[Zawgyi] 

Samsung နဲ႔ပတ္သက္လာရင္ Display ေကာင္းတယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ား လက္ခံထားၾကသလို သူ႔ရဲ႕ OLED Display ေတြျဖစ္တဲ့ Super AMOLED ဆိုတဲ့ Branding ကိုလည္း အေကာင္းဆံုးစာရင္းကေန က်မသြားေအာင္ ထိန္းထားႏိုင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Samsung က ပိုေကာင္းတဲ့ နည္းပညာအသစ္တစ္ခုအျဖစ္ QLED ဆိုတာကို မိတ္ဆက္ေပးခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ QLED နည္းပညာက TV ေတြအတြက္ပဲ ျဖစ္ေနပါေသးတယ္။ 

Q900R 8K QLED TV

လြန္ခဲ့တဲ့ ၾသဂုတ္လမွာ Samsung မိတ္ဆက္ေပးခဲ့တဲ့ Q900R 8K QLED TV ေတြကို Preorder မွာလို႔ရေနပါၿပီ။ စတင္ေရာင္းခ်မယ့္ေစ်းကိုေတာ့ $15,000 သတ္မွတ္ထားတာေၾကာင့္ လက္ရွိေဒၚလာေစ်းအရ ခန္႔မွန္းျမန္မာေငြ သိန္း ၂၇၀ ဝန္းက်င္ေလာက္ က်သင့္ႏိုင္ပါတယ္။ ဒီေလာက္တန္ဖိုးမ်ားေနရတာကလည္း TV ရဲ႕ ေနာက္ကြယ္က နည္းပညာေတြေၾကာင့္ပါ။ အဲ့ဒီ TV တစ္လံုး ဖန္တီးဖို႔အတြက္ နည္းပညာအသစ္ေတြရွာေဖြစမ္းသပ္ဖို႔အတြက္ လူအင္အားနဲ႔ အခ်ိန္တစ္ခု လိုအပ္ပါတယ္။ အဲ့ဒီအတြက္လည္း ကုန္က်ေငြက နည္းမွာမဟုတ္ပါဘူး။ အဲ့ဒီလို ဖန္တီးၿပီးေနာက္ဆံုးထြက္လာတဲ့ထုတ္ကုန္တစ္ခုက အခုလိုေစ်းမ်ားေနတာ မဆန္းပါဘူး။

New QLED 8K TVs

8K TV ေတြဆိုတာ အိမ္တိုင္းမွာရွိမယ့္အရာေတာ့မဟုတ္ေသးပါဘူး။ လက္ရွိအခိ်န္မွာ 4K TV ေတြက တျဖည္းျဖည္းႏိုင္ငံအစံုက ေစ်းကြက္ေတြမွာ အရင္ကထက္ အမ်ားႀကီးေတြ႕လာရသလို ဝယ္ရတာလည္း လြယ္ကူလာပါတယ္။ ေနာက္ထပ္တစ္ခ်က္ကေတာ့ 4K OLED TV တစ္လံုးက ျမန္မာေငြ ၁၀ သိန္းဝန္းက်င္ကေန သိန္း ၂၀ အတြင္းမွာ အလြယ္တကူ ဝယ္လို႔ရေနသလို အခု Samsung ရဲ႕ QLED 8K TV ေတြထက္ ေစ်းက အမ်ားႀကီး သက္သာေနတာေၾကာင့္ပါ။ 

8K TV အတြက္လည္း 8K Video ေတြက နည္းေနပါေသးတယ္။ အဲ့ဒီျပႆနာအတြက္လည္း Samsung က ႀကိဳးစဥ္းစားထားၿပီးသားျဖစ္လို႔ သာမန္ Full HD Video ကိုပဲ 8K Resolution အတြက္ အဆင္ေျပေအာင္ ခ်ဲ႕ေပးမယ့္ နည္းပညာကို Quantum Processor နဲ႔ေပါင္းၿပီး ထည့္ေပးထားပါတယ္။ အဲ့ဒီနည္းပညာေၾကာင့္ သာမန္ Full HD နဲ႔ 4K Video ေတြကို 8K TV ေပၚမွာ ၾကည့္တဲ့အခါ ပိုၿပီး ၾကည္ၾကည္လင္လင္ ရွိေနေစမယ္လို႔သိရပါတယ္။ 

Ambient Mode on QLED TV

တကယ္တမ္းစဥ္းစားၾကည့္ရင္ 8K ဆိုတာႀကီးကေတာ့ လြန္လြန္းေနေပမယ့္ အေကာင္းဆံုးဆိုတာကိုလိုခ်င္သူေတြကေတာ့ ေစ်းႀကီးတယ္ဆိုေပမယ့္ ဝယ္ၾကမွာပါ။ ဒီ TV မွာပါတဲ့ Feature ေတာ္ေတာ္မ်ားမ်ားကို သံုးလို႔ရမယ့္ 4K QLED TV ေတြကိုလည္း Samsung က $1,600 ကေန $5,300 ဝန္းက်င္ေစ်းေတြနဲ႔ ေရာင္းေနတာေၾကာင့္ ေစ်းအမ်ားႀကီးသက္သာလို႔ လူႀကိဳက္ပိုမ်ားပါတယ္။ ဒါေပမယ့္ Home Theater ဖန္တီးခ်င္သူေတြအတြက္ေတာ့ 8K ဆုိတာ လိုခ်င္စရာ Resolution ျဖစ္ေနမွာပါ။ သင္ဆိုရင္ေရာ TV တစ္ခုတည္းအတြက္ သိန္း ၃၀၀ နီးပါး အကုန္ခံပါ့မလား။ 

Ref: The Verge | Digital Trends | Samsung

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

$15,000 နဲ့ စတင်ရောင်းချမယ့် ၈၅ လက်မ 8K Samsung QLED TV

Samsung နဲ့ပတ်သက်လာရင် Display ကောင်းတယ်ဆိုတာကို တော်တော်များများ လက်ခံထားကြသလို သူ့ရဲ့ OLED Display တွေဖြစ်တဲ့ Super AMOLED ဆိုတဲ့ Branding ကိုလည်း အကောင်းဆုံးစာရင်းကနေ ကျမသွားအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Samsung က ပိုကောင်းတဲ့ နည်းပညာအသစ်တစ်ခုအဖြစ် QLED ဆိုတာကို မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ QLED နည်းပညာက TV တွေအတွက်ပဲ ဖြစ်နေပါသေးတယ်။ 

Q900R 8K QLED TV

လွန်ခဲ့တဲ့ သြဂုတ်လမှာ Samsung မိတ်ဆက်ပေးခဲ့တဲ့ Q900R 8K QLED TV တွေကို Preorder မှာလို့ရနေပါပြီ။ စတင်ရောင်းချမယ့်ဈေးကိုတော့ $15,000 သတ်မှတ်ထားတာကြောင့် လက်ရှိဒေါ်လာဈေးအရ ခန့်မှန်းမြန်မာငွေ သိန်း ၂၇၀ ဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။ ဒီလောက်တန်ဖိုးများနေရတာကလည်း TV ရဲ့ နောက်ကွယ်က နည်းပညာတွေကြောင့်ပါ။ အဲ့ဒီ TV တစ်လုံး ဖန်တီးဖို့အတွက် နည်းပညာအသစ်တွေရှာဖွေစမ်းသပ်ဖို့အတွက် လူအင်အားနဲ့ အချိန်တစ်ခု လိုအပ်ပါတယ်။ အဲ့ဒီအတွက်လည်း ကုန်ကျငွေက နည်းမှာမဟုတ်ပါဘူး။ အဲ့ဒီလို ဖန်တီးပြီးနောက်ဆုံးထွက်လာတဲ့ထုတ်ကုန်တစ်ခုက အခုလိုဈေးများနေတာ မဆန်းပါဘူး။

New QLED 8K TVs

8K TV တွေဆိုတာ အိမ်တိုင်းမှာရှိမယ့်အရာတော့မဟုတ်သေးပါဘူး။ လက်ရှိအချိန်မှာ 4K TV တွေက တဖြည်းဖြည်းနိုင်ငံအစုံက ဈေးကွက်တွေမှာ အရင်ကထက် အများကြီးတွေ့လာရသလို ဝယ်ရတာလည်း လွယ်ကူလာပါတယ်။ နောက်ထပ်တစ်ချက်ကတော့ 4K OLED TV တစ်လုံးက မြန်မာငွေ ၁၀ သိန်းဝန်းကျင်ကနေ သိန်း ၂၀ အတွင်းမှာ အလွယ်တကူ ဝယ်လို့ရနေသလို အခု Samsung ရဲ့ QLED 8K TV တွေထက် ဈေးက အများကြီး သက်သာနေတာကြောင့်ပါ။ 

8K TV အတွက်လည်း 8K Video တွေက နည်းနေပါသေးတယ်။ အဲ့ဒီပြဿနာအတွက်လည်း Samsung က ကြိုးစဉ်းစားထားပြီးသားဖြစ်လို့ သာမန် Full HD Video ကိုပဲ 8K Resolution အတွက် အဆင်ပြေအောင် ချဲ့ပေးမယ့် နည်းပညာကို Quantum Processor နဲ့ပေါင်းပြီး ထည့်ပေးထားပါတယ်။ အဲ့ဒီနည်းပညာကြောင့် သာမန် Full HD နဲ့ 4K Video တွေကို 8K TV ပေါ်မှာ ကြည့်တဲ့အခါ ပိုပြီး ကြည်ကြည်လင်လင် ရှိနေစေမယ်လို့သိရပါတယ်။ 

Ambient Mode on QLED TV

တကယ်တမ်းစဉ်းစားကြည့်ရင် 8K ဆိုတာကြီးကတော့ လွန်လွန်းနေပေမယ့် အကောင်းဆုံးဆိုတာကိုလိုချင်သူတွေကတော့ ဈေးကြီးတယ်ဆိုပေမယ့် ဝယ်ကြမှာပါ။ ဒီ TV မှာပါတဲ့ Feature တော်တော်များများကို သုံးလို့ရမယ့် 4K QLED TV တွေကိုလည်း Samsung က $1,600 ကနေ $5,300 ဝန်းကျင်ဈေးတွေနဲ့ ရောင်းနေတာကြောင့် ဈေးအများကြီးသက်သာလို့ လူကြိုက်ပိုများပါတယ်။ ဒါပေမယ့် Home Theater ဖန်တီးချင်သူတွေအတွက်တော့ 8K ဆိုတာ လိုချင်စရာ Resolution ဖြစ်နေမှာပါ။ သင်ဆိုရင်ရော TV တစ်ခုတည်းအတွက် သိန်း ၃၀၀ နီးပါး အကုန်ခံပါ့မလား။ 

Ref: The Verge | Digital Trends | Samsung

Min Than Htike (Akhayar)

www.akhayar.com