Stranger Things ပရိတ်သတ်တွေအတွက် မိုဘိုင်းဂိမ်းအသစ်တခု ထုတ်ပေးသွားဖို့ ရှိကြောင်း မနေ့က ပြုလုပ်ခဲ့တဲ့ E3 Panel မှာ Netflix က ကြေညာလိုက်ပါတယ်။ အရင် မိတ်ဆက်ထားတဲ့ Stranger Things ဂိမ်းတွေနဲ့ လုံးဝ တူမှာမဟုတ်ဘဲ၊ Location-based Puzzle RPG ဂိမ်းတခု ဖြစ်လာမှာပါ။ ဂိမ်းနာမည်ကို ‘Stranger Things’ လို့ပဲ နာမည်ပေးထားပါတယ်။

Stranger Things ဂိမ်းအသစ်ကို တာဝန်ယူ ရေးပေးမယ့် Developer ကတော့ ‘Next Games’ ပါ။ The Walking Dead: Our World လို Mobile AR Game ကို ရေးပေးခဲ့တဲ့ Developer ပဲ ဖြစ်တာကြောင့် ပြဿနာရှိမှာ မဟုတ်ပါဘူး။ Graphics ကတော့ အရင် Stranger Things ဂိမ်းတွေလို 16-bit Style မဟုတ်တော့ဘဲ Show ရဲ့ 80’s Theme နဲ့ ကိုက်ညီအောင် 80’s ကာတွန်းကားစတိုင်မျိုး လုပ်ထားပါတယ်။

Google Maps နဲ့ ပေါင်းစပ်ထားတာကြောင့် Pokémon Go လိုပဲ တကယ့်အပြင်မြေပုံအတိုင်း ဂိမ်းထဲက Upside Down မှာ လျှောက်သွားနိုင်ပြီး၊ ပေါ်လာတဲ့ Monsters တွေကို တခြား Player တွေနဲ့ ပေါင်းချရမှာ ဖြစ်တယ်လို့တော့ Press Release မှာ ဖော်ပြထားပါတယ်။ Trailer မထွက်သေးတော့ Gameplay ဘယ်လိုဖြစ်မလဲတော့ သေချာမသိရသေးပါဘူး။ ၂၀၂၀ ခုနှစ်မှာ iOS နဲ့ Android အတွက် အခမဲ့ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Stranger Things TV Series ရဲ့ တတိယမြောက် Season ကို အခုလာမယ့် ဂျူလိုင် ၄ ရက်နေ့မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။ Season အသစ်စပြတဲ့နေ့မှာပဲ စီးရီးနဲ့ Tie-in ချိတ်ဆက်ထားတဲ့ Stranger Things 3: The Game ဆိုတဲ့ မိုဘိုင်းဂိမ်းကိုလည်း ထုတ်ပေးသွားမှာပါ။ ဒီဂိမ်းကတော့ 16-bit Style နဲ့ ဖြစ်ပါတယ်။

Ref: The Verge