[Zawgyi] 

Apple ကေတာ့ သူတို႔ရဲ႕  iPhone Design ေတြ MacBook Design ေတြေၾကာင့္ နာမည္ႀကီး လူသိမ်ား႐ံုတင္မဟုတ္ဘဲ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ဖြင့္ထားတဲ့ Store ေတြရဲ႕ အျပင္အဆင္ေတြေၾကာင့္လည္း Apple Fan ေတြၾကားမွာ နာမည္ႀကီးပါတယ္။ Apple Piazza Liberty လို႔ေခၚမယ့္ လက္လီဆိုင္အသစ္ကို မၾကာခင္မွာ အသစ္ထပ္ဖြင့္ေတာ့မယ့္အ ေၾကာင္း ေၾကညာလိုက္ပါၿပီ။ 

Apple Piazza-Liberty Staircase

အခု Store အသစ္ကိုေတာ့ Italy နုိင္ငံ Milan ၿမိဳ႕က Corso Vittorio Emanuele လမ္းမႀကီးအနီးမွာ ဖြင့္သြားမွာျဖစ္ပါတယ္။ လမ္းမႀကီးက ႏိုင္ငံတစ္ကာခရီးသြားေတြအတြက္ နာမည္ႀကီးသလို Milan ၿမိဳ႕ရဲ႕ အစည္ကားဆံုးလမ္းေတြထဲက တစ္ခုလည္းျဖစ္ပါတယ္။ အခုလို စည္ကားတဲ့လမ္းမႀကီးကို အားျဖည့္ေပးတဲ့အေနနဲ႔ Apple Store အသစ္က ဗိသုကာလက္ရာအသစ္ကို ယူလာမွာျဖစ္ပါတယ္။ သဘာဝစြမ္းအင္ကို အသံုးျပဳတာမ်ားတဲ့ Apple အေနနဲ႔ေတာ့ သူတို႔ရဲ႕ Store ေတြမွာ အသံုးျပဳေနက်ပစၥည္းေတြျဖစ္တဲ့ ဖန္ခ်ပ္ႀကီးေတြကိုပဲ အသံုးျပဳၿပီး အျပင္က ေနေရာင္ကို Store ထဲမွာေကာင္းေကာင္းရေအာင္ Design ဆြဲထားပါတယ္။ 

ထူးျခားခ်က္အေနနဲ႔ေတာ့ အခု Store အသစ္မွာ အေပၚဖက္ကို ေရတံခြန္တစ္ခုနဲ႔ အလွဆင္ထားပါတယ္။ အေပၚဖက္ Store ဝင္ေပါက္ကို အလွဆင္ထားတာျဖစ္သလို အျပင္ဖက္ ပြဲလုပ္တဲ့ကြင္းျပင္အတြက္လည္း Backdrop အျဖစ္ အလွဆင္ထားတာပါ။ Store ရဲ႕ေနာက္ေက်ာဖက္က Piazza ကိုေတာ့ Beola Grigia လို႔ေခၚတဲ့ ေက်ာက္ျပားေတြကိုအသံုးျပဳၿပီး အလွဆင္ထားပါတယ္။ အဲ့ဒီ Piazza ကိုေတာ့ လာေရာက္လည္ပတ္သူေတြအတြက္ ၂၄ နာရီဖြင့္ေပးထားပါတယ္။ 

Apple Piazza-Liberty

Apple က အခုလို သူတို႔ရဲ႕ Store ေတြကို အမ်ားနဲ႔ဆိုင္တဲ့ ေနရာေတြအျဖစ္ ဖန္တီးေပးလာတာ အခ်ိန္တစ္ခုၾကာခဲ့ပါၿပီ။ ၿမိဳ႕႔ႀကီးေတြရဲ႕ အထင္ကရေနရာေတြ၊ လူစုလူေဝးမ်ားတဲ့ေနရာေတြနဲ႔ နာမည္ႀကီးေနရာေတြမွာ Store အသစ္ေတြကို အခုလို လူအမ်ားစုေဝးႏိုင္တဲ့ ေနရာအျဖစ္ Design အသစ္ေတြ သံုးၿပီး တည္ေဆာက္လာပါတယ္။ Store ေတြမွာလည္း Apple ထုတ္ကုန္အသံုးျပဳသူေတြအတြက္ အခမဲ့ ဓာတ္ပံုပညာ၊ ႐ိုက္ကူးေရး၊ သီခ်င္းဖန္တီးေရး၊ Coding နဲ႔ Design ပိုင္းဆိုင္ရာေတြကို နာရီအလိုက္ သင္ၾကားေပးတဲ့ အစီအစဥ္ေတြလည္း ရွိပါတယ္။ 

Apple Piazza-Liberty

လာမယ့္ စက္တင္ဘာမွာလည္း ဒီ Apple Piazza Liberty မွွာ လခ်ီၾကာမယ့္ Milan Series အစီအစဥ္ကို အႏုပညာရွင္ ၂၁ ေယာက္နဲ႔အတူ အနာဂတ္အေၾကာင္း ပြဲတစ္ခု က်င္းပသြားမယ္လို႔ သိရပါတယ္။ Store ရဲ႕ Design ကေတာ့ လာေရာက္လည္ပတ္သူေတြကို ထူးျခားတဲ့အေတြ႕အႀကံဳနဲ႔အတူ အႏုပညာဆန္ဆန္ခံစားခ်က္ကိုေပးႏိုင္ေစဖို႔လို႔႔သိရပါတယ္။ ေရနဲ႔ ေက်ာက္ျပားေတြကို တစ္သားတည္းေပါင္းစပ္ထားတာေၾကာင့္ ေအးခ်မ္းတဲ့စိတ္ခံစားမႈကိုေပးႏိုင္မယ့္ ဗိသုကာလက္ရာ ျဖစ္တယ္ဆိုတာေတာ့ ျငင္းလို႔မရပါဘူး။ Store အတြက္ေတာ့ စနစ္တက် Training ေပးထားတဲ့ ဝန္ထမ္းေပါင္း ၂၃၀ ခန္႔ထားတယ္လို႔ သိရပါတယ္။ Apple ရဲ႕ Design အေငြ႕အသက္ အျပည့္ပါေနတာေၾကာင့္ သြားၿပီး လည္ပတ္ခ်င္စရာေကာင္းပါတယ္။ 

Ref: Apple 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

ဆန်းသစ်တဲ့ ဗိသုကာလက်ရာကြောင့် စိတ်ဝင်စားမှုများပြားနေတဲ့ Milan မြို့ က Apple Store အသစ်

Apple ကတော့ သူတို့ရဲ့  iPhone Design တွေ MacBook Design တွေကြောင့် နာမည်ကြီး လူသိများရုံတင်မဟုတ်ဘဲ နိုင်ငံတော်တော်များများမှာ ဖွင့်ထားတဲ့ Store တွေရဲ့ အပြင်အဆင်တွေကြောင့်လည်း Apple Fan တွေကြားမှာ နာမည်ကြီးပါတယ်။ Apple Piazza Liberty လို့ခေါ်မယ့် လက်လီဆိုင်အသစ်ကို မကြာခင်မှာ အသစ်ထပ်ဖွင့်တော့မယ့်အ ကြောင်း ကြေညာလိုက်ပါပြီ။ 

Apple Piazza-Liberty Staircase

အခု Store အသစ်ကိုတော့ Italy နိုင်ငံ Milan မြို့က Corso Vittorio Emanuele လမ်းမကြီးအနီးမှာ ဖွင့်သွားမှာဖြစ်ပါတယ်။ လမ်းမကြီးက နိုင်ငံတစ်ကာခရီးသွားတွေအတွက် နာမည်ကြီးသလို Milan မြို့ရဲ့ အစည်ကားဆုံးလမ်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အခုလို စည်ကားတဲ့လမ်းမကြီးကို အားဖြည့်ပေးတဲ့အနေနဲ့ Apple Store အသစ်က ဗိသုကာလက်ရာအသစ်ကို ယူလာမှာဖြစ်ပါတယ်။ သဘာဝစွမ်းအင်ကို အသုံးပြုတာများတဲ့ Apple အနေနဲ့တော့ သူတို့ရဲ့ Store တွေမှာ အသုံးပြုနေကျပစ္စည်းတွေဖြစ်တဲ့ ဖန်ချပ်ကြီးတွေကိုပဲ အသုံးပြုပြီး အပြင်က နေရောင်ကို Store ထဲမှာကောင်းကောင်းရအောင် Design ဆွဲထားပါတယ်။ 

ထူးခြားချက်အနေနဲ့တော့ အခု Store အသစ်မှာ အပေါ်ဖက်ကို ရေတံခွန်တစ်ခုနဲ့ အလှဆင်ထားပါတယ်။ အပေါ်ဖက် Store ဝင်ပေါက်ကို အလှဆင်ထားတာဖြစ်သလို အပြင်ဖက် ပွဲလုပ်တဲ့ကွင်းပြင်အတွက်လည်း Backdrop အဖြစ် အလှဆင်ထားတာပါ။ Store ရဲ့နောက်ကျောဖက်က Piazza ကိုတော့ Beola Grigia လို့ခေါ်တဲ့ ကျောက်ပြားတွေကိုအသုံးပြုပြီး အလှဆင်ထားပါတယ်။ အဲ့ဒီ Piazza ကိုတော့ လာရောက်လည်ပတ်သူတွေအတွက် ၂၄ နာရီဖွင့်ပေးထားပါတယ်။ 

Apple Piazza-Liberty

Apple က အခုလို သူတို့ရဲ့ Store တွေကို အများနဲ့ဆိုင်တဲ့ နေရာတွေအဖြစ် ဖန်တီးပေးလာတာ အချိန်တစ်ခုကြာခဲ့ပါပြီ။ မြို့ကြီးတွေရဲ့ အထင်ကရနေရာတွေ၊ လူစုလူဝေးများတဲ့နေရာတွေနဲ့ နာမည်ကြီးနေရာတွေမှာ Store အသစ်တွေကို အခုလို လူအများစုဝေးနိုင်တဲ့ နေရာအဖြစ် Design အသစ်တွေ သုံးပြီး တည်ဆောက်လာပါတယ်။ Store တွေမှာလည်း Apple ထုတ်ကုန်အသုံးပြုသူတွေအတွက် အခမဲ့ ဓာတ်ပုံပညာ၊ ရိုက်ကူးရေး၊ သီချင်းဖန်တီးရေး၊ Coding နဲ့ Design ပိုင်းဆိုင်ရာတွေကို နာရီအလိုက် သင်ကြားပေးတဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။ 

Apple Piazza-Liberty

လာမယ့် စက်တင်ဘာမှာလည်း ဒီ Apple Piazza Liberty မှှာ လချီကြာမယ့် Milan Series အစီအစဉ်ကို အနုပညာရှင် ၂၁ ယောက်နဲ့အတူ အနာဂတ်အကြောင်း ပွဲတစ်ခု ကျင်းပသွားမယ်လို့ သိရပါတယ်။ Store ရဲ့ Design ကတော့ လာရောက်လည်ပတ်သူတွေကို ထူးခြားတဲ့အတွေ့အကြုံနဲ့အတူ အနုပညာဆန်ဆန်ခံစားချက်ကိုပေးနိုင်စေဖို့လို့သိရပါတယ်။ ရေနဲ့ ကျောက်ပြားတွေကို တစ်သားတည်းပေါင်းစပ်ထားတာကြောင့် အေးချမ်းတဲ့စိတ်ခံစားမှုကိုပေးနိုင်မယ့် ဗိသုကာလက်ရာ ဖြစ်တယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ Store အတွက်တော့ စနစ်တကျ Training ပေးထားတဲ့ ဝန်ထမ်းပေါင်း ၂၃၀ ခန့်ထားတယ်လို့ သိရပါတယ်။ Apple ရဲ့ Design အငွေ့အသက် အပြည့်ပါနေတာကြောင့် သွားပြီး လည်ပတ်ချင်စရာကောင်းပါတယ်။ 

Ref: Apple 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။