[Zawgyi] 


AI Fixes Damaged Image



Ref: The Next Web

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

ပျက်နေတဲ့ပုံတွေကို ပြန်ပြင်ပေးနိုင်မယ့် Nvidia ရဲ့ AI အသစ်

လုပ်ငန်းခွင်သုံးနဲ့ Gaming ပိုင်းအတွက် အသုံးပြုတဲ့ကွန်ပျူတာတွေမှာ ခဏခဏတွေ့ရတဲ့ GPU တွေထဲက Nvidia ကိုသင်ရင်းနှီးမှာပါ။ Nvidia ရဲ့ အောင်မြင်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ AI ဖန်တီးမှုအဖွဲ့က ဓာတ်ပုံတွေကိုပြန်ပြင်ပေးနိုင်မယ့် AI အသစ်ကို ထုတ်ပြလိုက်ပါပြီ။ 

AI Fixes Damaged Image

AI အသစ်ကတော့ ပျက်နေတဲ့ဓာတ်ပုံတစ်ပုံမှာ လိုအပ်နေတဲ့အစိတ်အပိုင်းကို ဖြည့်ပေးသွားနိုင်ပါတယ်။ ဥပမာ လူတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံမှာ မျက်လုံး၊ နှာခေါင်း စတဲ့အစိတ်အပိုင်းတစ်ခုခုနေရာမှာ ပျက်နေတယ်၊ အပေါက်ဖြစ်နေတယ်ဆိုရင် AI ကသင့်တော်တဲ့ မျက်လုံး၊ နှာခေါင်းကို ပျက်နေတဲ့နေရာတွေမှာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြည့်ပေးနိုင်ပါတယ်။ 

AI အလုပ်လုပ်ပုံကတော့ တစ်နေရာဆီမှာလိုအပ်တဲ့ အစိတ်အပိုင်းတွေကို အချိန်ခဏလေးအတွင်းမှာကိုပဲ ပြန်ဖြည့်ပေးနိုင်ပါတယ်။ Nvidia ရဲ့ Video အရ ပုံထဲက မလိုချင်တဲ့အရာတွေကို ဖျောက်ဖို့အတွက်လည်း အသုံးဝင်နိုင်ပါတယ်။ ပျက်နေတဲ့ပုံဆိုရင်လည်း  ပျက်နေတဲ့နေရာမှာ လိုအပ်တဲ့ Colour နဲ့ Texture ကို ဆက်ရာမရှိပဲ သပ်သပ်ရပ်ရပ်နဲ့ဖြည့်ပေးနိုင်ပါတယ်။ အခုလိုမျိုးပုံကို ပြန်ပြင်ဖို့၊ ဆက်ဖို့အတွက်ကို Graphic Designer ဒါမှမဟုတ် ဓာတ်ပုံပညာရှင်တစ်ယောက်ယောက်က သေခြာလုပ်မယ်ဆိုရင် အချိန်တော်တော်လေးပေးရမှာပါ။ Nvidia ရဲ့ AI ကတော့ မြန်ဆန်ပြီး တိကျတဲ့အတွက် တော်တော်လေးစိတ်ဝင်စားဖို့ကောင်းသလို တစ်ကယ်လည်း အသုံးဝင်တဲ့ Tool တစ်ခုဖြစ်လာနိုင်ပါတယ်။ 

Ref: The Next Web

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။