Movie Streaming Service တွေက အခုအချိန်မှာ တဖြည်းဖြည်းများပြားလာပြီးတော့ ကြည့်ရှုသူတွေလည်း များပြားနေပါပြီ။ အဲ့ဒီထဲမှာ အအောင်မြင်ဆုံးလည်းဖြစ်ပြီးတော့ ကြည့်ရှုသူလည်း အများပြားဆုံးဖြစ်တဲ့ Netflix ကလည်း အပါအဝင်လို့ပြောလို့ရပါတယ်။

Netflix

Netflix

Netflix က လက်ရှိမြန်မာနိုင်ငံမှာလည်း VISA Card လိုမျိုး Payment တစ်ခုရှိတာနဲ့ အလွယ်တကူအသုံးပြုနိုင်ပြီဖြစ်ပြီးတော့ လစဉ်ကြေးကလည်း အသုံးပြုတဲ့ Plan ပေါ်မှုတည်ပြီးတော့ တစ်လကို ၁၀ ဒေါ်လာဝန်းကျင်လောက်ပဲ ကျသင့်တဲ့အတွက် ရုပ်ရှင်ဝါသနာအိုးတွေအတွက် တော်တော်လေးကိုအဆင်ပြေတယ်လို့လည်း ပြောလို့ရပါတယ်။

Netflix Plan Prices

Netflix Plan Prices

ဒါပေမယ့် ပြဿနာတစ်ခုက Streaming Service တွေဖြစ်နေတဲ့အတွက် ရုပ်ရှင်တွေကို Download ပြုလုပ်တာထက် Internet ကနေ Streaming ကြည့်တာပိုအဆင်ပြေနေတာပါ။ အဲ့ဒါကြောင့် အိမ်မှာ Unlimited Internet Access ရှိနေတာမျိုးဆိုရင် အဆင်ပြေတယ်ဆိုပေမယ့် ဖုန်းနဲ့ Mobile Data ကနေ ကြည့်တော့မယ်ဆိုရင် Data ဘယ်လောက်ထိ ကုန်မလဲဆိုတာက အရေးကြီးလာပါတယ်။

Netflix ကိုယ်တိုင်ကတော့ ဒီလိုမျိုး Streaming ပြုလုပ်တာအတွက် Data ဘယ်လောက်ထိ ကုန်နိုင်သလဲဆိုတာကို ခန့်မှန်းထားပြီးတော့ အဆိုပါ ခန့်မှန်းချက်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

Netflix Internet Data

Netflix Internet Data

အဲ့ဒီအတွက် ပုံမှန် Full HD မဟုတ်တဲ့ Basic Plan ပဲယူထားပြီး 480p ဒါမှမဟုတ် 720p နဲ့ ကြည့်မယ်ဆိုရင်တော့ ၁ နာရီကို 300MB ကနေ 700MB ဝန်းကျင်ပဲကုန်မှာဖြစ်ပြီးတော့ ပုံမှန် Full HD ရုပ်ရှင်တစ်ခုကြည့်မယ်ဆိုရင်တော့ ၁ နာရီကို 3GB ဝန်းကျင်အထိကုန်မှာပါ။ Netflix ကိုယ်တိုင်ကတော့ 2K ဒါမှမဟုတ် Quad HD Resolution နဲ့ ကြည့်မယ်ဆိုရင် Data ဘယ်လောက်ကုန်မလဲဆိုတာကို ပြောကြားထားခြင်းမရှိပေမယ့် စမ်းသပ်မှုတွေအရတော့ ၁ နာရီကို 4.5GB ဝန်းကျင်ကုန်တယ်လို့ သိရပါတယ်။ လုံးဝအမြင့်ဆုံး 4K Resolution နဲ့ဆိုရင်တော့ အနိမ့်ဆုံး ၁ နာရီကို 7GB နဲ့အထက် ကုန်မှာပါ။ 4K Movie မှာမှ HDR ရုပ်ရှင်တွေဆိုရင် 11GB အထက်ကို ကုန်နိုင်ပါသေးတယ်။

Netflix ကတော့ ပုံမှန် Full HD Movie ကြည့်ဖို့အတွက် 8Mbps Internet Connection လောက် အနည်းဆုံးရှိဖို့လိုအပ်တယ်လို့ ပြောကြားထားပြီး တကယ်လို့ အမြင့်ဆုံး 4K HDR Content တွေကြည့်မယ်ဆိုရင်တော့ 25Mbps Speed အနည်းဆုံးလိုအပ်မှာဖြစ်ပါတယ်။

ယခု ကုန်ကျနိုင်တဲ့ Data ပမာဏဟာ Fixed မဟုတ်ဘဲ တကယ်လို့ ကိုယ်ကြည့်တဲ့ရုပ်ရှင်က 24fps နဲ့ ရိုက်ကူးထားတာမျိုးမဟုတ်ဘဲ Bitrate ပိုများပြားတဲ့ 60fps နဲ့ ရိုက်ထားတာမျိုးဆိုရင် အခုပြောထားတာထက်ပိုပြီး Data ကုန်နိုင်ပါသေးတယ်။

Netflix

တကယ်လို့ Data အရမ်းကုန်နေလို့ ချွေတာချင်တယ်ဆိုရင်တော့ Browser ကနေ ကိုယ့်ရဲ့ Account မှာရှိတဲ့ Playback Settings မှာ Auto ၊ Low ၊ Medium နဲ့ High Quality ရှိတဲ့ထဲက Low Quality ကို ရွေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ Mobile App မှာဆိုရင်တော့ Automatic ၊ Wi-Fi Only ၊ Save Data နဲ့ Maximum Data ဆိုပြီး Option တွေ့မှာဖြစ်ပြီး Automatic Setting က ၄ နာရီ Streaming ကို 1GB ပဲကုန်အောင် Limit လုပ်ပေးမှာဖြစ်ပြီး Save Data Setting ကတော့ ၆ နာရီ Streaming ကို 1GB ပဲကုန်အောင် Limit လုပ်ပေးသွားမှာဖြစ်ပါတယ်။

Netflix Mobile Data Saving

ဘာပဲဖြစ်ဖြစ် Netflix မှာလည်း အခုဆိုရင် ရွေးချယ်စရာရုပ်ရှင်တွေ၊ ဇတ်လမ်းကောင်းတွေ အများကြီးရှိတော့ ဒီလိုမျိုး Data ဘယ်လောက်ကုန်သလဲဆိုတာကို သိထားတာက အသုံးဝင်မှာပါ။

Ref : Android Authority