[Zawgyi]

ေမြ႔ရာတစ္ခုကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္သံုးရင္ ဘာေတြျဖစ္လာႏိုင္သလဲ

ေန႔သစ္တိုင္းမွာ အင္အားအျပည္႔နဲ႔ လႈပ္ရွားရုန္းကန္ႏိုင္ဖို႔အတြက္ ညဘက္မွာ အိပ္ေရးဝဝအိပ္စက္ျခင္းက အလြန္အေရးႀကီးပါတယ္။ အိပ္စက္တဲ့အခါမွာလည္း သက္ေသာင္႔သက္သာရွိရွိ အိပ္စက္ႏိုင္မွ အိပ္ေရးဝျပီး မနက္မွာ လန္းလန္းဆန္းဆန္း ႏိုးထလာႏုိင္မွာျဖစ္ပါတယ္။ သက္ေသာင္႔သက္သာ အိပ္စက္ႏိုင္ဖို႔အတြက္ အိပ္ရာသန္႔သန္႔ျပန္႔ျပန္႔ေလးရွိဖို႔ ေမြ႔ရာကို လဲသင္႔တဲ႔အခ်ိန္မွာလဲဖိို႔လည္း အေရးၾကီးပါတယ္။ ေမြ႔ရာေကာင္းေကာင္းဝယ္ထားေပမယ္႔ ဒီေမြ႔ရာကႏွစ္မ်ားစြာၾကာျပီး ကိုယ္႔ကိုေကာင္းေကာင္းေထာက္ပ႔ံမႈမေပးႏိုင္ေတာ႔ရင္ မျဖစ္မေနလဲရေတာ႔မွာပါ။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

ေလ႔လာခ်က္ေတြအရ ေမြ႔ရာတစ္ခုကို အမ်ားဆံုး ၈ ႏွစ္ေလာက္ထိပဲ အသံုးျပဳေပးသင့္ပါတယ္တဲ႔။ အဲအခ်ိန္ကာလထက္ေက်ာ္လြန္ၿပီး အသံုးျပဳမိရင္ သင္လဲေလ်ာင္းတဲ႔ေမြ႔ရာဟာ သင္႔ကိုေဝဒနာအေပးဆံုးအရာျဖစ္လာေတာ႔မွာပါ။ ေမြ႔ရာေဟာင္းေတြက လူ႔ခႏၶာကိုယ္ကိုဒီလုိဆုိးက်ိဳးေတြေပးႏိုင္ပါတယ္တဲ႔။

နာက်င္ျခင္း

အရည္အေသြးေကာင္းတဲ႔ ေမြ႔ရာနဲ႔အိပ္တယ္ဆုိရင္ေတာင္ အခ်ိန္ၾကာျမင္႔လာတဲ႔အခါမွာ အရည္အေသြးက်လာတတ္ပါတယ္။ အဲဒီလိုအရည္အေသြးေတြေလ်ာ့က်လာၿပီဆုိရင္ ေမြ႔ရာကအိက်လာျပီး ခႏၶာကိုယ္တစ္ခုလံုးကို ေကာင္းေကာင္းေထာက္ပ႔ံမႈမေပးႏိုင္ေတာ႔ပါဘူး။ အဲဒီလို အိက်လာတဲ့ေမြ႔ရာေပၚမွာ အိပ္စက္မိရင္ လည္းပင္နဲ႔ ေက်ာေတြက နာက်င္မႈဒဏ္ကို ခံစားရပါလိမ့္မယ္။ နာက်င္မႈကိုခံစားရတဲ႔အျပင္ ကုိယ္ေနဟန္ထားကိုလည္း ထိခိုက္လာေစပါတယ္။ အဲလုိျဖစ္လာတဲ႔ေမြ႔ရာကို ယာယီဆက္သံုးခ်င္္ေသးတယ္ဆိုရင္ေတာ့ ေျပာင္းျပန္လွန္ၿပီး အသံုးျပဳေပးလို႔ရပါတယ္။ဒါက အေကာင္းဆံုး အၾကံဥာဏ္ေတာ႔မဟုတ္ပါဘူးေနာ္။ အသစ္လဲတာကေတာ႔ ပိုေကာင္းပါတယ္။

အေရျပားယားယံျခင္း

ေမြ႔ရာအေဟာင္းေတာ္ေတာ္မ်ားမ်ားမွာ အေတြ႔မ်ားတာကေတာ့ အင္းဆက္ပိုးမႊားေတြပဲ ျဖစ္ပါတယ္။ အခ်ိန္ေတြၾကာျမင္႔လာတာနဲ႔အမွ် အင္းဆက္ပိုးမႊားေတြရဲ႕ က်က္စားရာေနရာ ျဖစ္လာပါေတာ့တယ္။ ဒီအင္းဆက္ပိုးမႊားေတြေၾကာင္႔ အေရးျပားယားယံျခင္း၊ အနီစက္မ်ားထြက္လာျခင္းတို႔ကို ျဖစ္လာေစပါတယ္။ ပန္းနာရင္က်ပ္သမားေတြဆိုရင္ အင္းဆက္ပိုးမႊားေတြေၾကာင့္ ဓာတ္မတည္႔မႈုုျဖစ္ျပီး ေဝဒနာဆုိးလာတဲ႔အထိေတာင္ ျဖစ္ပြားသြားေစႏုိင္ပါတယ္။ အဲဒီလိုမ်ဳိးေတြ မျဖစ္ရေလေအာင္ ေမြ႔ရာအသစ္ဝယ္တာပဲျဖစ္ျဖစ္၊ ေမြ႔ရာခင္းအသစ္လဲတာပဲျဖစ္ျဖစ္ မျဖစ္မေနလုပ္ရပါမယ္။

ဓာတ္မတည္႔မႈျဖစ္ပြားျခင္း

ေမြ႔ရာအေဟာင္းေတြမွာ ကပ္ပါးေကာင္ေတြနဲ႔ အင္းဆက္ပိုးမႊားေတြ ကပ္တြယ္ရုံသာမက မႈိေတြနဲ႔ဘက္တီးရီးယားေတြလည္း က်င္လည္က်က္စားတတ္ပါတယ္။ Norovirus ၊Enterococcus၊ Staphylococcus နဲ႔ MRSA အစရွိတဲ့ ဘက္တီးရီးယားေတြ အမ်ားဆံုးက်င္လည္ က်က္စားတတ္ပါတယ္။ ဒီလိုအရာေတြေၾကာင္႔ အေရျပားကူးစက္ေရာဂါ၊ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း အစရွိတာေတြကို ျဖစ္ပြားေစပါတယ္။ မႈိေတြက စိုထိုင္းတဲ့ေနရာေတြမွာ ကိန္းေအာင္းလြယ္လို႔ မႈိေတြနဲ႔ ပိုးမႊားေတြေသေအာင္ ေမြ႔ရာကိုေနျပေပးတာမ်ဳိးလုပ္ေပးသင့္ပါတယ္။ ေမြ႔ရာမွာ မႈိေတြကပ္တြယ္ေနရင္ ႏွင္းခူနာ၊ ေခ်ာင္းဆိုးျခင္းနဲ႔ မ်က္လံုးယားယံျခင္း အစရွိတဲ႔ ဓာတ္မတည္႔မႈေတြ ျဖစ္ပြားေစပါတယ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

အထက္မွာ ေဖာ္ျပထားတဲ႔ လကၡဏာေတြမျဖစ္ရေလေအာင္ ကိုယ္အသံုးျပဳေနတဲ႔ ေမြ႔ရာေတြ ေဟာင္းႏြမ္းသြားရင္ အသစ္ျပန္လဲလွယ္ေပးတာမ်ဳိး ျပဳလုပ္ေပးသင္႔ပါတယ္။ အိပ္မေပ်ာ္တဲ့အထိ၊ အေရးျပားမွာ ဓာတ္မတည္႔မႈေတြ ျဖစ္ပြားတဲ႔အထိ၊ လည္းပင္နဲ႔ေက်ာေတြ နာတဲ႔အထိ ေမြ႔ရာကို အသံုးျပဳတာမ်ဳိးေရွာင္ၾကဥ္သင့္ပါတယ္။ က်န္းမာေရးကို ဂရုစိုက္တဲ႔အေနနဲ႔ ကိုယ္အိပ္စက္တဲ႔ေနရာေလးကိုသန္႔သန္႔ရွင္းရွင္းနဲ႔ အိပ္ခ်င္စဖြယ္ေနရာေလးျဖစ္ေအာင္ ဖန္တီးဖို႔၊ မေကာင္းေတာ့တဲ့ ေမြ႔ရာေတြနဲ႔ မအိပ္စက္မိေစဖို႔ သတိျပဳၾကပါေနာ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မွေ့ရာတစ်ခုကို နှစ်ပေါင်းများစွာကြာအောင်သုံးရင် ဘာတွေဖြစ်လာနိုင်သလဲ

နေ့သစ်တိုင်းမှာ အင်အားအပြည့်နဲ့ လှုပ်ရှားရုန်းကန်နိုင်ဖို့အတွက် ညဘက်မှာ အိပ်ရေးဝဝအိပ်စက်ခြင်းက အလွန်အရေးကြီးပါတယ်။ အိပ်စက်တဲ့အခါမှာလည်း သက်သောင့်သက်သာရှိရှိ အိပ်စက်နိုင်မှ အိပ်ရေးဝပြီး မနက်မှာ လန်းလန်းဆန်းဆန်း နိုးထလာနိုင်မှာဖြစ်ပါတယ်။ သက်သောင့်သက်သာ အိပ်စက်နိုင်ဖို့အတွက် အိပ်ရာသန့်သန့်ပြန့်ပြန့်လေးရှိဖို့ မွေ့ရာကို လဲသင့်တဲ့အချိန်မှာလဲဖို့လည်း အရေးကြီးပါတယ်။ မွေ့ရာကောင်းကောင်းဝယ်ထားပေမယ့် ဒီမွေ့ရာကနှစ်များစွာကြာပြီး ကိုယ့်ကိုကောင်းကောင်းထောက်ပံ့မှုမပေးနိုင်တော့ရင် မဖြစ်မနေလဲရတော့မှာပါ။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

လေ့လာချက်တွေအရ မွေ့ရာတစ်ခုကို အများဆုံး ၈ နှစ်လောက်ထိပဲ အသုံးပြုပေးသင့်ပါတယ်တဲ့။ အဲအချိန်ကာလထက်ကျော်လွန်ပြီး အသုံးပြုမိရင် သင်လဲလျောင်းတဲ့မွေ့ရာဟာ သင့်ကိုဝေဒနာအပေးဆုံးအရာဖြစ်လာတော့မှာပါ။ မွေ့ရာဟောင်းတွေက လူ့ခန္ဓာကိုယ်ကိုဒီလိုဆိုးကျိုးတွေပေးနိုင်ပါတယ်တဲ့။

နာကျင်ခြင်း

အရည်အသွေးကောင်းတဲ့ မွေ့ရာနဲ့အိပ်တယ်ဆိုရင်တောင် အချိန်ကြာမြင့်လာတဲ့အခါမှာ အရည်အသွေးကျလာတတ်ပါတယ်။ အဲဒီလိုအရည်အသွေးတွေလျော့ကျလာပြီဆိုရင် မွေ့ရာကအိကျလာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကောင်းထောက်ပံ့မှုမပေးနိုင်တော့ပါဘူး။ အဲဒီလို အိကျလာတဲ့မွေ့ရာပေါ်မှာ အိပ်စက်မိရင် လည်းပင်နဲ့ ကျောတွေက နာကျင်မှုဒဏ်ကို ခံစားရပါလိမ့်မယ်။ နာကျင်မှုကိုခံစားရတဲ့အပြင် ကိုယ်နေဟန်ထားကိုလည်း ထိခိုက်လာစေပါတယ်။ အဲလိုဖြစ်လာတဲ့မွေ့ရာကို ယာယီဆက်သုံးချင်သေးတယ်ဆိုရင်တော့ ပြောင်းပြန်လှန်ပြီး အသုံးပြုပေးလို့ရပါတယ်။ဒါက အကောင်းဆုံး အကြံဉာဏ်တော့မဟုတ်ပါဘူးနော်။ အသစ်လဲတာကတော့ ပိုကောင်းပါတယ်။

အရေပြားယားယံခြင်း

မွေ့ရာအဟောင်းတော်တော်များများမှာ အတွေ့များတာကတော့ အင်းဆက်ပိုးမွှားတွေပဲ ဖြစ်ပါတယ်။ အချိန်တွေကြာမြင့်လာတာနဲ့အမျှ အင်းဆက်ပိုးမွှားတွေရဲ့ ကျက်စားရာနေရာ ဖြစ်လာပါတော့တယ်။ ဒီအင်းဆက်ပိုးမွှားတွေကြောင့် အရေးပြားယားယံခြင်း၊ အနီစက်များထွက်လာခြင်းတို့ကို ဖြစ်လာစေပါတယ်။ ပန်းနာရင်ကျပ်သမားတွေဆိုရင် အင်းဆက်ပိုးမွှားတွေကြောင့် ဓာတ်မတည့်မှုုုဖြစ်ပြီး ဝေဒနာဆိုးလာတဲ့အထိတောင် ဖြစ်ပွားသွားစေနိုင်ပါတယ်။ အဲဒီလိုမျိုးတွေ မဖြစ်ရလေအောင် မွေ့ရာအသစ်ဝယ်တာပဲဖြစ်ဖြစ်၊ မွေ့ရာခင်းအသစ်လဲတာပဲဖြစ်ဖြစ် မဖြစ်မနေလုပ်ရပါမယ်။

ဓာတ်မတည့်မှုဖြစ်ပွားခြင်း

မွေ့ရာအဟောင်းတွေမှာ ကပ်ပါးကောင်တွေနဲ့ အင်းဆက်ပိုးမွှားတွေ ကပ်တွယ်ရုံသာမက မှိုတွေနဲ့ဘက်တီးရီးယားတွေလည်း ကျင်လည်ကျက်စားတတ်ပါတယ်။ Norovirus ၊Enterococcus၊ Staphylococcus နဲ့ MRSA အစရှိတဲ့ ဘက်တီးရီးယားတွေ အများဆုံးကျင်လည် ကျက်စားတတ်ပါတယ်။ ဒီလိုအရာတွေကြောင့် အရေပြားကူးစက်ရောဂါ၊ဆီးလမ်းကြောင်းပိုးဝင်ခြင်း အစရှိတာတွေကို ဖြစ်ပွားစေပါတယ်။ မှိုတွေက စိုထိုင်းတဲ့နေရာတွေမှာ ကိန်းအောင်းလွယ်လို့ မှိုတွေနဲ့ ပိုးမွှားတွေသေအောင် မွေ့ရာကိုနေပြပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ မွေ့ရာမှာ မှိုတွေကပ်တွယ်နေရင် နှင်းခူနာ၊ ချောင်းဆိုးခြင်းနဲ့ မျက်လုံးယားယံခြင်း အစရှိတဲ့ ဓာတ်မတည့်မှုတွေ ဖြစ်ပွားစေပါတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေမဖြစ်ရလေအောင် ကိုယ်အသုံးပြုနေတဲ့ မွေ့ရာတွေ ဟောင်းနွမ်းသွားရင် အသစ်ပြန်လဲလှယ်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ အိပ်မပျော်တဲ့အထိ၊ အရေးပြားမှာ ဓာတ်မတည့်မှုတွေ ဖြစ်ပွားတဲ့အထိ၊ လည်းပင်နဲ့ကျောတွေ နာတဲ့အထိ မွေ့ရာကို အသုံးပြုတာမျိုးရှောင်ကြဉ်သင့်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ ကိုယ်အိပ်စက်တဲ့နေရာလေးကိုသန့်သန့်ရှင်းရှင်းနဲ့ အိပ်ချင်စဖွယ်နေရာလေးဖြစ်အောင် ဖန်တီးဖို့၊ မကောင်းတော့တဲ့ မွေ့ရာတွေနဲ့ မအိပ်စက်မိစေဖို့ သတိပြုကြပါနော်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။