[Zawgyi]

သႀကၤန္ပိတ္ရက္ရွည္အၿပီး လုပ္ငန္းခြင္ျပန္ဝင္ဖုိ႔ အားေလ်ာ့ေနပါသလား…

သႀကၤန္တြင္းမွာ အျပည့္အဝအနားယူၿပီးၿပီဆိုေတာ့ အားအင္အျပည့္နဲ႔ ရံုးတက္ရေတာ့မွာေပါ့ေနာ္။ ဒါေပမယ့္ အမ်ားစုကေတာ့ ဒီလိုပိတ္ရက္ရွည္ႀကီးမွာ အနားယူထားတာဆိုေတာ့ လုပ္ငန္းခြင္ထဲကို ျပန္ဝင္ဖို႔ စိတ္ဖိစီးမႈမ်ားနဲ႔ ေလးလံေနတတ္ပါတယ္။ ဒီေတာ့… သႀကၤန္ပိတ္ရက္မွာ အနားယူၿပီးလို႔ ရံုးျပန္တက္ရင္ အခုေဖာ္ျပေပးမယ့္ နည္းလမ္းအတုိင္း စိတ္ကို Motivate ျပန္လုပ္ေပးသင့္ပါတယ္။

(၁) မနက္အိပ္ရာထရင္ ရံုးတက္ရေတာ့မွာမို႔လို႔ ညဘက္ေစာေစာအိပ္ရာဝင္ပါ။ အိပ္ေရးဝမွ စိတ္က ၾကည္လင္တာေၾကာင့္ ကိုုယ္လုပ္ရမယ့္ အလုပ္ေတြကို စိတ္ဖိစီးမႈမရွိဘဲ အေကာင္းဆံုး ျပဳလုပ္ႏုိင္မွာပါ။ ဒါ့ေၾကာင့္ အိပ္ေရးဝဝအိပ္ပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၂) ရံုးေရာက္တာနဲ႔ ဘာကိုအရင္လုပ္ရမလဲဆိုၿပီး ေတြေဝေနတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ စိတ္ေအးေအးထားပါ။ အလုပ္ထဲမွာ စိတ္ႏွစ္ၿပီး လုပ္ရေတာ့မယ္ဆိုေပမယ့္လည္း စိတ္ဖိစီးမႈမ်ားသြားတာမ်ိဳး မျဖစ္ေစခ်င္ပါဘူး။

(၃) အခ်ိန္ခြဲၿပီး လုပ္ပါ။ သႀကၤန္ရံုးပိတ္ရက္ေၾကာင့္ လုပ္ရမယ့္အလုပ္ေတြက ေတာင္လိုပံုေနတယ္ဆိုရင္ စိတ္ဓာတ္မက်ဘဲ ေျဖးေျဖးမွန္မွန္သာ ျပဳလုပ္သြားပါ။ အခိ်န္အကန္႔အသက္ခြဲျခားၿပီး ကိုယ္ျမန္ျမန္လုပ္ႏုိင္မယ့္ အရာကို အရင္ဦးဆံုး လုပ္ေဆာင္သြားပါ။

(၄) ပိတ္ရက္ကို ဘယ္လိုအခ်ိန္ကုန္ဆံုးခဲ့လဲ၊ ဘယ္ခရီးေတြသြားခဲ့လဲဆိုတာကို လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း ျပန္လည္ Sharing လုပ္ႏုိင္ပါတယ္။ ပထမဆံုးရက္မွာ အလုပ္မွာပဲစိတ္ႏွစ္ၿပီး လုပ္ေနရရင္ စိတ္ဖိစီးမႈမ်ားၿပီး အလြဲလြဲအေခ်ာ္ေခ်ာ္ေတြ ျဖစ္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ကိုလည္း အတတ္ႏုိင္ဆံုး ေအးေအးေဆးေဆး ထားေစခ်င္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၅) ဒီေန႔ အလုပ္ကို ေသခ်ာအာရံုစိုက္မလုပ္ႏုိင္ေသးဘူးဆိုၿပီး စိတ္ဓာတ္က်ေနမယ့္အစား ေနာက္တစ္ေန႔မွာ ဘယ္လိုႀကိဳးစားအားထုတ္ၿပီး လုပ္မယ္ဆိုၿပီး စိတ္ကို Motivate လုပ္ထားပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်္ကြန်ပိတ်ရက်ရှည်အပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ အားလျော့နေပါသလား…

သင်္ကြန်တွင်းမှာ အပြည့်အဝအနားယူပြီးပြီဆိုတော့ အားအင်အပြည့်နဲ့ ရုံးတက်ရတော့မှာပေါ့နော်။ ဒါပေမယ့် အများစုကတော့ ဒီလိုပိတ်ရက်ရှည်ကြီးမှာ အနားယူထားတာဆိုတော့ လုပ်ငန်းခွင်ထဲကို ပြန်ဝင်ဖို့ စိတ်ဖိစီးမှုများနဲ့ လေးလံနေတတ်ပါတယ်။ ဒီတော့… သင်္ကြန်ပိတ်ရက်မှာ အနားယူပြီးလို့ ရုံးပြန်တက်ရင် အခုဖော်ပြပေးမယ့် နည်းလမ်းအတိုင်း စိတ်ကို Motivate ပြန်လုပ်ပေးသင့်ပါတယ်။

(၁) မနက်အိပ်ရာထရင် ရုံးတက်ရတော့မှာမို့လို့ ညဘက်စောစောအိပ်ရာဝင်ပါ။ အိပ်ရေးဝမှ စိတ်က ကြည်လင်တာကြောင့် ကိုုယ်လုပ်ရမယ့် အလုပ်တွေကို စိတ်ဖိစီးမှုမရှိဘဲ အကောင်းဆုံး ပြုလုပ်နိုင်မှာပါ။ ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

(၂) ရုံးရောက်တာနဲ့ ဘာကိုအရင်လုပ်ရမလဲဆိုပြီး တွေဝေနေတတ်ပါတယ်။ ဒီလိုအချိန်မှာ စိတ်အေးအေးထားပါ။ အလုပ်ထဲမှာ စိတ်နှစ်ပြီး လုပ်ရတော့မယ်ဆိုပေမယ့်လည်း စိတ်ဖိစီးမှုများသွားတာမျိုး မဖြစ်စေချင်ပါဘူး။

(၃) အချိန်ခွဲပြီး လုပ်ပါ။ သင်္ကြန်ရုံးပိတ်ရက်ကြောင့် လုပ်ရမယ့်အလုပ်တွေက တောင်လိုပုံနေတယ်ဆိုရင် စိတ်ဓာတ်မကျဘဲ ဖြေးဖြေးမှန်မှန်သာ ပြုလုပ်သွားပါ။ အချိန်အကန့်အသက်ခွဲခြားပြီး ကိုယ်မြန်မြန်လုပ်နိုင်မယ့် အရာကို အရင်ဦးဆုံး လုပ်ဆောင်သွားပါ။

(၄) ပိတ်ရက်ကို ဘယ်လိုအချိန်ကုန်ဆုံးခဲ့လဲ၊ ဘယ်ခရီးတွေသွားခဲ့လဲဆိုတာကို လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပြန်လည် Sharing လုပ်နိုင်ပါတယ်။ ပထမဆုံးရက်မှာ အလုပ်မှာပဲစိတ်နှစ်ပြီး လုပ်နေရရင် စိတ်ဖိစီးမှုများပြီး အလွဲလွဲအချော်ချော်တွေ ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ကိုလည်း အတတ်နိုင်ဆုံး အေးအေးဆေးဆေး ထားစေချင်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

(၅) ဒီနေ့ အလုပ်ကို သေချာအာရုံစိုက်မလုပ်နိုင်သေးဘူးဆိုပြီး စိတ်ဓာတ်ကျနေမယ့်အစား နောက်တစ်နေ့မှာ ဘယ်လိုကြိုးစားအားထုတ်ပြီး လုပ်မယ်ဆိုပြီး စိတ်ကို Motivate လုပ်ထားပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။