ဘောလုံးအားကစားကို ချစ်မြတ်နိုးပြီး ၀ါသနာပါတဲ့ ဒီဘက်ခေတ် ကလေးတွေရဲ့ Idol ကစားသမားက စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ (၂)ဦးထဲက (၁)ဦးဖြစ်နေမယ်ဆိုတာ သေချာတဲ့ အရာတစ်ခုပါပဲ။ ဒီအထဲမှာ မန်ယူအသင်းရဲ့ ဆာဘီးယားကွင်းလယ်လူ မာတစ် Nemanja Matic ရဲ့ သား(၂)ယောက်လည်းပါဝင်ခဲ့ပြီး သူတို့က စီရော်နယ်လ်ဒို ရဲ့ ပရိသတ်တွေဖြစ်ကြပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာတော့ ယူရို(၂၀၂၀)ခြေစစ်ပွဲစဉ်အဖြစ် ဆာဘီးယား နဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပေါ်တူဂီအသင်းက အဝေးကွင်းမှာ (၂-၄)နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ စီရော်နယ်လ်ဒို ဟာ ပေါ်တူဂီအသင်းအတွက် တတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် သူ့ရဲ့(၈၉)ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မာတစ် ဟာ စီရော်နယ်လ်ဒို ပရိသတ်ဖြစ်ကြတဲ့ သူ့သားတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ရပါတယ်။ ဒါကတော့ မာတစ် ဟာ ပေါ်တူဂီအသင်းရဲ့ အ၀တ်လဲခန်းအပြင်မှာ သူ့သား(၂)ယောက် စီရော်နယ်လ်ဒို နဲ့တွေ့ဆုံဖို့ အတူစောင့်ဆိုင်းပေးခဲ့တာပဲဖြစ်ပါတယ်။ စီရော်နယ်လ်ဒို ထွက်လာတဲ့အချိန်မှာတော့ မာတစ် ဟာ သူ့သား(၂)ယောက်ကို သူတို့ရဲ့ Idol ကစားသမားနဲ့ ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ ဒါကြောင့် ကလေးတွေဟာ သူတို့ရဲ့ Idol နဲ့ တွေ့ချင်တဲ့ အိမ်မက်တစ်ခုပြည့်စုံသွားခဲ့သလို တစ်ဖက်က ပြိုင်ဘက်ကစားသမားဖြစ်ပေမယ့် မာတစ် ရဲ့ သားတွေအပေါ် အလိုလိုက်ခဲ့တဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။

Nemanja Matic ရဲ့ သား(၂)ယောက် Cristiano Ronaldo နဲ့တွေ့ဆုံတဲ့ ဗီဒီယိုကြည့်ရန်လင်ခ့်

Ref: Merto
Photo:  YouTube , Teller Report
Ko Kyue(Akhayar)
www.akhayar.com