[Zawgyi]

ႏွာရည္ေတာက္ေတာက္က်ေအာင္စားရမယ့္ ေရႊဂံုတိုင္က အကင္အေထာင္းရွယ္ေကာင္းတဲ့ဆိုင္သစ္

ေဆာင္းတြင္းဘက္ကူးလာတာ သတိထားမိၾကလား? တိုက္ခတ္တဲ့ေလေလးထဲမွာ အေအးဓါတ္ေတြ တျဖည္းျဖည္းစိမ့္ပါလာၿပီေနာ္။

ဒီလို အခ်ိန္မ်ိဳးေလးေတြက် အီတာဆိမ့္တာေတြ က ထင္သေလာက္စားမေကာင္းေတာ့ဘဲ ပူပူစပ္စပ္၊ ရႈးရွဲရွဲအေထာင္းေတြနဲ႔ ခပ္ေမႊးေမႊးကင္ထားတဲ့ အကင္ပူပူေလးေတြကို တ ေနရၿပီေလ။

ခပ္ေမႊးေမႊးအကင္ေလးေတြဆိုမွ အစားအစာဆိုင္ေကာင္းေကာင္းဆို ေတာ္ေတာ့ေတာ္ေတာ္ကို ရွားတဲ့ ေရႊဂံုတိုင္လို ၿမိဳ႕လယ္ေနရာႀကီးမွာ ထူးထူးျခားျခားသြားေရက်စရာဆိုင္ေလးတစ္ဆိုင္ကိုေလ ရံုးသြားရင္း ေတြ႕ေနရတာ စားမယ္ စားမယ္နဲ႔ ပိတ္ရက္မွပဲ တကူးတက အခရာက သြားစားျဖစ္ေတာ့တယ္။

ဟဲ့ နင္က အကင္ႀကိဳက္တာမလား? ငါက အေထာင္းေတြ၊အသုပ္ေတြစားခ်င္တာ။ သူကက် ထမင္းနဲ႔ တခုခုစားမွဝမွာဆိုရင္ေတာ့ ေရႊဂံုတိုင္လို သင္တန္းေတြ၊ ေက်ာင္းနဲ႔ ရံုးေတြေပါတဲ့ ေနရာႀကီးမွာ ရံုးကေန ထမင္းစားခ်ိန္အမီ သြားစားဖို႔ ရွယ္ေကာင္းတဲ့ အကင္အေထာင္းဆိုင္ေလးနာမည္က “ေနရာ ၂” တဲ့။

ဒီ အကင္နဲ႔ အေထာင္းဆိုင္ေလးက ဒါ ဒုတိယေျမာက္ဆိုင္ခြဲထင္ပါရဲ႕။ ဒီနာမည္နဲ႔ တျခားဆိုင္ ၿမိဳ႕ထဲဘက္မွာျကားဖူးေသးတယ္။ ဒီဆိုင္ကေတာ့ ခုမွ ေရႊဂံုတိုင္မွာ လာထပ္ဖြင့္တာထင္တယ္။

ဘာေတြရလဲ ဘာစားေကာင္းလဲဆို ဆိုင္ရဲ႕ ထံုးစံအတိုင္း မုန္႔တီေထာင္းတို႔၊ တျခား ဘာညာကြိကြ အေထာင္းေတာ္ေတာ္မ်ားမ်ားအစံုအစိရတယ္။ ေစ်းလား တစ္ပြဲကို ၁၅၀၀ ေလာက္က စတယ္ဆိုေတာ့ ၀န္ထမ္းေတြအတြက္ တန္တယ္ေလ ေနာ့။

ေနာက္ၿပီး အကင္ဆိုမွ ရွယ္ေမႊးတဲ့ င႐ုတ္သီးစပ္စပ္နဲ႔ က်ိဳင္းတံုအကင္တဲ့။ ဘာယူယူ တစ္ေခ်ာင္း ၄၀၀ ပဲေနာ္။ ေခ်တယ္။ ကိုယ္ကေတာ့ ဟိုတေခ်ာင္း ဒီတစ္ေခ်ာင္းဆြဲထည့္တာပဲ။ အမ်ားႀကီးေတာ့ မယူနဲ႔ေနာ္။ အေထာင္းပါမွာရင္ အစပ္သေဘာနဲ႔မို႔ မကုန္မွာစိုးလို႔ပါလို႔။

ဒီရာသီက သေဘၤာသီးေထာင္းသာေပါတာ သရက္သီးေထာင္းကရွားလို႔ ေန႔လည္ေန႔ခင္း အိပ္ခ်င္ေျပ သရက္သီးေထာင္းမွာကာမွ အိုးးးတကယ္ သရက္သီးကိုမွ ယိုးဒယားသီးအခ်ဥ္သီးကို ထန္းလ်က္ရည္ပါးပါး၊ ငံျပာရည္၊င႐ုတ္သီး၊သံပုရာရည္ခပ္ပါးပါးနဲ႔ ခ်ဥ္၊ငန္၊စပ္၊ ခ်ိဳေလး။ စားရတာ တစ္ဇြန္းနဲ႔တင္ ထိမိေနေရာ။ ခ်ဥ္တာေတာ့ ဂိတ္ဆံုးပါပဲေနာ္။ အေထာင္းေတြဆို ခ်ိဳစပ္စပ္ႀကီးမႀကိဳက္တဲ့ အခရာကေတာ့ ဒီအေထာင္းေတြကို ႀကိဳက္လွပါရဲ႕။

အကင္ေတြကေတာ့ အခ်ဥ္စပ္ထားတာ ရႈးရွဲမွ တကယ့္ရႈးရွဲပဲ။ သိၾကတဲ့အတိုင္း အကင္ရဲ႕ အသက္က အခ်ဥ္ပဲဆိုေတာ့ ေနရာ (၂) ကေတာ့ အခ်ဥ္နဲ႔တင္ဆြဲေဆာင္သြားၿပီ။ အသားေတြက ေျပာရရင္ ဝက္အူခ်ိဳေတြက နံေနတယ္။

အသားေတြက သိပ္မလတ္သလိုပဲ။ ေဘကြန္အပ္မိႈလိပ္ေလးကေတာ့ တအားစားေကာင္းတာပဲ။ သူ႔ခ်ည္းအခ်ဥ္နဲ႔စားတာ ေဆြမ်ိဳးေမ့ေအာင္ကို ေကာင္းပါတယ္လို႔။ က်န္တာေတာ့ အသားေတြကို သိပ္မႀကိဳက္ပါ။

မုန္႔တီေထာင္းက ဂ်င္းထင္တာ။ တစ္ပြဲကိုအမ်ားႀကီးပဲ ပါတယ္။ ေစ်းကလည္း ၁၅၀၀ ပဲ။ စားရတာေတာ့ ခ်ဥ္စပ္စပ္ေလး။ ၂ေယာက္စားလို႔ရပါတယ္။

ဆိုင္ကေတာ့ ၁၅ ခံု ေလာက္ရွိမယ္ထင္ပါတယ္။ ခပ္ရွင္းရွင္းပါပဲ။ မွာရတာ လူရွင္းေတာ့ ျမန္တယ္။ ဝန္ထမ္းေလးေတြက မအူမလည္နဲ႔ေပမယ့္ သေဘာေကာင္းတယ္။ သန္႔ရွင္းမႈကေတာ့ လိုပါေသးတယ္။ အားမရမိပါဘူး။ျခံဳငံုေျပာရရင္ အကင္အသားေလးေတြလတ္ၿပီး ေစ်းပိုသက္သာရင္ပိုေကာင္းမွာပဲလို႔ အၾကံျပဳပါရေစ။

အခ်ဥ္၊အစပ္ကိုမွ ဂိတ္ဆံုး ႏွာရည္ယိုရႊဲတပို႔တြဲျဖစ္ေအာင္စားခ်င္ရင္ေတာ့ ေရႊဂံုတိုင္မီးပြိဳင့္နားမေရာက္ခင္၊ အမွတ္ ၇၀ ၊ ေရႊဂံုတိုင္လမ္းမႀကီးေပၚမွာ မနက္ ၁၁ နာရီကေန ည ၁၁ နာရီထိ ဖြင့္ပါတယ္။ တခါတေလ ဆိုင္ဖြင့္ခ်ိန္ေတာ့ ေနာက္က်တာေတြ႕တယ္။

စားမယ္ ဆို ၁၂ နာရီဝန္းက်င္က ပိုအဆင္ေျပပါလိမ့္မယ္ေနာ္။ ေတာ္ရံု အေထာင္းနဲ႔အကင္ဆိုင္ေတြက ေရႊဂံုတိုင္နားမွာ လက္ခ်ိဳးေရလို႔ရပါတယ္။ အဲ့ထဲမွာမွ ေနရာ ၂ ဆိုင္ေလးကေတာ့ လိုအပ္ခ်က္ေလးေတြရွိေနေပမယ့္ ခ်ဥ္၊ငန္၊စပ္ ႏွာရည္ပါက်ေအာင္ ေစ်းတန္တန္ စားရတာနဲ႔တင္ ခနခနေရာက္ျဖစ္ဦးမယ့္ဆိုင္ပါလို႔….

ခ်စ္လွစြာေသာ

FoodieEi (Akhayar)

[Unicode]

နှာရည်တောက်တောက်ကျအောင်စားရမယ့် ရွှေဂုံတိုင်က အကင်အထောင်းရှယ်ကောင်းတဲ့ဆိုင်သစ်

ဆောင်းတွင်းဘက်ကူးလာတာ သတိထားမိကြလား? တိုက်ခတ်တဲ့လေလေးထဲမှာ အအေးဓါတ်တွေ တဖြည်းဖြည်းစိမ့်ပါလာပြီနော်။

ဒီလို အချိန်မျိုးလေးတွေကျ အီတာဆိမ့်တာတွေ က ထင်သလောက်စားမကောင်းတော့ဘဲ ပူပူစပ်စပ်၊ ရှုးရှဲရှဲအထောင်းတွေနဲ့ ခပ်မွှေးမွှေးကင်ထားတဲ့ အကင်ပူပူလေးတွေကို တ နေရပြီလေ။

ခပ်မွှေးမွှေးအကင်လေးတွေဆိုမှ အစားအစာဆိုင်ကောင်းကောင်းဆို တော်တော့တော်တော်ကို ရှားတဲ့ ရွှေဂုံတိုင်လို မြို့လယ်နေရာကြီးမှာ ထူးထူးခြားခြားသွားရေကျစရာဆိုင်လေးတစ်ဆိုင်ကိုလေ ရုံးသွားရင်း တွေ့နေရတာ စားမယ် စားမယ်နဲ့ ပိတ်ရက်မှပဲ တကူးတက အခရာက သွားစားဖြစ်တော့တယ်။

ဟဲ့ နင်က အကင်ကြိုက်တာမလား? ငါက အထောင်းတွေ၊အသုပ်တွေစားချင်တာ။ သူကကျ ထမင်းနဲ့ တခုခုစားမှဝမှာဆိုရင်တော့ ရွှေဂုံတိုင်လို သင်တန်းတွေ၊ ကျောင်းနဲ့ ရုံးတွေပေါတဲ့ နေရာကြီးမှာ ရုံးကနေ ထမင်းစားချိန်အမီ သွားစားဖို့ ရှယ်ကောင်းတဲ့ အကင်အထောင်းဆိုင်လေးနာမည်က “နေရာ ၂” တဲ့။

ဒီ အကင်နဲ့ အထောင်းဆိုင်လေးက ဒါ ဒုတိယမြောက်ဆိုင်ခွဲထင်ပါရဲ့။ ဒီနာမည်နဲ့ တခြားဆိုင် မြို့ထဲဘက်မှာကြားဖူးသေးတယ်။ ဒီဆိုင်ကတော့ ခုမှ ရွှေဂုံတိုင်မှာ လာထပ်ဖွင့်တာထင်တယ်။

ဘာတွေရလဲ ဘာစားကောင်းလဲဆို ဆိုင်ရဲ့ ထုံးစံအတိုင်း မုန့်တီထောင်းတို့၊ တခြား ဘာညာကွိကွ အထောင်းတော်တော်များများအစုံအစိရတယ်။ ဈေးလား တစ်ပွဲကို ၁၅၀၀ လောက်က စတယ်ဆိုတော့ ဝန်ထမ်းတွေအတွက် တန်တယ်လေ နော့။

နောက်ပြီး အကင်ဆိုမှ ရှယ်မွှေးတဲ့ ငရုတ်သီးစပ်စပ်နဲ့ ကျိုင်းတုံအကင်တဲ့။ ဘာယူယူ တစ်ချောင်း ၄၀၀ ပဲနော်။ ချေတယ်။ ကိုယ်ကတော့ ဟိုတချောင်း ဒီတစ်ချောင်းဆွဲထည့်တာပဲ။ အများကြီးတော့ မယူနဲ့နော်။ အထောင်းပါမှာရင် အစပ်သဘောနဲ့မို့ မကုန်မှာစိုးလို့ပါလို့။

ဒီရာသီက သင်္ဘောသီးထောင်းသာပေါတာ သရက်သီးထောင်းကရှားလို့ နေ့လည်နေ့ခင်း အိပ်ချင်ပြေ သရက်သီးထောင်းမှာကာမှ အိုးးးတကယ် သရက်သီးကိုမှ ယိုးဒယားသီးအချဉ်သီးကို ထန်းလျက်ရည်ပါးပါး၊ ငံပြာရည်၊ငရုတ်သီး၊သံပုရာရည်ခပ်ပါးပါးနဲ့ ချဉ်၊ငန်၊စပ်၊ ချိုလေး။ စားရတာ တစ်ဇွန်းနဲ့တင် ထိမိနေရော။ ချဉ်တာတော့ ဂိတ်ဆုံးပါပဲနော်။ အထောင်းတွေဆို ချိုစပ်စပ်ကြီးမကြိုက်တဲ့ အခရာကတော့ ဒီအထောင်းတွေကို ကြိုက်လှပါရဲ့။

အကင်တွေကတော့ အချဉ်စပ်ထားတာ ရှုးရှဲမှ တကယ့်ရှုးရှဲပဲ။ သိကြတဲ့အတိုင်း အကင်ရဲ့ အသက်က အချဉ်ပဲဆိုတော့ နေရာ (၂) ကတော့ အချဉ်နဲ့တင်ဆွဲဆောင်သွားပြီ။ အသားတွေက ပြောရရင် ဝက်အူချိုတွေက နံနေတယ်။

အသားတွေက သိပ်မလတ်သလိုပဲ။ ဘေကွန်အပ်မှိုလိပ်လေးကတော့ တအားစားကောင်းတာပဲ။ သူ့ချည်းအချဉ်နဲ့စားတာ ဆွေမျိုးမေ့အောင်ကို ကောင်းပါတယ်လို့။ ကျန်တာတော့ အသားတွေကို သိပ်မကြိုက်ပါ။

မုန့်တီထောင်းက ဂျင်းထင်တာ။ တစ်ပွဲကိုအများကြီးပဲ ပါတယ်။ ဈေးကလည်း ၁၅၀၀ ပဲ။ စားရတာတော့ ချဉ်စပ်စပ်လေး။ ၂ယောက်စားလို့ရပါတယ်။

ဆိုင်ကတော့ ၁၅ ခုံ လောက်ရှိမယ်ထင်ပါတယ်။ ခပ်ရှင်းရှင်းပါပဲ။ မှာရတာ လူရှင်းတော့ မြန်တယ်။ ဝန်ထမ်းလေးတွေက မအူမလည်နဲ့ပေမယ့် သဘောကောင်းတယ်။ သန့်ရှင်းမှုကတော့ လိုပါသေးတယ်။ အားမရမိပါဘူး။ခြုံငုံပြောရရင် အကင်အသားလေးတွေလတ်ပြီး ဈေးပိုသက်သာရင်ပိုကောင်းမှာပဲလို့ အကြံပြုပါရစေ။

အချဉ်၊အစပ်ကိုမှ ဂိတ်ဆုံး နှာရည်ယိုရွှဲတပို့တွဲဖြစ်အောင်စားချင်ရင်တော့ ရွှေဂုံတိုင်မီးပွိုင့်နားမရောက်ခင်၊ အမှတ် ၇၀ ၊ ရွှေဂုံတိုင်လမ်းမကြီးပေါ်မှာ မနက် ၁၁ နာရီကနေ ည ၁၁ နာရီထိ ဖွင့်ပါတယ်။ တခါတလေ ဆိုင်ဖွင့်ချိန်တော့ နောက်ကျတာတွေ့တယ်။

စားမယ် ဆို ၁၂ နာရီဝန်းကျင်က ပိုအဆင်ပြေပါလိမ့်မယ်နော်။ တော်ရုံ အထောင်းနဲ့အကင်ဆိုင်တွေက ရွှေဂုံတိုင်နားမှာ လက်ချိုးရေလို့ရပါတယ်။ အဲ့ထဲမှာမှ နေရာ ၂ ဆိုင်လေးကတော့ လိုအပ်ချက်လေးတွေရှိနေပေမယ့် ချဉ်၊ငန်၊စပ် နှာရည်ပါကျအောင် ဈေးတန်တန် စားရတာနဲ့တင် ခနခနရောက်ဖြစ်ဦးမယ့်ဆိုင်ပါလို့….

ချစ်လှစွာသော

FoodieEi (Akhayar)