[Zawgyi]

ပရိသတ္ေတြကိုခြင့္တိုင္ၾကားလိုက္တဲ့ ထပ္ဆင့္အကယ္ဒမီေနတိုး

လတ္တေလာမွာ ထပ္ဆင့္အကယ္ဒမီေနတိုးအေနနဲ႔ ျပင္ဦးလြင္မွာ ဒါရိုက္တာစတီးလ္(ေဒြးေမတၱာ) ရိုက္ကူးေနတဲ့ “ဘယ္ေတာ့မွအရႈံုးမေပးဘူး” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကို ေနမ်ိဳးေအာင္၊ ထြန္းကိုကို၊ ထူးသူရိန္မင္း၊ ဇင္ဝိုင္း၊ ထူးျခား၊ သိန္းလင္း၊ စိုးျမတ္သူဇာ၊ ေအးျမတ္သူ၊ ေရႊသမီး၊ ၾကည္ျဖဴရွင္းသန္႔၊ သန္းသန္းစိုး၊ ေရႊေရးျခယ္၊ ပန္းအိျဖဴအပါအဝင္ တစ္ျခားေသာအႏုပညာရွင္မ်ားနဲ႔အတူ ပါဝင္သရုပ္ေဆာင္ေနပါတယ္။

အခုခ်ိန္မွာလည္း ေနတိုးပါဝင္သရုပ္ေဆာင္ထားတဲ့ “ေမႊခ်က္ကေတာ့လြန္လြန္းတယ္” ရုပ္ရွင္ဇာတ္ကားကို ျမန္မာႏိုင္ငံအႏွံ႔မွာရွိတဲ့ ရုပ္ရွင္ရံုမ်ားမွာျပသေနတာျဖစ္ၿပီး ပရိသတ္ေတြအားေပးမႈကို အျပည့္ရရွိေနတဲ့ ဟာသရုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္ေနတာကိုလည္း ေတြ႔ရပါတယ္။”ေမႊခ်က္ကေတာ့လြန္လြန္းတယ္” အဖြဲ႔သားေတြအေနနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပရိသတ္ေတြနဲ႔ သြားေရာက္ေတြ႔ဆံုမႈ မလုပ္ရတဲ့အတြက္ကို ေနတိုးက သူရဲ႕ေပ့ခ်္တစ္ခုျဖစ္တဲ့ Nay Toe:Myanmar Famous Actor ကေန သူရဲ႕ပရိသတ္ေတြကို ခြင့္တိုင္ၾကားခဲ့တာျဖစ္ပါတယ္။

“ေမႊခ်က္ကေတာ့လြန္လြန္းတယ္ရုပ္ရွင္ကို အခုလိုအားေပးေနၾကတာေတြ႔ရေတာ့ အထူးပဲေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ ကၽြန္ေတာ့္မွာ ပရိသတ္နဲ႔ထိေတြ႕ခ်င္ပါေသာ္လည္း ခရီးလြန္ၿပီး နယ္မွာကားရိုက္ေနရတာကတစ္ေၾကာင္း၊ ရာသီဥတုဆိုးရြားတာကတစ္ေၾကာင္း တစ္ျခားေသာအေၾကာင္းအမ်ိဳးမ်ိဳးေတြေၾကာင့္ မလာေရာက္ႏိုင္ပါေၾကာင္း ခ်စ္ေသာပရိသတ္မ်ားအား ခြင့္တိုင္ျကားအပ္ပါသည္ခင္ဗ်ာ၊ ႏွစ္သစ္မွာျပသသြားမည့္ (မုန္းလို႔ရရင္မုန္းခ်င္တယ္)ရုပ္ရွင္က်ရင္ေတာ့ မပ်က္မကြက္လာေရာက္ေတြ႕ဆံုပါမယ္လို႔ ေျပာၾကားရင္း ….ထာဝရ…ေနတိုး” လို႔ ဆိုၿပီးေရးသားကာ သူရဲ႕ပရိသတ္ေတြကို အသိေပးထားတာျဖစ္ပါတယ္။ ေနတိုးက အဲဒီခြင့္တိုင္စာကို “ကၽြန္ေတာ္ခ်စ္ေသာ ကၽြန္ေတာ့္ကိုခ်စ္ၾကေသာ ပရိသတ္မ်ားသို႔…” ဆိုၿပီး အစခ်ီကာ သူရဲ႕ေပ့ခ်္မွာ တင္ေပးထားခဲ့တာျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရိသတ်တွေကိုခွင့်တိုင်ကြားလိုက်တဲ့ ထပ်ဆင့်အကယ်ဒမီနေတိုး

လတ်တလောမှာ ထပ်ဆင့်အကယ်ဒမီနေတိုးအနေနဲ့ ပြင်ဦးလွင်မှာ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးနေတဲ့ “ဘယ်တော့မှအရှုံးမပေးဘူး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို နေမျိုးအောင်၊ ထွန်းကိုကို၊ ထူးသူရိန်မင်း၊ ဇင်ဝိုင်း၊ ထူးခြား၊ သိန်းလင်း၊ စိုးမြတ်သူဇာ၊ အေးမြတ်သူ၊ ရွှေသမီး၊ ကြည်ဖြူရှင်းသန့်၊ သန်းသန်းစိုး၊ ရွှေရေးခြယ်၊ ပန်းအိဖြူအပါအဝင် တစ်ခြားသောအနုပညာရှင်များနဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။

အခုချိန်မှာလည်း နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ “မွှေချက်ကတော့လွန်လွန်းတယ်” ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ရုပ်ရှင်ရုံများမှာပြသနေတာဖြစ်ပြီး ပရိသတ်တွေအားပေးမှုကို အပြည့်ရရှိနေတဲ့ ဟာသရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်နေတာကိုလည်း တွေ့ရပါတယ်။”မွှေချက်ကတော့လွန်လွန်းတယ်” အဖွဲ့သားတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံမှု မလုပ်ရတဲ့အတွက်ကို နေတိုးက သူရဲ့ပေ့ချ်တစ်ခုဖြစ်တဲ့ Nay Toe:Myanmar Famous Actor ကနေ သူရဲ့ပရိသတ်တွေကို ခွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

“မွှေချက်ကတော့လွန်လွန်းတယ်ရုပ်ရှင်ကို အခုလိုအားပေးနေကြတာတွေ့ရတော့ အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့်မှာ ပရိသတ်နဲ့ထိတွေ့ချင်ပါသော်လည်း ခရီးလွန်ပြီး နယ်မှာကားရိုက်နေရတာကတစ်ကြောင်း၊ ရာသီဥတုဆိုးရွားတာကတစ်ကြောင်း တစ်ခြားသောအကြောင်းအမျိုးမျိုးတွေကြောင့် မလာရောက်နိုင်ပါကြောင်း ချစ်သောပရိသတ်များအား ခွင့်တိုင်ကြားအပ်ပါသည်ခင်ဗျာ၊ နှစ်သစ်မှာပြသသွားမည့် (မုန်းလို့ရရင်မုန်းချင်တယ်)ရုပ်ရှင်ကျရင်တော့ မပျက်မကွက်လာရောက်တွေ့ဆုံပါမယ်လို့ ပြောကြားရင်း ….ထာဝရ…နေတိုး” လို့ ဆိုပြီးရေးသားကာ သူရဲ့ပရိသတ်တွေကို အသိပေးထားတာဖြစ်ပါတယ်။ နေတိုးက အဲဒီခွင့်တိုင်စာကို “ကျွန်တော်ချစ်သော ကျွန်တော့်ကိုချစ်ကြသော ပရိသတ်များသို့…” ဆိုပြီး အစချီကာ သူရဲ့ပေ့ချ်မှာ တင်ပေးထားခဲ့တာဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။