အခုဆိုရင်တော့ Netflix ဟာ သူ့ရဲ့ပထမဆုံးသော Movie Theater ကိုဝယ်ဖို့အတွက်ပြင်ဆင်နေပါပြီ။
Hollywood ကနာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Egyptian Theatre ကိုမျက်စိကျနေပြီး ဝယ်ယူဖို့အတွက်ဆွေးနွေးမှုတွေစတင်နေပြီပဲ ဖြစ်ပါတယ်။
ရိုက်ကူးမယ့်အကြောင်းအရာတွေကိုတော့ Netflix က ဆုံးဖြတ်သွားဖို့ အလားအလာရှိပြီး Subscribers တွေဟာ အရင်နဲ့မတူတဲ့ ရှုထောင့်ကနေ Netflix ကို တွေ့မြင်ရတော့မှာပါ။ Festivals ၊ Lectures အစရှိတဲ့ Weekend Programming တွေကိုတော့ လက်ရှိပိုင်ဆိုင်သူ American Cinematheque က ကိုင်တွယ်သွားမှာပါ။

Robin Hood ရုပ်ရှင်ဇာတ်ကားအတွက်ကျင်းပခဲ့တဲ့ Hollywood ရဲ့ပထမဆုံး Movie Premiere ဟာ ဒီ Egyptian Theater မှာကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆုရဖို့အလားအလာရှိနေတဲ့ ပွဲဦးထွက်ပြသမှုတွေကို Stream လုပ်ဖို့အတွက် The Streaming Giant က ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။
Netflix ကတော့ Oscar ရရှိဖို့အတွက် Streaming လုပ်ပြီးပြိုင်ဆိုင်ဖို့သင့်မသင့် ဆုံးဖြတ်ရခက်ခဲနေပြီး အတိုက်အခံတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။
Netflix ရဲ့ Chief Content Officer ဖြစ်သူ Ted Sarandos ကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘာမှ ပြောဆိုထားခြင်းမရှိသေးပါဘူး။

Ref; Engadget

SiD (Akhayar)

www.akhayar.com