုး Design ျဖစ္မယ္ဆိုတာ ေသခ်ာပါတယ္။ လက္ရွိထြက္ထားတဲ့ iOS 12 မွာလည္း iPad ေတြ အတြက္ Gesture အသစ္ေတြနဲ႔ ေျပာင္းလဲမႈအသစ္ေတြ ပါလာပါတယ္။ အဲ့ဒီေျပာင္းလဲမႈေတြကလည္း iPhone X လို Home Button ေဖ်ာက္လိုက္ရတဲ့ Design အတြက္ အဆင္ေျပပါတယ္။ ေနာက္ iPad အသစ္ေတြက အခုပံုေတြထဲကလို ထြက္လာခဲ့ရင္ေတာ့ သေဘာက်ခ်င္စရာပါပဲ။ 

Ref: 9To5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Apple က iPad အတွက် နောက်ထပ် Design အယူအဆက ဘယ်လိုဖြစ်လာနိုင်မလဲ

iPad တွေထုတ်လာတဲ့ သိမိုင်းတစ်လျှောက်မှာ Design ပိုင်းနဲ့ပတ်သက်လို့ သိသိသာသာ စပြောင်းလာတာက iPad mini 1st Generation ပါ။ အဲ့ဒီနောက်မှာ iPad min ရဲ့ Design အယူအဆအတိုင်း ထုတ်လာတာက iPad Air ပါ။ iPad Air ရဲ့ Design က အခုအချိန်အထိ Apple အသုံးပြုနေတဲ့ Design ပါ။ 

New Design For iPad with FaceID

iPad တွေကို တွေ့နေကျပုံအတိုင်း အပေါ်နဲ့ အောက်ဖက်မှာ ဘောင်ထူထူဖြစ်နေပြီး ဘေးဖက်ဘောင်တွေကိုတော့ ပါးနိုင်သလောက် ပါးအောင်လုပ်ပေးထားတဲ့ Desgin အယူအဆတွေက မကြာခင်မှာ ပျောက်ကွယ်သွားတော့မယ်လို့ ယူဆရပါတယ်။ အဲ့ဒီလို အပြောင်းအလဲနဲ့ပတ်သက်လို့ ဖြစ်နိုင်ချေရှိတဲ့ Design ပုံတွေကို Álvaro Pabesio ဆိုတဲ့ Designer က စိတ်ကူးယဉ်ရေးဆွဲထားတဲ့ ပုံတွေထွက်လာပါတယ်။ အဲ့ဒီပုံတွေကတော့ နောက်ဖြစ်လာနိုင်မယ့် iPad Design အယူအဆကို အတိအကျမဟုတ်ရင်တောင် ဖြစ်နိုင်တယ်ဆိုတာ ယူဆလို့ရပါတယ်။ 

Full Screen

Apple ကလည်း iPhone X မှာစပြီးသုံးခဲ့တဲ့ Design အယူအဆတွေကို နောက်ထုတ်ကုန်အသစ်တွေမှာ လိုသလို အသုံးပြုသွားမယ်ဆိုတာက ခန့်မှန်းရလွယ်ပါတယ်။ Apple ဟာ အရင်ကတည်းက သူတို့ရဲ့ ထုတ်ကုန်တစ်ခုနဲ့ တစ်ခုကို အသုံးပြုတဲ့အခါတိုင်း ကွဲပြားနေတာ၊ အသုံးပြုရခက်ခဲတာတွေကို မဖြစ်အောင် အမြဲဖန်တီးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်နေလို့ပါ။ iPad Pro တွေထွက်လာပြီးနောက်ပိုင်းမှာ iPad တွေကပဲ Tablet ဈေးကွက်ကို အောင်အောင်မြင်မြင်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ iPad အတွက်လည်း iOS ကိုပြန်ပြင်ပေးထားတာတွေကြောင့်လည်း iPad တွေကို အသုံးပြုရတာ အရင်ကထက် သိသိသာသာပိုကောင်းလာပါတယ်။ 

Concept

iOS 12 မှာလည်း iPhone App တချို့ကို iPad အတွက် ထည့်ပေးလာပြီဖြစ်ပါတယ်။ ဒါပေမယ့် အခု စိတ်ကူးယဉ်ပြီးဆွဲထားတဲ့ Design တွေထဲမှာတော့ iPhone App တွေကို iPad ပေါ်ကနေ လှမ်းသုံးလို့ရတဲ့သဘောဆွဲထားပါတယ်။ ဖြစ်နိုင်ချေနည်းပေမယ့် Design ကတော့ iPad အသစ်တွေအတွက် အကောင်းဆုံး Design ဖြစ်မယ်ဆိုတာ သေချာပါတယ်။ လက်ရှိထွက်ထားတဲ့ iOS 12 မှာလည်း iPad တွေ အတွက် Gesture အသစ်တွေနဲ့ ပြောင်းလဲမှုအသစ်တွေ ပါလာပါတယ်။ အဲ့ဒီပြောင်းလဲမှုတွေကလည်း iPhone X လို Home Button ဖျောက်လိုက်ရတဲ့ Design အတွက် အဆင်ပြေပါတယ်။ နောက် iPad အသစ်တွေက အခုပုံတွေထဲကလို ထွက်လာခဲ့ရင်တော့ သဘောကျချင်စရာပါပဲ။ 

Ref: 9To5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။