This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားဗိုလ္လုပြဲကို ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူကိုင္တြယ္သြားမယ့္ ပီတာနား Pitana

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားမယ့္ ျပင္သစ္အသင္းနဲ႔ ခရိုေအးရွားအသင္းတို႔ရဲ႕ ပြဲစဥ္ကို ကြင္းလယ္ဒိုင္အျဖစ္ အာဂ်င္တီးနားဒိုင္လူႀကီး ပီတာနား Pitana က တာဝန္ယူကိုင္တြယ္သြားမွာျဖစ္ပါတယ္။ ရုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ရွိ လုဇ္နီကီကြင္းမွာ ကစားမယ့္ ဗိုလ္လုပဲြကို ပီတာနား Pitana က ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူသြားမွာျဖစ္ၿပီး အာဂ်င္တီးနား ဒိုင္လူႀကီးေတြျဖစ္ၾကတဲ့ မိုင္ဒါနာ Maidana နဲ႔ ဟြမ္ပါဘလို Juan Pablo တို႔က စည္းၾကပ္ဒိုင္ေတြအျဖစ္ တာဝန္ယူသြားမွာျဖစ္ေၾကာင္း ဖီဖာက တရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ၂၀၁၀ ခုႏွစ္မွာ ဒိုင္ေလာကကို ဝင္ေရာက္ခဲ့တဲ့ အသက္ (၄၃)ႏွစ္အရြယ္ရွိ ပီတာနား Pitana ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ပြဲစဥ္ (၄)ပြဲကို ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူကိုင္တြယ္ထားခဲ့တာပါ။

Nestor-Pitana

Nestor-Pitana

ပီတာနား Pitana ဟာ ကမၻာ႔ဖလားၿပိဳင္ပြဲ (၂)ႀကိမ္အထိ တာဝန္ယူကိုင္တြယ္ဖူးတဲ့ ဒုတိယေျမာက္ အာဂ်င္တီးနားဒိုင္လူႀကီးအျဖစ္ မွတ္တမ္းတင္ထားတာျဖစ္ပါတယ္။ ၁၉၇၀ ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ ၁၉၇၈ ကမၻာ႔ဖလားၿပိဳင္ပြဲေတြရဲ႕ ပြဲစဥ္တခ်ိဳ႕မွာ ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူခဲ့တဲ့ ကူးရက္ဇ္ဇာ Coerezza က ကမၻာ႔ဖလားၿပိဳင္ပြဲ (၂)ႀကိမ္ တာဝန္ယူကိုင္တြယ္ဖူးတဲ့ အာဂ်င္တီးနားဒိုင္လူႀကီးအျဖစ္ မွတ္တမ္းတင္ထားခဲ့တာပါ။ ဒါ့အျပင္ ကမၻာ႔ဖလားဗိုလ္လုပြဲကို တာဝန္ယူကိုင္တြယ္ဖူးတဲ့ ဒုတိယေျမာက္ အာဂ်င္တီးနားဒိုင္လူႀကီးအျဖစ္ ပီတာနား Pitana က မွတ္တမ္းတင္ႏိုင္ေတာ့မွာျဖစ္ပါတယ္။ ၂၀၀၆ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲကို ကိုင္တြယ္ခဲ့တဲ့ အယ္လီဇြန္ဒို Alizondo တစ္ဦးသာ ကမၻာ႔ဖလားဗိုလ္လုပြဲကို ကိုင္တြယ္ဖူးတဲ့ အာဂ်င္တီးနားဒိုင္လူႀကီးအျဖစ္ မွတ္တမ္းတင္ထားခဲ့တာပါ။ ပီတာနား Pitana ဟာ အေတြ႔အႀကံဳရင့္က်တ္တဲ့ ဒိုင္လူႀကီးတစ္ဦးျဖစ္ေပမယ့္ လူငယ္ၿပိဳင္ပြဲေတြရဲ႕ အေရးပါတဲ့ ပြဲစဥ္ေတြမွာသာ ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့ဖူးၿပီး အဓိကၿပိဳင္ပြဲႀကီးတစ္ရပ္ရဲ႕ ဗိုလ္လုပြဲကို ပထမဆံုးအႀကိမ္ ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

FIFA-Refree-Logo

FIFA-Refree-Logo

၂၀၁၈ ကမၻာ႔ဖလား ဗိုလ္လုပြဲကို တာဝန္ကိုင္တြယ္မယ့္ ဒိုင္လူႀကီးမ်ားစာရင္း

ကြင္းလယ္ဒိုင္ – ပီတာနား Pitana (အာဂ်င္တီးနား)
စည္းၾကပ္ဒိုင္ – မိုင္ဒါနား Maidana (အာဂ်င္တီးနား)၊ ဟြမ္ပါဘလို Juan Pablo (အာဂ်င္တီးနား)
စတုတၳဒိုင္ – ကြီးပါးစ္ Kuipers (နယ္သာလန္)
အရံဒိုင္ – ဇိန္းစထရာ Zeinstra (နယ္သာလန္)

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ပီတာနား Pitana ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူခဲ့ေသာ ပြဲစဥ္မ်ား

ရုရွား – ေတာင္ကိုရီးယား (အုပ္စုပြဲစဥ္)
အေမရိကန္ – ေပၚတူဂီ (အုပ္စုပြဲစဥ္)
ဟြန္ဒူးရပ္စ္ – ဆြစ္ဇာလန္ (အုပ္စုပြဲစဥ္)
ျပင္သစ္ – ဂ်ာမနီ (ကြာတားဖိုင္နယ္)

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ပီတာနား Pitana ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူခဲ့ေသာ ပြဲစဥ္မ်ား

ရုရွား – ေဆာ္ဒီအာေရဗ် (အုပ္စုအဖြင့္ပြဲစဥ္)
မကၠဆီကို – ဆြီဒင္ (အုပ္စုပြဲစဥ္)
ခရိုေအးရွား – ဒိန္းမတ္ (၁၆ သင္း ရံႈးထြက္)
ဥရုေဂြး – ျပင္သစ္ (ကြာတားဖိုင္နယ္)

ပီတာနား Pitana ကြင္းလယ္ဒိုင္အျဖစ္ ေဆာင္ရြက္ခဲ့ဖူးေသာ အဓိကပြဲစဥ္တခ်ိဳ႕

ဂ်ာမနီ – ႏိုက္ဂ်ီးရီးယား (၂၀၁၆ ရီယိုအုိလံပစ္၊ ဆီမီးဖိုင္နယ္)
ဂ်ာမနီ – မကၠဆီကို (၂၀၁၇ ကြန္ဖက္ဒေရးရွင္း၊ ဆီမီးဖိုင္နယ္)
ခ်ီလီ – အီေကြေဒါ (၂၀၁၅ ကိုပါအေမရိက၊ အုပ္စုပြဲစဥ္)
ကိုလံဘီယာ – ပီရူး (၂၀၁၅ ကိုပါအေမရိက၊ အုပ္စုပြဲစဥ္)
ေရးဗားပလိတ္ – ဟူရာကန္ (၂၀၁၄ အာဂ်င္တီးနားစူပါဖလား၊ ဗိုလ္လုပြဲ)

REF:FIFA.com
Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်သွားမယ့် ပီတာနား Pitana

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားမယ့် ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် အာဂျင်တီးနားဒိုင်လူကြီး ပီတာနား Pitana က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ လုဇ်နီကီကွင်းမှာ ကစားမယ့် ဗိုလ်လုပွဲကို ပီတာနား Pitana က ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး အာဂျင်တီးနား ဒိုင်လူကြီးတွေဖြစ်ကြတဲ့ မိုင်ဒါနာ Maidana နဲ့ ဟွမ်ပါဘလို Juan Pablo တို့က စည်းကြပ်ဒိုင်တွေအဖြစ် တာဝန်ယူသွားမှာဖြစ်ကြောင်း ဖီဖာက တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒိုင်လောကကို ဝင်ရောက်ခဲ့တဲ့ အသက် (၄၃)နှစ်အရွယ်ရှိ ပီတာနား Pitana ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ် (၄)ပွဲကို ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်ထားခဲ့တာပါ။

Nestor-Pitana

Nestor-Pitana

ပီတာနား Pitana ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ (၂)ကြိမ်အထိ တာဝန်ယူကိုင်တွယ်ဖူးတဲ့ ဒုတိယမြောက် အာဂျင်တီးနားဒိုင်လူကြီးအဖြစ် မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေရဲ့ ပွဲစဉ်တချို့မှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ ကူးရက်ဇ်ဇာ Coerezza က ကမ္ဘာ့ဖလားပြိုင်ပွဲ (၂)ကြိမ် တာဝန်ယူကိုင်တွယ်ဖူးတဲ့ အာဂျင်တီးနားဒိုင်လူကြီးအဖြစ် မှတ်တမ်းတင်ထားခဲ့တာပါ။ ဒါ့အပြင် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တာဝန်ယူကိုင်တွယ်ဖူးတဲ့ ဒုတိယမြောက် အာဂျင်တီးနားဒိုင်လူကြီးအဖြစ် ပီတာနား Pitana က မှတ်တမ်းတင်နိုင်တော့မှာဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့တဲ့ အယ်လီဇွန်ဒို Alizondo တစ်ဦးသာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကိုင်တွယ်ဖူးတဲ့ အာဂျင်တီးနားဒိုင်လူကြီးအဖြစ် မှတ်တမ်းတင်ထားခဲ့တာပါ။ ပီတာနား Pitana ဟာ အတွေ့အကြုံရင့်ကျတ်တဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်ပေမယ့် လူငယ်ပြိုင်ပွဲတွေရဲ့ အရေးပါတဲ့ ပွဲစဉ်တွေမှာသာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး အဓိကပြိုင်ပွဲကြီးတစ်ရပ်ရဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

FIFA-Refree-Logo

FIFA-Refree-Logo

၂၀၁၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တာဝန်ကိုင်တွယ်မယ့် ဒိုင်လူကြီးများစာရင်း

ကွင်းလယ်ဒိုင် – ပီတာနား Pitana (အာဂျင်တီးနား)
စည်းကြပ်ဒိုင် – မိုင်ဒါနား Maidana (အာဂျင်တီးနား)၊ ဟွမ်ပါဘလို Juan Pablo (အာဂျင်တီးနား)
စတုတ္ထဒိုင် – ကွီးပါးစ် Kuipers (နယ်သာလန်)
အရံဒိုင် – ဇိန်းစထရာ Zeinstra (နယ်သာလန်)

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပီတာနား Pitana ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့သော ပွဲစဉ်များ

ရုရှား – တောင်ကိုရီးယား (အုပ်စုပွဲစဉ်)
အမေရိကန် – ပေါ်တူဂီ (အုပ်စုပွဲစဉ်)
ဟွန်ဒူးရပ်စ် – ဆွစ်ဇာလန် (အုပ်စုပွဲစဉ်)
ပြင်သစ် – ဂျာမနီ (ကွာတားဖိုင်နယ်)

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပီတာနား Pitana ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့သော ပွဲစဉ်များ

ရုရှား – ဆော်ဒီအာရေဗျ (အုပ်စုအဖွင့်ပွဲစဉ်)
မက္ကဆီကို – ဆွီဒင် (အုပ်စုပွဲစဉ်)
ခရိုအေးရှား – ဒိန်းမတ် (၁၆ သင်း ရှုံးထွက်)
ဥရုဂွေး – ပြင်သစ် (ကွာတားဖိုင်နယ်)

ပီတာနား Pitana ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ဖူးသော အဓိကပွဲစဉ်တချို့

ဂျာမနီ – နိုက်ဂျီးရီးယား (၂၀၁၆ ရီယိုအိုလံပစ်၊ ဆီမီးဖိုင်နယ်)
ဂျာမနီ – မက္ကဆီကို (၂၀၁၇ ကွန်ဖက်ဒရေးရှင်း၊ ဆီမီးဖိုင်နယ်)
ချီလီ – အီကွေဒေါ (၂၀၁၅ ကိုပါအမေရိက၊ အုပ်စုပွဲစဉ်)
ကိုလံဘီယာ – ပီရူး (၂၀၁၅ ကိုပါအမေရိက၊ အုပ်စုပွဲစဉ်)
ရေးဗားပလိတ် – ဟူရာကန် (၂၀၁၄ အာဂျင်တီးနားစူပါဖလား၊ ဗိုလ်လုပွဲ)

REF:FIFA.com
Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com