[Zawgyi] 





Ref: Sammobile 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Galaxy Note 9 ကို အရောင်အသစ်နဲ့ ထုတ်ပေးလိုက်တဲ့ Samsung

Samsung ကတော့ Galaxy Note 9 အတွက် အရောင်အသစ်ကို ထပ်တိုးပေးလိုက်ပါပြီ။ အဖြူရောင်ဖြစ်ပြီး First Snow White လို့ နာမည်ပေးထားပါတယ်။ 

First Snow White Galaxy Note 9

Galaxy Note 9 ကို အဖြူရောင်မှ ကိုင်ချင်တယ်ဆိုတဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ဒါပေမယ့် Samsung က ဒီအရောင်အသစ်ကိုတော့ ထိုင်ဝမ်မှာပဲ ရောင်းဖို့ စီစဉ်ထားတာပါ။ နောက်ထပ် တခြားဘယ်နိုင်ငံတွေမှာ ရောင်းဦးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ First Snow White လို့ နာမည်ပေးထားတာကတော့ ထိုင်ဝမ်မှာ တစ်နှစ်အတွင်း ပထမဦးဆုံးကျတဲ့နှင်းတွေရဲ့အရောင်ကို ကိုစားပြုတာကြောင့်လို့သိရပါတယ်။ 

Galaxy Note 9 ရဲ့ မူရင်းရှိပြီးသားအရောင်တွေကတော့ Lavender Purple ၊ Metallic Copper ၊ Midnight Black ၊ Ocean Blue နဲ့ Cloud Silver ဆိုတာတွေပါ။ အဲ့ဒီအရောင်တွေအားလုံးကလည်း နိုင်ငံတိုင်းမှမရသလို အခု အသစ်ထွက်တဲ့ First Snow White ကလည်း နိုင်ငံတိုင်းမှာ မရတာတော့ သိပ်မဆန်းပါဘူး။ အခုလို အရောင်အသစ် ထွက်လာတာကတော့ Samsung ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး Galaxy Note 9 Fan တွေကို နောက်တစ်ခေါက် စိတ်ဝင်စားအောင် လုပ်လိုက်တာနဲ့ အတူတူပါပဲ။ အကြောင်းကတော့ အခုထိ Note 9 ကို မဝယ်သေးဘဲစောင့်နေတဲ့ Fan တွေလည်း ရှိနေသေးတာကြောင့်ပါ။ 

Ref: Sammobile 

Min Than Htike (Akhayar)

www.akhayar.com