[Zawgyi ][Unicode Below]
အရင္တပတ္က အိႏၵိယစာ Collection အတြက္ ကိုယ္ေတ ြရန္ကုန္ျမိဳ႕ထဲ တပတ္ ေလ်ွာက္စား၊ ေလ်ွာက္စပ္စုျကရင္း နာမည္ၾကီးတဲ့ နယူးေဒလီ ကိုပါ ေရာက္သြားတယ္။ နာမည္ၾကီးဆို ဝိုင္းက အျပည့္ပဲ။

အလုပ္ကိစၥနဲ႔ပဲ ျဖစ္ျဖစ္၊ ေလွ်ာက္သြား ေလွ်ာက္စားမယ့္ အစားတစ္လိုင္းေတြပဲျဖစ္ျဖစ္ ၿမိဳ႕ထဲ ေရာက္ခဲ့ရင္ အဝဆြဲဖို႔ၾကံေနသူေတြ အိႏၵိယအစားစာသမားေတြ သြားစားကို စားသင့္တဲ့ထဲ ပါ ပါတယ္။ ေတာ္ေတာ္မ်ားမ်ား ဒီေလာက္ ၫႊန္းေနမွေတာ့ ဘာေတြမ်ား ေကာင္းေနလို႔လဲ?
ကဲ… ေအာက္ကို ဆက္ဖတ္ၿပီး မ်က္စိေလးနဲ႔ အရင္ သြားစားလိုက္ၾကရေအာင္ေနာ္။

ဆိုင္ခန္း အျပင္အဆင္
ဆိုင္ထဲ ဝင္တာနဲ႔ ဖြင့္ထားတာ ၾကာၿပီဆိုတာ သိႏိုင္တယ္။ သက္တမ္းရင့္ ဆိုင္ေတြထဲမယ္ နာမည္လည္း ႀကီးတယ္။ အျပင္ဆင္က ႐ိုး႐ိုးပဲ ခံုေတြ ခင္းထားတယ္။ စားပြဲ ၂ ဝိုင္း ၃ ဝိုင္း စုထိုင္ရတယ္။ ဆိုင္က ေျမညီထပ္ကိုမွ အလႊာျမွင့္ထားတယ္။

အစားအေသာက္

ကိုယ္ေတြလည္း အိႏၵိယစာဆိုေတာ့ ေတာ္ေတာ္မ်ားမ်ား စားျဖစ္ၾက အၾကိဳက္ေတြ႕မယ့္ဟာေလးေတြ မွာစားခဲ့လိုက္တယ္။

ဆိတ္သားဟင္းနဲ႕ထမင္း
ဆိတ္သားအရသာ နဴးအိတယ္။ အသားထဲ အနွစ္အရသာ ဝင္တယ္။ ထမင္းနဲ႕ အရံဟင္း အတြဲစပ္ေလးေတြကလည္း အိႏၵိယအရသာစစ္စစ္မ်ိဳး ခံစားရတယ္။ အရြက္ေျကာ္၊ အာလူး၊ ပဲဟင္း၊ အခ်ဥ္၊ ေသာက္ရတဲ့ မန္က်ည္းခ်ဥ္ေလးပါ ပါတယ္။ အရည္ဆမ္းေပးတဲ့ ပဲဟင္းကေတာ့ နည္းနည္းက်ဲတယ္။ အဲ့တာေတာ့ သိပ္မျကိဳက္ဘူးရယ္။


ပူရီ
သူကေတာ့ ဆိမ္႔ေနတာပဲ။ အရသာေလးလည္း မွန္တယ္။သူနဲ႕ တြဲစပ္စားရတဲ့ ပဲဟင္း၊ က်သနီ၊ ခ်ဥ္စပ္၊ ခ်ိဳစပ္ အားလံုးအဆင္ကိုု ေၿပေနေရာ။ အစပ္ဟပ္တည့္တယ္။


ေနာက္ထပ္ မီႏူးထဲက အမ်ိဳးအစားေရြးစရာ ေတာ္ေတာ္မ်ားမ်ားေတြ႔ရတယ္။ ဘာေတြ စားလာခဲ႔သလဲဆို…
ဆိတ္ေျခေထာက္ စြပ္ျပဳတ္
အၾကိဳက္ဆံုးအရသာလို႕ ဆိုရမယ္။ ဆိတ္သားနဲ႕ ပဲအရသာကိုမွ ေမႊးဆိမ့္ေနတာမ်ိဳးကို ခ်ဥ္စိမ့္စိမ့္ေလး။ သူ႕ဆိတ္ေျခေထာက္စြပ္က ဘယ္ဆိုင္နဲ႔မွကို မတူဘူး။ မွာစားကို စားသင့္တာ။ တပြဲနဲ႕တင္ ၂ ေယာက္ေကာင္းေကာင္းစားလို႕ ရတယ္။

ေစ်းႏွဳန္း
ေစ်းေတြက ျမတ္မွ ျမတ္ရဲ့လားလို႕ ထင္ရေအာင္ အိႏၵိယအရသာစစ္စစ္ကိုမွ လူတန္းစားအကုန္စားနိုင္ေအာင္ လုပ္ေပးထားတယ္။ ကိုယ္ေတြ အဝျပဲ ၂ ေယာက္စားတာမွ ၅၀၀၀ စြန္းစြန္းေလးရယ္။ ထမင္းအဝဆြဲသမားေတြ ရွယ္တန္တယ္။ မီနူးသာ ၾကည့္သြားၾကပါကုန္…


ဝန္ေဆာင္မႈ
သူ႕ဆိုင္ရဲ႕ သေဘာက်စရာ အေကာင္းဆံုးပဲ လို႔ ယူဆပါရေစ။ လူရႈပ္တယ္။ အျမဲ လူက်ေနတတ္တယ္။ အဲ့ဒါကိုေတာင္ ပိုင္ရွင္က ဝန္ထမ္းေကာင္ေလးေတြကို ေကာင္းေကာင္း ကြပ္ကဲနိုင္တယ္။ လိုတာေဘးကေန အျမဲၾကည့္ေပးေနတာ။ မွာျပီးတာနဲ႕ ခ်ေပးတာျမန္တယ္။ အျမန္ဆံုးက ေငြရွင္းစနစ္။ လူေတြ စုျပံဳက်ေနလည္း လံုးဝမက်ပ္သြားဘူး။
အိႏၵိယစာဆိုတာ ဟင္းခတ္အေမႊးၾကိဳင္ လိႈင္လိႈင္နဲ႔ အားရပါးရ စားရတာမ်ိဳးဆိုေတာ့ ရန္ကုန္တြင္းမွာပဲ စိတ္ေက်နပ္ေလာက္စရာ အိႏၵိယအရသာစစ္စစ္မ်ိဳးကို အိႏၵိယေရာက္သြားသလို ခံစားရေစခ်င္ရင္ နယူးေဒလီကိုေတာ့ လံုးဝ အျပတ္သတ္ေထာက္ခံပါတယ္။ နာမည္တစ္ခုကို အခ်ိန္ေတြ အၾကာၾကီး ထူေထာင္နိုင္တည္းက အရသာေျပာစရာမလိုေတာ့ဘူးေနာ္။

ဆိုင္ဖြင့္ခ်ိန္က မနက္ ၇နာရီမွ ည ၉နာရီထိပါတဲ့ေနာ္။ လိပ္စာက အေနာ္ရထာလမ္းမေပၚ ၂၈လမ္းနဲ႔ ေရႊဘံုသာလမ္းႀကားမွာပါ။ လမ္းမေပၚဆိုေတာ႔ ကားရပ္ရ နည္းနည္းေတာ့ ခက္မယ္ေနာ္။

Rating
Location-3 out of 5
Price-5 out of 5
Service-4 out of 5
Food -4 out of 5
Hygiene-3 out of 5

FoodieEI-akhayar

www.akhayar.com

=============
[Unicode]
ရန်ကုန်မြို့မှာ နေပြီး မစားဖူးရင် လူဖြစ်ရကျိုး မနပ်တဲ့ နယူးဒေလီ [New Delhi Restaurant]
အရင်တပတ်က အိန္ဒိယစာ Collection အတွက် ကိုယ်တေ ွရန်ကုန်မြို့ထဲ တပတ် လျှောက်စား၊ လျှောက်စပ်စုကြရင်း နာမည်ကြီးတဲ့ နယူးဒေလီ ကိုပါ ရောက်သွားတယ်။ နာမည်ကြီးဆို ဝိုင်းက အပြည့်ပဲ။

အလုပ်ကိစ္စနဲ့ပဲ ဖြစ်ဖြစ်၊ လျှောက်သွား လျှောက်စားမယ့် အစားတစ်လိုင်းတွေပဲဖြစ်ဖြစ် မြို့ထဲ ရောက်ခဲ့ရင် အဝဆွဲဖို့ကြံနေသူတွေ အိန္ဒိယအစားစာသမားတွေ သွားစားကို စားသင့်တဲ့ထဲ ပါ ပါတယ်။ တော်တော်များများ ဒီလောက် ညွှန်းနေမှတော့ ဘာတွေများ ကောင်းနေလို့လဲ?
ကဲ… အောက်ကို ဆက်ဖတ်ပြီး မျက်စိလေးနဲ့ အရင် သွားစားလိုက်ကြရအောင်နော်။

ဆိုင်ခန်း အပြင်အဆင်
ဆိုင်ထဲ ဝင်တာနဲ့ ဖွင့်ထားတာ ကြာပြီဆိုတာ သိနိုင်တယ်။ သက်တမ်းရင့် ဆိုင်တွေထဲမယ် နာမည်လည်း ကြီးတယ်။ အပြင်ဆင်က ရိုးရိုးပဲ ခုံတွေ ခင်းထားတယ်။ စားပွဲ ၂ ဝိုင်း ၃ ဝိုင်း စုထိုင်ရတယ်။ ဆိုင်က မြေညီထပ်ကိုမှ အလွှာမြှင့်ထားတယ်။

အစားအသောက်
ကိုယ်တွေလည်း အိန္ဒိယစာဆိုတော့ တော်တော်များများ စားဖြစ်ကြ အကြိုက်တွေ့မယ့်ဟာလေးတွေ မှာစားခဲ့လိုက်တယ်။

ဆိတ်သားဟင်းနဲ့ထမင်း
ဆိတ်သားအရသာ နူးအိတယ်။ အသားထဲ အနှစ်အရသာ ဝင်တယ်။ ထမင်းနဲ့ အရံဟင်း အတွဲစပ်လေးတွေကလည်း အိန္ဒိယအရသာစစ်စစ်မျိုး ခံစားရတယ်။ အရွက်ကြော်၊ အာလူး၊ ပဲဟင်း၊ အချဉ်၊ သောက်ရတဲ့ မန်ကျည်းချဉ်လေးပါ ပါတယ်။ အရည်ဆမ်းပေးတဲ့ ပဲဟင်းကတော့ နည်းနည်းကျဲတယ်။ အဲ့တာတော့ သိပ်မကြိုက်ဘူးရယ်။
ပါပတာ
သူကတော့ ဆိမ့်နေတာပဲ။ အရသာလေးလည်း မှန်တယ်။သူနဲ့ တွဲစပ်စားရတဲ့ ပဲဟင်း၊ ကျသနီ၊ ချဉ်စပ်၊ ချိုစပ် အားလုံးအဆင်ကိုု ပြေနေရော။ အစပ်ဟပ်တည့်တယ်။
နောက်ထပ် မီနူးထဲက အမျိုးအစားရွေးစရာ တော်တော်များများတွေ့ရတယ်။ ဘာတွေ စားလာခဲ့သလဲဆို…
ဆိတ်ခြေထောက် စွပ်ပြုတ်
အကြိုက်ဆုံးအရသာလို့ ဆိုရမယ်။ ဆိတ်သားနဲ့ ပဲအရသာကိုမှ မွှေးဆိမ့်နေတာမျိုးကို ချဉ်စိမ့်စိမ့်လေး။ သူ့ဆိတ်ခြေထောက်စွပ်က ဘယ်ဆိုင်နဲ့မှကို မတူဘူး။ မှာစားကို စားသင့်တာ။ တပွဲနဲ့တင် ၂ ယောက်ကောင်းကောင်းစားလို့ ရတယ်။
ဈေးနှုန်း
ဈေးတွေက မြတ်မှ မြတ်ရဲ့လားလို့ ထင်ရအောင် အိန္ဒိယအရသာစစ်စစ်ကိုမှ လူတန်းစားအကုန်စားနိုင်အောင် လုပ်ပေးထားတယ်။ ကိုယ်တွေ အဝပြဲ ၂ ယောက်စားတာမှ ၅၀၀၀ စွန်းစွန်းလေးရယ်။ ထမင်းအဝဆွဲသမားတွေ ရှယ်တန်တယ်။ မီနူးသာ ကြည့်သွားကြပါကုန်…
ဝန်ဆောင်မှု
သူ့ဆိုင်ရဲ့ သဘောကျစရာ အကောင်းဆုံးပဲ လို့ ယူဆပါရစေ။ လူရှုပ်တယ်။ အမြဲ လူကျနေတတ်တယ်။ အဲ့ဒါကိုတောင် ပိုင်ရှင်က ဝန်ထမ်းကောင်လေးတွေကို ကောင်းကောင်း ကွပ်ကဲနိုင်တယ်။ လိုတာဘေးကနေ အမြဲကြည့်ပေးနေတာ။ မှာပြီးတာနဲ့ ချပေးတာမြန်တယ်။ အမြန်ဆုံးက ငွေရှင်းစနစ်။ လူတွေ စုပြုံကျနေလည်း လုံးဝမကျပ်သွားဘူး။
အိန္ဒိယစာဆိုတာ ဟင်းခတ်အမွှေးကြိုင် လှိုင်လှိုင်နဲ့ အားရပါးရ စားရတာမျိုးဆိုတော့ ရန်ကုန်တွင်းမှာပဲ စိတ်ကျေနပ်လောက်စရာ အိန္ဒိယအရသာစစ်စစ်မျိုးကို အိန္ဒိယရောက်သွားသလို ခံစားရစေချင်ရင် နယူးဒေလီကိုတော့ လုံးဝ အပြတ်သတ်ထောက်ခံပါတယ်။ နာမည်တစ်ခုကို အချိန်တွေ အကြာကြီး ထူထောင်နိုင်တည်းက အရသာပြောစရာမလိုတော့ဘူးနော်။

ဆိုင်ဖွင့်ချိန်က မနက် ၇နာရီမှ ည ၉နာရီထိပါတဲ့နော်။ လိပ်စာက အနော်ရထာလမ်းမပေါ် ၂၈လမ်းနဲ့ ရွှေဘုံသာလမ်းကြားမှာပါ။ လမ်းမပေါ်ဆိုတော့ ကားရပ်ရ နည်းနည်းတော့ ခက်မယ်နော်။

Rating
Location-3 out of 5
Price-5 out of 5
Service-4 out of 5
Food -4 out of 5
Hygiene-3 out of 5

FoodieEI – Akhayar