[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

နေတိုးရဲ့ မိန်းကလေး ဇာတ်ရုပ်ကို ပီပြင်အောင်ပုံဖော်နိုင်ခဲ့ကြ သူများ

တာတူး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ နေတိုးရဲ့ဇာတ်ရုပ်ဖြစ်တဲ့ မိန်းကလေး ပုံစံကို ပီပြင်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ နောက်ကွယ်က ဖန်တီးရှင်တွေ ရှိကြပါတယ်။ သူတို့တွေကတော့ ဒီဇိုင်နာမင်းသက်စံ နဲ့ မိတ်ကပ်မေဦး တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီဇာတ်ကားထဲ မှာ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်တွေကို လိုက်ပြီးပီပြင်အောင်လို့ ဝတ်စုံ နဲ့ မိတ်ကပ်တွေကို ပုံဖော်နိုင်ခဲ့တာပါ။

မိတ်ကပ် မေဦး ၊ ဒီဇိုင်နာမင်းသက်စံ နဲ့ နေတိုး

နေတိုး ဟာ ဒီဇာတ်ကားမှာ Sexy ကျတဲ့ မိန်းကလေး ပုံစံ နဲ့ အေးချမ်းတဲ့ မိန်းကလေးပုံစံ နှစ်မျိုးကို သရုပ်ဆောင်ရတာလည်း ဖြစ်ပါတယ်။

နေတိုးဟာ သရုပ်ဆောင်ကောင်းသလို ဖန်တီးသူတွေကလည်း တော်ကြတဲ့ အတွက် ဒီဇိုင်နာမင်းသက်စံကလည်း သူ့ရဲ့လူမှုကွန်ရက်မှာ အခုလိုဖော်ပြထားပါသေးတယ်။”Sexy ကျတဲ့မိန်းကလေးရယ်၊ အေးချမ်တဲ့ မိန်းကလေးရယ်၊ထိုပုံစံနှစ်မျိုးကို ကိုနေတိုးရယ်၊ မေဦး နဲ့ကျွန်တော်တို့သုံးယောက် ပူးပေါင်းဖန်တီးဖြစ်ခဲ့ကြပြန်တယ်” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Minn Thet Saen Facebook

ကြည်သာ (Akhayar)

www.akhayar.com