[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com

[Zawgyi]

ရိုက်ကွင်းတစ်နေရာတည်းမှာအတူတူတွေ့ခဲ့ရတဲ့ နေတိုးနှင့်မင်းသမီးနှစ်ယောက်

နေတိုးနဲ့မင်းသမီးနှစ်ယောက်ဖြစ်တဲ့သက်မွန်မြင့်နဲ့ မေမြင့်မိုရ်တို့ ကိုရိုက်ကွင်းတစ်ခုမှာ အတူတူတွေ့ခဲ့ရတာဖြစ်ပါတယ်။ ကိုနေတိုးကတော့ သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ Photo Shooting ဆိုပြီးတော့ တင်ထားတာကိုတွေ့ရပါတယ်။

ကိုနေတိုးဟာအခုရက်ပိုင်းတွေမှာ ကြော်ငြာရိုက်ကူးမှုတွေကို ဆက်တိုင်ဆိုသလိုလုပ်ဆောင်နေရပါတယ်။ မေမြင့်မိုရ် ကတော့အခု MRTV4 ကနေလာနေတဲ့ အရိပ်ဇာတ်လမ်းတွဲမှာပါဝင်တဲ့ မင်းသမီးလေးဖြစ်တဲ့အတွက် နေ့တိုင်းသူမရဲ့သရုပ်ဆောင်မှုတွေပရိသတ်ကြီးနဲ့ထိတွေ့မှုရှိနေတဲ့မင်းသမီးလေးပါ။

သက်မွန်မြင့်ကတော့ အနုပညာအလုပ်တွေကိုကလေးမွေးပြီးနောက်ပိုင်းပြန်လည်လုပ်ကိုင်လာပြီး ဝိတ်ချထားတဲ့အတွက် အရမ်းလည်းလှလာတာကိုတွေ့ရမှာဖြစ်ပါတယ်။

Photo Credit:Nay Toe Facebook

ကြည်သာ (Akhayar)

www.akhayar.com