Netflix ဟာ မကြာခင်မှာ Offline Download လုပ်ဆောင်ချက်သစ်တစ်ရပ်ကို ထုတ်ဖော်တော့မှာဖြစ်ပြီး စမတ်ဖုန်း၊ တက်ဘလက်တွေရဲ့ SD Storage တွေထဲကို အစီအစဉ်တွေ ထည့်သွင်းထားနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒီနေ့မှာ Netfilx ဟာ Android အသုံးပြုသူတွေကို ရုပ်ရှင်ဇာတ်ကားတွေနဲ့ TV Show တွေကို microSD ကတ်ထဲ ထည့်သွင်း ဒေါင်းလုဒ်လုပ်နိုင်တော့မယ့် ခြေလှမ်းသစ်တစ်ရပ်ကို စတင်ထည့်သွင်းပေးလိုက်တာပါ။

Netflix ရဲ့ နောက်ဆုံး Version App မှာ သင့်ကို အစီအစဉ်တွေကို Internal Storage ဒါမှမဟုတ် SD ကတ်ထဲ ထည့်သွင်း Save လုပ်ခွင့်ပေးမှာဖြစ်ပြီး ကိုယ်ကိုယ်တိုင် ရွေးချယ်နိုင်မှာပါ။  ယခုအထိတော့ Netflix ဟာ အစီအစဉ်တွေကို Internal Memory ထဲသာထည့်သွင်းခွင့်ပေးထားသေးတာဖြစ်ပြီး ဖုန်းက Storage နည်းပါးသူတွေအတွက် ဒီအစီအစဉ်တွေကို ထည့်သွင်းထားရတာကတော့ နည်းနည်း စိတ်ရှုပ်စရာပါပဲ။ ဒါပေမယ့် နောက်ဆိုရင်တော့ Storage များများဆံ့တဲ့ SD ကတ်ထဲကို ထည့်သွင်းထားနိုင်မှာပါ။

ဒါပေမယ့် လုပ်ဆောင်ချက်ဟာ Offline ဆိုပေမယ့် Content တွေကို Expire Date သတ်မှတ်ထားတာကြောင့် သင့်အနေနဲ့ ရုပ်ရှင်နဲ့ ရှိုးပွတြွေကို microSD ကတ်ထဲမှာ နောက်မှ ကြည့်မယ်ဆိုပြီး ကြာကြာသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ Netflix ရဲ့ ပြောကြားချက်အရ လုပ်ဆောင်ချက်ဟာ microSD ကတ်ပါဝင်တဲ့ Android ပစ္စည်းအားလုံးကို Support လုပ်မှာမဟုတ်ကြောင်းလဲ သိရပါတယ်။ ဒါပေမယ့် အနည်းငယ်ပြောင်းလဲမှုလေးဟာလည်း Offline Download လုပ်ပြီး ကြည်တဲ့ User တွေအတွက်ကတော့ ပိုမိုအဆင်ပြေစေနိုင်မှာပါ။

Ref: The Verge