[Zawgyi]

Nations League ျပိဳင္ပြဲမွာ ဂ်ာမနီကို ဂိုးျပတ္အႏိုင္ယူခဲ႔ဲတဲ႔ နယ္သာလန္

Nations League ျပိဳင္ပြဲမွာေတာ႔ နည္းျပ ေရာ္နယ္ကိုးမန္း Ronald Koeman ရဲ႕နယ္သာလန္အသင္းဟာ ဂ်ာမနီကို ဂိုးျပတ္အႏိုင္ယူခဲ႔ဲပါတယ္။ နယ္သာလန္အသင္းဟာ ဂ်ာမနီကို အိမ္ကြင္းမွာ ( ၃ – ၀ )နဲ႔ အႏိုင္ယူခဲ႔တာပါ။ UEFA အဖဲြ႕၀င္ႏုိင္ငံေတြထဲမွာ အေသးငယ္ဆုံးျဖစ္တဲ့ ဂ်ီဘေရာ္လ္တာအသင္းဟာ အာေမးနီးယားအသင္းကုိ (၁-၀)ဂုိးနဲ႔အႏုိင္ရခဲ့ၿပီး အသင္းကစားခဲ့တဲ့ (၂၃)ပဲြေျမာက္မွာ ပထမဆုံးႏုိင္ပဲြရယူခဲ့တာျဖစ္ပါတယ္။

နယ္သာလန္ ( ၃ – ၀ ) ဂ်ာမနီ

နယ္သာလန္အသင္းရဲ႕ အခုေနာက္ပိုင္းမွာ တိုးတက္လာခဲ႔တဲ႔ ပံုစံက အားရစရာျဖစ္ေနျပီး အရင္လိုအေနအထားမ်ိဳး ျပန္ရႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါ။ ဂ်ာမနီအသင္းကလည္း အရင္လိုျပန္ျဖစ္ဖို႔ အခ်ိန္တစ္ခုယူရဦးမယ္႔ အေနအထားမွာရိွေနျပီး အသင္းဟာ ေနာက္ဆံုးကစားခဲ႔တဲ႔ (၄)ပြဲမွာ ႏိုင္ပြဲ(၁)ပြဲသာ ရရိွခဲ႔သလို ေျခစြမ္းပိုင္းဟာလည္း အရင္ကနဲ႔ ကြာျခားေနခဲ႔ပါတယ္။ ဒီပြဲမွာ ႏွစ္သင္းလံုးဟာ လူစံုပြဲထြက္ကစားခဲ႔ၾကျပီး ကစားပံုေလးတဲ႔ ဂ်ာမနီအသင္းဟာ နယ္သာလန္အသင္းရဲ႕ ျမန္ျမန္ဆန္ဆန္ကစားဟန္ကို တားဆီးဖို႔ ခက္ခဲခဲ႔ပါတယ္။

Van-Dijk

Van-Dijk

ပြဲခ်ိန္မိနစ္(၃၀)မွာေတာ႔ နယ္သာလန္အသင္းဟာ ဦးေဆာင္ဂိုးစရခဲ႔ျပီး အသင္းေခါင္းေဆာင္ ဗန္ဒိုက္ van Dijk က ေခါင္းတိုက္သြင္းယူခဲ႔တာပါ။ ဂ်ာမနီအသင္းဟာ နယ္သာလန္အသင္းကို ေဘာလံုးပိုင္ဆိုင္မႈအသာစီးရယူျပီး ကစားႏိုင္ခဲ႔ေပမယ္႔ အဆံုးသတ္ပိုင္းမွာေတာ႔ လိုအပ္ခ်က္ေတြမ်ားေနခဲ႔ပါတယ္။ နယ္သာလန္အသင္းဟာ ေနာက္ထပ္အႏိုင္ဂိုးေတြကိုေတာ႔ ပြဲျပီးခါနီးမွာရရိွခဲ႔တာပဲ ျဖစ္ပါတယ္။ ပြဲခ်ိန္(၈၆)မိနစ္မွာ ဒီပိုင္း Depay ဟာနားလည္မႈရိွတဲ႔ အတြဲအဖက္ကေန အသင္းအတြက္ ဒုတိယဂိုးသြင္းယူခဲ႔သလို ပြဲခ်ိန္(၉၃)မိနစ္မွာေတာ႔ Wijnaldum က ဂ်ာမနီကစားသမားေတြကို အေကာင္းဆံုးေက်ာ္ျဖတ္ျပီး ကန္သြင္း အဆံုးသတ္ခဲ႔တာပဲျဖစ္ပါတယ္။

Depay-Scores-For-Netherlands

Depay-Scores-For-Netherlands

နယ္သာလန္အသင္းဟာ သမုိင္းတစ္ေလွ်ာက္မွာ ဂ်ာမနီအသငး္ကုိ ပထမဆုံးအႀကိမ္ (၃)ဂုိးနဲ႔အထက္ အႏုိင္ရခ့ဲတာျဖစ္ၿပီး ဂ်ာမနီအသင္းကေတာ့ ၁၉၈၅ ခုႏွစ္ေနာက္ပုိင္း ပထမဆုံးအႀကိမ္ (၁)ႏွစ္အတြင္း (၅)ပဲြအထိ ႐ႈံးနိမ့္ခဲ့တဲ့ မွတ္တမ္းဆုိးကုိ ျပန္လည္ပုိင္ဆုိင္ခဲ့တယ္။

Nations League ျပိဳင္ပြဲ ရလဒ္မ်ား

Slovakia 1 – 2 Czech Republic
Ireland 0 – 0 Denmark
Norway 1 – 0 Slovenia
Bulgaria 2 – 1 Cyprus
Georgia 3 – 0 Andorra
Latvia 1 – 1 Kazakhstan
Armenia 0 – 1 Gibraltar
FYR Macedonia 4 – 1 Liechtenstein

Photo: The Kop End , Bleacher Report , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

Nations League ပြိုင်ပွဲမှာ ဂျာမနီကို ဂိုးပြတ်အနိုင်ယူခဲ့ဲတဲ့ နယ်သာလန်

Nations League ပြိုင်ပွဲမှာတော့ နည်းပြ ရော်နယ်ကိုးမန်း Ronald Koeman ရဲ့နယ်သာလန်အသင်းဟာ ဂျာမနီကို ဂိုးပြတ်အနိုင်ယူခဲ့ဲပါတယ်။ နယ်သာလန်အသင်းဟာ ဂျာမနီကို အိမ်ကွင်းမှာ ( ၃ – ၀ )နဲ့ အနိုင်ယူခဲ့တာပါ။ UEFA အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အသေးငယ်ဆုံးဖြစ်တဲ့ ဂျီဘရော်လ်တာအသင်းဟာ အာမေးနီးယားအသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး အသင်းကစားခဲ့တဲ့ (၂၃)ပွဲမြောက်မှာ ပထမဆုံးနိုင်ပွဲရယူခဲ့တာဖြစ်ပါတယ်။

နယ်သာလန် ( ၃ – ၀ ) ဂျာမနီ

နယ်သာလန်အသင်းရဲ့ အခုနောက်ပိုင်းမှာ တိုးတက်လာခဲ့တဲ့ ပုံစံက အားရစရာဖြစ်နေပြီး အရင်လိုအနေအထားမျိုး ပြန်ရနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဂျာမနီအသင်းကလည်း အရင်လိုပြန်ဖြစ်ဖို့ အချိန်တစ်ခုယူရဦးမယ့် အနေအထားမှာရှိနေပြီး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာ ရရှိခဲ့သလို ခြေစွမ်းပိုင်းဟာလည်း အရင်ကနဲ့ ကွာခြားနေခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံးဟာ လူစုံပွဲထွက်ကစားခဲ့ကြပြီး ကစားပုံလေးတဲ့ ဂျာမနီအသင်းဟာ နယ်သာလန်အသင်းရဲ့ မြန်မြန်ဆန်ဆန်ကစားဟန်ကို တားဆီးဖို့ ခက်ခဲခဲ့ပါတယ်။

Van-Dijk

Van-Dijk

ပွဲချိန်မိနစ်(၃၀)မှာတော့ နယ်သာလန်အသင်းဟာ ဦးဆောင်ဂိုးစရခဲ့ပြီး အသင်းခေါင်းဆောင် ဗန်ဒိုက် van Dijk က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဂျာမနီအသင်းဟာ နယ်သာလန်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ လိုအပ်ချက်တွေများနေခဲ့ပါတယ်။ နယ်သာလန်အသင်းဟာ နောက်ထပ်အနိုင်ဂိုးတွေကိုတော့ ပွဲပြီးခါနီးမှာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲချိန်(၈၆)မိနစ်မှာ ဒီပိုင်း Depay ဟာနားလည်မှုရှိတဲ့ အတွဲအဖက်ကနေ အသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့သလို ပွဲချိန်(၉၃)မိနစ်မှာတော့ Wijnaldum က ဂျာမနီကစားသမားတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး ကန်သွင်း အဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။

Depay-Scores-For-Netherlands

Depay-Scores-For-Netherlands

နယ်သာလန်အသင်းဟာ သမိုင်းတစ်လျှောက်မှာ ဂျာမနီအသင်းကို ပထမဆုံးအကြိမ် (၃)ဂိုးနဲ့အထက် အနိုင်ရခဲ့တာဖြစ်ပြီး ဂျာမနီအသင်းကတော့ ၁၉၈၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် (၁)နှစ်အတွင်း (၅)ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့တယ်။

Nations League ပြိုင်ပွဲ ရလဒ်များ

Slovakia 1 – 2 Czech Republic
Ireland 0 – 0 Denmark
Norway 1 – 0 Slovenia
Bulgaria 2 – 1 Cyprus
Georgia 3 – 0 Andorra
Latvia 1 – 1 Kazakhstan
Armenia 0 – 1 Gibraltar
FYR Macedonia 4 – 1 Liechtenstein

Photo: The Kop End , Bleacher Report , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com