[Zawgyi] 


HomePod


Siri Hint



Ref: Cnet

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

WWDC 2018 မှာ HomePod အသစ်ကိုတွေ့ရနိုင်တယ်လို့ သတင်းထွက်နေ

Apple ရဲ့နှစ်စဉ်ကျင်းပနေကျ World Wide Developer Conference မှာ Software အသစ်တွေနဲ့အတူ Hardware အသစ်တချို့ကိုလည်း ထုတ်ပြတတ်ပါသေးတယ်။ နောက်လ ၄ ရက်နေ့မှာ စတင်ကျင်းပမယ့် WWDC 2018 မှာ HomePod အသစ်ကို ထုတ်ပြသွားမယ်လို့ သတင်းထွက်နေပါတယ်။ 

HomePod

လက်ရှိရောင်းချနေတဲ့ HomePod တွေကတော့ Apple ရဲ့ ပထမဦးဆုံး Smart Speaker တွေဖြစ်သလို အောင်မြင်ခဲ့တဲ့ ထုတ်ကုန်တွေပါ။ ဒါပေမယ့် လက်ရှိ HomePod တွေကို ဈေးများတယ်လို့ပြောနေတဲ့ ပရိတ်သတ်အချို့လည်းရှိနေသေးတာကြောင့် Apple အနေနဲ့ ဒီထက်ဈေးသက်သာတဲ့ HomePod ကိုထုတ်လာနိုင်ပါသေးတယ်။ 

Siri Hint

HomePod ရဲ့အသက်ဖြစ်တဲ့ Siri ကိုလည်း အဆင့်မြှင့်ပေးထားမယ်လို့ Siri ကပဲ ပြောလာပါတယ်။ Siri ကအသံအသစ်ရလာမှာဖြစ်တဲ့ အပြင် အရင်ကထက်ပိုပြီး Smart ဖြစ်လာမှာပါ။ Siri ကနှစ်တိုင်းလိုလို Apple လုပ်မယ့် ပွဲတွေနီးလာတိုင်း ပွဲနဲ့ပတ်သက်တာလေးတွေ နည်းနည်းစီ ပြောပြတတ်တာကြောင့် ဒီနှစ်အတွက်လည်း HomePod အသစ်ထွက်လာမယ်ဆိုတာကို ပြောသွားခဲ့ပါတယ်။ အသေးစိတ်မပြောပဲ အရိပ်အမွက်လောက်ပဲပြောသွားတာပါ။ 

HomePod အသစ်ကိုတော့ လက်ရှိ HomePod ထက်ဈေးသက်သာပြီး ဆိုဒ်လည်းပိုသေးလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ Apple ရဲ့ WWDC 2018 ကိုတော့ နောက်လ ၄ ရက်နေ့မှာ ကျင်းပမှာဖြစ်သလို Apple ရဲ့ Website မှာလည်း Live လွှင့်ပေးမှာဖြစ်ပါတယ်။ Live Video ကိုတော့ Apple ရဲ့ Safari Browser ဒါမှမဟုတ် Microsoft ရဲ့ Edge Browser ကနေ ကြည့်ရှုနိုင်ပါတယ်။

Ref: Cnet

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။