[Zawgyi]

အလုပ္ခ်ိန္မွာပါ Game ေဆာ့တယ္ဆိုတဲ့ အေမရိန္ကန္ႏိုင္ငံက Gamer မ်ား

Limelight Networks ကေနၿပီးေတာ့ US, UK, France, Germany. South Korea နဲ႔ ဂ်ပန္ႏိုင္ငံတို႔မွာရွိတဲ့ Gamer ၃ေထာင္ေက်ာ္ကို ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္က စစ္တမ္းေကာက္ယူခဲ့ပါတယ္။ ၄င္းတို႔ရဲ႕စစ္တမ္းအရ အေမရိန္ကန္ႏိုင္ငံမွာရွိတဲ့ Gamer 40% ေလာက္ဟာ ၄င္းတို႔ရဲ႕ အလုပ္ခ်ိန္အတြင္းမွာေတာင္ ဂိမ္းေဆာ့တယ္လို႔ေျဖဆိုထားၾကပါတယ္။

အေမရိန္ကန္ႏိုင္ငံတြင္းမွာရွိတဲ့ 35% ေသာ အသက္ 18-25 ႏွစ္အရြယ္ Gamer ေတြဟာ တစ္လမွာ အနည္းဆံုး ၁ႀကိမ္ ေဆာ့ၾကၿပီး 8.6% ေသာ Gamer ေတြကေတာ့ အလုပ္မွာေန႔တိုင္းဂိမ္းေဆာ့တယ္လို႔စစ္တမ္းအရသိရွိရပါတယ္။ အမ်ားဆံုးေဆာ့ျဖစ္တဲ့ဂိမ္းေတြကေတာ့ Solitaire နဲ႔ Candy Crush တို႔ျဖစ္ၿပီး ၄င္းဂိမ္းေတြကိုေဆာ့ရတာဟာ PUBG ေဆာ့တာေလာက္အခ်ိန္လည္းမကုန္သလို အလုပ္ကိုလည္းထိခိုက္မႈမရွိဘူးလို႔ဆိုၾကပါတယ္။

ကမၻာတဝွမ္းမွာရွိတဲ့ Gamer 60% ေက်ာ္ကေတာ့ Game ေဆာ့ဖို႔အတြက္ အိပ္ခ်ိန္ေတြ ဆံုးရႈံးတယ္လို႔ေျပာၾကသလို 40% နီးပါးကေတာ့ Game ေဆာ့တဲ့အတြက္ ေန႔လည္စာ မစားလိုက္ရတဲ့ျဖစ္ရပ္ေတြႀကံဳရပါတယ္တဲ့။ ကဲ သင္ေရာ အလုပ္ခ်ိန္မွာ ဂိမ္းေဆာ့ျဖစ္လား၊ ေန႔လည္စာေရာ ငတ္ဖူးပါသလား ?

Ref;TNW
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

အလုပ်ချိန်မှာပါ Game ဆော့တယ်ဆိုတဲ့ အမေရိန်ကန်နိုင်ငံက Gamer များ

Limelight Networks ကနေပြီးတော့ US, UK, France, Germany. South Korea နဲ့ ဂျပန်နိုင်ငံတို့မှာရှိတဲ့ Gamer ၃ထောင်ကျော်ကို ပြီးခဲ့တဲ့ တစ်ပတ်လောက်က စစ်တမ်းကောက်ယူခဲ့ပါတယ်။ ၎င်းတို့ရဲ့စစ်တမ်းအရ အမေရိန်ကန်နိုင်ငံမှာရှိတဲ့ Gamer 40% လောက်ဟာ ၎င်းတို့ရဲ့ အလုပ်ချိန်အတွင်းမှာတောင် ဂိမ်းဆော့တယ်လို့ဖြေဆိုထားကြပါတယ်။

အမေရိန်ကန်နိုင်ငံတွင်းမှာရှိတဲ့ 35% သော အသက် 18-25 နှစ်အရွယ် Gamer တွေဟာ တစ်လမှာ အနည်းဆုံး ၁ကြိမ် ဆော့ကြပြီး 8.6% သော Gamer တွေကတော့ အလုပ်မှာနေ့တိုင်းဂိမ်းဆော့တယ်လို့စစ်တမ်းအရသိရှိရပါတယ်။ အများဆုံးဆော့ဖြစ်တဲ့ဂိမ်းတွေကတော့ Solitaire နဲ့ Candy Crush တို့ဖြစ်ပြီး ၎င်းဂိမ်းတွေကိုဆော့ရတာဟာ PUBG ဆော့တာလောက်အချိန်လည်းမကုန်သလို အလုပ်ကိုလည်းထိခိုက်မှုမရှိဘူးလို့ဆိုကြပါတယ်။

ကမ္ဘာတဝှမ်းမှာရှိတဲ့ Gamer 60% ကျော်ကတော့ Game ဆော့ဖို့အတွက် အိပ်ချိန်တွေ ဆုံးရှုံးတယ်လို့ပြောကြသလို 40% နီးပါးကတော့ Game ဆော့တဲ့အတွက် နေ့လည်စာ မစားလိုက်ရတဲ့ဖြစ်ရပ်တွေကြုံရပါတယ်တဲ့။ ကဲ သင်ရော အလုပ်ချိန်မှာ ဂိမ်းဆော့ဖြစ်လား၊ နေ့လည်စာရော ငတ်ဖူးပါသလား ?

Ref;TNW
Phone Hay Ko (Akhayar)
www.akhayar.com