[Zawgyi]





ကြည်သာ (Akhayar)


www.akhayar.com

[Unicode]

နေတိုးနဲ့အတူတွေ့ခဲ့ရတဲ့ ဗီယက်နမ်မင်းသမီးလေးငုရင်ထရင်ဟုရန်မေ

My Tel Myanmar မိတ်ဆက်ပွဲမှာတွေ့ခဲ့ရတဲ့ နေတိုးနဲ့ ဗီယက်နမ်မင်းသမီ ငုရင်ထရန်ဟုရန်မေ တို့ပုံရိပ်တွေကိုဖော်ပြပေးချင်ပါတယ်။ နေတိုးနဲ့ငုရင်ထရန်ဟုရန်မေ တို့ဟာ အနုပညာလုပ်ငန်းတွေကိုလည်း အတူလက်တွဲလုပ်ကိုင်နေတာဖြစ်တဲ့ အတွက် ရင်းနှီးကြတဲ့ သူငယ်ချင်းတွေလို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။

ဗီယက်နမ်မင်းသမီးလေးကတော့ မြန်မာပြည်မှာ ကြော်ငြာရိုက်ကူးခြင်း ၊ MTV သီချင်းတွေအတွက်သရုပ်ဆောင်ပေးခြင်းတွေအပြင် ပွဲတက်ခြင်း နဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုပါရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

နေတိုးနဲ့ ငုရင်ထရန်ဟုရန်မေ သရုပ်ဆောင်ထားတဲ့ တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားကို လည်း ပရိသတ်များစိတ်ဝင်စားလျက်ရှိပြီး အဲ့ဇာတ်ကားကိုတော့၂၀၁၈ခုနှစ် ဇူလိုင် ၁၃ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးမှ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမှာဖြစ်တယ်လိုသိရပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Nay Toe Facebook

www.akhayar.com