[Zawgyi]

အခ်ိန္ပုိ ေန႔တုိင္းဆင္းရင္ က်န္းမာေရးထိခုိက္လာမယ္တဲ့

အလုပ္အခ်ိန္ပိုဆင္းတဲ့သူေတြအေနနဲ႔ က်န္းမာေရးကို ထိခိုက္လာႏုိင္တယ္ဆိုတဲ့အေၾကာင္းကို ေဆးပညာရွင္မ်ားက ထုတ္ျပန္လိုက္ပါတယ္။ လူတစ္ေယာက္ဟာ တစ္ေန႔ကို အလုပ္ခ်ိန္ ၈ နာရီထက္ပိုၿပီး လုပ္မယ္ဆိုရင္ အခုေဖာ္ျပေပးမယ့္ က်န္းမာေရးဆိုင္ရာျပႆနာရပ္ေတြ ျဖစ္လာႏုိင္လို႔ သတိျပဳသင့္ပါတယ္။

(၁) အိပ္ခ်ိန္ထိခိုက္ျခင္း

ညဘက္အခ်ိန္ပိုအလုပ္ဆင္းတာပဲျဖစ္ျဖစ္၊ တစ္ေန႔ကို ၈ နာရီထက္ပိုၿပီး အလုပ္လုပ္တဲ့သူေတြက ညဘက္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ဖုိ႔ ခဲယဥ္းသြားပါတယ္။ အလုပ္လုပ္ရမယ္ဆိုတဲ့ စိတ္ေၾကာင့္ စိတ္ဖိစီးမႈျဖစ္ေပၚလာၿပီး အိပ္ခ်ိန္ကိုေတာင္ ေမ့ေလ်ာ့သြားတာမ်ိဳးျဖစ္တတ္ပါတယ္။ အလုပ္ပိုလုပ္ထားရတဲ့အခါ ပင္ပန္းႏြမ္းနယ္ၿပီး ခႏၶာကိုယ္တြင္းေဟာ္မုန္းမညီမွ်မႈေတြ ျဖစ္ေပၚလာကာ အိပ္ခ်ိန္ကို အေႏွာင့္အယွက္ျဖစ္သြားေစပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

(၂) ဆီးခ်ိဳေရာဂါျဖစ္ႏုိင္ေခ်မ်ားလာျခင္း

အလုပ္အခ်ိန္ပိုလုပ္တာနဲ႔ ဆီးခ်ိဳေရာဂါျဖစ္ႏုိင္ေခ် ဘယ္လိုဆက္စပ္မႈရွိလဲဆိုေတာ့ အလုပ္လုပ္ေနရတဲ့အတြက္ ခႏၶာကိုယ္တြင္းက ေသြးဖိအားျမင့္တက္လာျခင္း၊ ကိုလက္စထေရာ Level ျမင့္တက္လာျခင္း စတာေတြ ျဖစ္ေပၚလာပါေတာ့တယ္။ ဒီအခ်က္ေတြက ဆီးခ်ိဳေရာဂါအစပ်ိဳးေစတဲ့ လကၡဏာရပ္ေတြပါ။ ဒါ့အျပင္ ေဆးပညာရွင္မ်ားရဲ႕ ေလ့လာဆန္းစစ္ခ်က္ေတြအရ အလုပ္အခ်ိန္ပိုဆင္းတဲ့သူေတြက သာမန္အလုပ္ခ်ိန္မွာပဲ အလုပ္လုပ္တဲ့သူေတြထက္ကို ပိုၿပီး ဆီးခ်ိဳေရာဂါျဖစ္ႏုိင္ေခ်ပိုမ်ားတယ္လို႔ သိရပါတယ္။

(၃) အဝလြန္ျခင္း

တစ္ေနကုန္ ကြန္ပ်ဴတာေရွ႕အလုပ္လုပ္တဲ့သူေတြက အဝလြန္ေရာဂါကို ပိုမိုခံစားရတတ္ပါတယ္။ အလုပ္အခ်ိန္ ၈ နာရီထက္ကိုပိုၿပီး အလုပ္လုပ္တဲ့အခါ စားခ်ိန္၊ အိပ္ခ်ိန္ေတြကလည္း အခ်ိန္မမွန္ေတာ့ပါဘူး။ စားခ်ိန္၊ အိပ္ခ်ိန္မမွန္ေတာ့တဲ့အခါ လူကပင္ပန္းႏြမ္းနယ္ၿပီး အဆီ၊ အဆိမ့္၊ အခ်ိဳမ်ားကို ပိုမိုေတာင့္တလာၾကပါတယ္။ ဒီအခ်က္က အဝလြန္ျခင္းကို ဦးတည္ေနပါတယ္။

(၄) ႏွလံုးထိခုိက္ႏုိင္ျခင္း

အလုပ္ပိတဲ့သူေတြက ႏွလံုးေရာဂါျဖစ္ႏုိင္ေခ် ပိုမ်ားတယ္လို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ အခ်ိန္ပိုအလုပ္လုပ္ရတဲ့သူေတြက စိတ္ဖိစီးမႈဒဏ္ကို ခံစားရၿပီး ခႏၶာကိုယ္တြင္းက Cortisol ေဟာ္မုန္း ထုတ္လႊတ္ပါတယ္။ ဒီေဟာ္မုန္းက ႏွလံုးကို ထိခိုက္ေစႏုိင္တဲ့အရာပါ။ ဒါ့ေၾကာင့္ တစ္ေန႔ကို ၈ နာရီထက္ပိုၿပီး အလုပ္လုပ္ျခင္းက ႏွလံုးေရာဂါျဖစ္ႏုိင္ေခ် ပိုမ်ားတဲ့အတြက္ သတိျပဳသင့္တဲ့ အခ်က္ပါပဲ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

(၅) စိတ္ဖိစီးျခင္း

အလုပ္ကို အခ်ိန္ပိုလုပ္ရတဲ့အခါမွာ စိတ္မပါတဲ့ အလုပ္တစ္ခုကို လုပ္ေနရတဲ့အတြက္ စိတ္ဖိစီးျခင္းကို ျဖစ္ေပၚလာေစပါတယ္။ အလုပ္အခ်ိန္ပိုလုပ္ၿပီး အလုပ္မၿပီးေျမာက္ေတာ့တဲ့အခါမွာ စိတ္ဓာတ္က်လာၿပီး စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ား ျဖစ္လာႏုိင္ပါတယ္။ အလုပ္ပိတဲ့ဒဏ္ေၾကာင့္ က်န္းမာေရးကို ထိခိုက္ေစတဲ့အျပင္ လူမႈေရးျပႆနာမ်ားလည္း ျဖစ္လာႏုိင္တာေၾကာင့္ တစ္ေန႔ကို ၈ နာရီထက္ပိုၿပီး အလုပ္မလုပ္သင့္ပါဘူး။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အချိန်ပို နေ့တိုင်းဆင်းရင် ကျန်းမာရေးထိခိုက်လာမယ်တဲ့

အလုပ်အချိန်ပိုဆင်းတဲ့သူတွေအနေနဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်ဆိုတဲ့အကြောင်းကို ဆေးပညာရှင်များက ထုတ်ပြန်လိုက်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အလုပ်ချိန် ၈ နာရီထက်ပိုပြီး လုပ်မယ်ဆိုရင် အခုဖော်ပြပေးမယ့် ကျန်းမာရေးဆိုင်ရာပြဿနာရပ်တွေ ဖြစ်လာနိုင်လို့ သတိပြုသင့်ပါတယ်။

(၁) အိပ်ချိန်ထိခိုက်ခြင်း

ညဘက်အချိန်ပိုအလုပ်ဆင်းတာပဲဖြစ်ဖြစ်၊ တစ်နေ့ကို ၈ နာရီထက်ပိုပြီး အလုပ်လုပ်တဲ့သူတွေက ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခဲယဉ်းသွားပါတယ်။ အလုပ်လုပ်ရမယ်ဆိုတဲ့ စိတ်ကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်လာပြီး အိပ်ချိန်ကိုတောင် မေ့လျော့သွားတာမျိုးဖြစ်တတ်ပါတယ်။ အလုပ်ပိုလုပ်ထားရတဲ့အခါ ပင်ပန်းနွမ်းနယ်ပြီး ခန္ဓာကိုယ်တွင်းဟော်မုန်းမညီမျှမှုတွေ ဖြစ်ပေါ်လာကာ အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်သွားစေပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

(၂) ဆီးချိုရောဂါဖြစ်နိုင်ချေများလာခြင်း

အလုပ်အချိန်ပိုလုပ်တာနဲ့ ဆီးချိုရောဂါဖြစ်နိုင်ချေ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတော့ အလုပ်လုပ်နေရတဲ့အတွက် ခန္ဓာကိုယ်တွင်းက သွေးဖိအားမြင့်တက်လာခြင်း၊ ကိုလက်စထရော Level မြင့်တက်လာခြင်း စတာတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒီအချက်တွေက ဆီးချိုရောဂါအစပျိုးစေတဲ့ လက္ခဏာရပ်တွေပါ။ ဒါ့အပြင် ဆေးပညာရှင်များရဲ့ လေ့လာဆန်းစစ်ချက်တွေအရ အလုပ်အချိန်ပိုဆင်းတဲ့သူတွေက သာမန်အလုပ်ချိန်မှာပဲ အလုပ်လုပ်တဲ့သူတွေထက်ကို ပိုပြီး ဆီးချိုရောဂါဖြစ်နိုင်ချေပိုများတယ်လို့ သိရပါတယ်။

(၃) အဝလွန်ခြင်း

တစ်နေကုန် ကွန်ပျူတာရှေ့အလုပ်လုပ်တဲ့သူတွေက အဝလွန်ရောဂါကို ပိုမိုခံစားရတတ်ပါတယ်။ အလုပ်အချိန် ၈ နာရီထက်ကိုပိုပြီး အလုပ်လုပ်တဲ့အခါ စားချိန်၊ အိပ်ချိန်တွေကလည်း အချိန်မမှန်တော့ပါဘူး။ စားချိန်၊ အိပ်ချိန်မမှန်တော့တဲ့အခါ လူကပင်ပန်းနွမ်းနယ်ပြီး အဆီ၊ အဆိမ့်၊ အချိုများကို ပိုမိုတောင့်တလာကြပါတယ်။ ဒီအချက်က အဝလွန်ခြင်းကို ဦးတည်နေပါတယ်။

(၄) နှလုံးထိခိုက်နိုင်ခြင်း

အလုပ်ပိတဲ့သူတွေက နှလုံးရောဂါဖြစ်နိုင်ချေ ပိုများတယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ အချိန်ပိုအလုပ်လုပ်ရတဲ့သူတွေက စိတ်ဖိစီးမှုဒဏ်ကို ခံစားရပြီး ခန္ဓာကိုယ်တွင်းက Cortisol ဟော်မုန်း ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းက နှလုံးကို ထိခိုက်စေနိုင်တဲ့အရာပါ။ ဒါ့ကြောင့် တစ်နေ့ကို ၈ နာရီထက်ပိုပြီး အလုပ်လုပ်ခြင်းက နှလုံးရောဂါဖြစ်နိုင်ချေ ပိုများတဲ့အတွက် သတိပြုသင့်တဲ့ အချက်ပါပဲ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

(၅) စိတ်ဖိစီးခြင်း

အလုပ်ကို အချိန်ပိုလုပ်ရတဲ့အခါမှာ စိတ်မပါတဲ့ အလုပ်တစ်ခုကို လုပ်နေရတဲ့အတွက် စိတ်ဖိစီးခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ အလုပ်အချိန်ပိုလုပ်ပြီး အလုပ်မပြီးမြောက်တော့တဲ့အခါမှာ စိတ်ဓာတ်ကျလာပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ အလုပ်ပိတဲ့ဒဏ်ကြောင့် ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် လူမှုရေးပြဿနာများလည်း ဖြစ်လာနိုင်တာကြောင့် တစ်နေ့ကို ၈ နာရီထက်ပိုပြီး အလုပ်မလုပ်သင့်ပါဘူး။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။