[Zawgyi] 



All New App Store




Ref: 9to5Mac

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

App Download အရေအတွက် ပိုများလာစေခဲ့တဲ့ iOS ရဲ့ App Store အသစ်

Apple ရဲ့အကောင်းဆုံး iOS Feature ကောင်းတစ်ခုကိုပြောပါဆိုရင် App Store အကြောင်းကိုပဲပြောရမှာပါ။ iOS ပေါ်မှာ App တွေနဲ့ပတ်သက်လာရင် အသေးစိတ်ဂရုစိုက်တတ်တာလည်း Apple ပါ။ App တွေအတွက် ဝန်ထမ်းတော်တော်များများခန့်ထားပေးပြီး iOS App Store ကိုအမြဲပိုကောင်းလာအောင် လုပ်နေခဲ့တာ iOS 11 မှာသိသိသာသာပြောင်းလဲခဲ့ပါတယ်။ 

iPhone တစ်လုံးကို Activate လုပ်ပြီး စတင်အသုံးပြုမယ်ဆိုတာနဲ့ App Store ကိုသွားပြီး သင်လိုတဲ့ App တွေအရင် Download လုပ်ရတာက ပထမဦးဆုံးအလုပ်ပါ။ Download လုပ်ပြီးရင်တောင် အခြား App ကောင်းကောင်းလေးများတွေ့မလားဆိုပြီး ဆက်ရှာကြသူတွေလည်း မနည်းပဲဘူး။ အဲ့လို့ App ရှာတာနဲ့ပတ်သက်လို့ ပိုလွယ်လာတာကတော့ iOS 11 မှာစတင်မိတ်ဆက်ခဲ့တဲ့ App Store အသစ်ပါပဲ။ 

All New App Store

App Store အသစ်မှာတော့ iOS User တွေအတွက် တစ်နေ့တစ်မျိုး မရိုးရအောင် Editor တွေက App တွေကို ရွေးပေးထားတဲ့အပြင် App တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း Story လေးတွေရေးပြီး ရှင်းပြပေးထားတာကြောင့် App အသစ်ရှာဖွေတဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေလာပါတယ်။ 

အဲ့ဒီလို Story တွေထဲကမှ App Of The Day ဆိုတာနဲ့ Game Of The Day ဆိုတာတွေကြောင့် App အသစ်၊ Game အသစ်တွေကို Download လုပ်တဲ့အရေအတွက်က အရင်ကထက်သိသိသာသာပိုများလာခဲ့ပါတယ်။ App ကောင်းကောင်း Game ကောင်းကောင်းတစ်ခုကို ခက်ခက်ခဲခဲ လိုက်ရှာနေစရာမလိုတော့တာကြောင့်လည်း အလွယ်တစ်ကူ Download လုပ်လာနိုင်တာပဲဖြစ်ပါတယ်။ 

Story တွေထဲမှာ Featured ဖြစ်သွားတဲ့ App တွေနဲ့ Game တော်တော်များများကြောင့် Download လုပ်တဲ့အရေအတွက်က များပြားလာတာပါ။ Apple ရဲ့ App Store အသစ်ကြောင့် App Developer တွေနဲ့ iOS User တွေအတွက် အလွန်ကောင်းတဲ့ Upgrade တစ်ခုဖြစ်သွားခဲ့ပါတယ်။ Google ရဲ့ Play Store နဲ့ယှဉ်ရင်တော့ App Store ကပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ အမှန်ပါပဲ။ သင်ရော iOS App Store အသစ်ကို ဘောကျသူလား။ 

Ref: 9to5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။