[Zawgyi]

သႀကၤန္အၿပီးမွာ ရုပ္ရွင္စတူဒီယိုကိုဖြင့္ဖို႔က်ိန္းေသေနၿပီျဖစ္တဲ့ အကယ္ဒမီေနတိုး

အႏုပညာေလာကရဲ႕ ထိပ္တန္းမင္းသားတစ္ဦးျဖစ္တဲ့ အကယ္ဒမီေနတိုးက လက္ရွိရိုက္ကူးမယ့္ “မဟူရာရုပ္ရွင္ရံု” ရုပ္ရွင္ဇာတ္ကားနဲ႔ ရုပ္ရွင္ဇာတ္ကားေတြကိုမရိုက္ကူးခင္လုပ္သင့္တဲ့ Pre Production ရုပ္ရွင္စတူဒီယိုဖြင့္မယ့္အေျခအေနမ်ားကို ေတြ႔ဆံုေမးျမန္းျဖစ္ခဲ့ပါတယ္။

“မဟူရာရုပ္ရွင္ရံု” ရုပ္ရွင္ဇာတ္ကားထဲက ဇာတ္ေကာင္စရိုက္ကို ပရိသတ္ေတြအတြက္ မိတ္ဆက္ေပးပါဦး…

ဒီဇာတ္ကားထဲမွာ ရုပ္ရွင္နဲ႔ပတ္သက္ၿပီး စတိုရီအရည္အခ်င္းရွိတဲ့ လူငယ္တစ္ေယာက္ရဲ႕ဇာတ္ေကာင္စရိုက္နဲ႔ပါ။ လက္ရွိအသက္ထက္ကို ၁၀ ႏွစ္ေလာက္ငယ္ရတဲ့ လူငယ္တစ္ေယာက္။ ပံုမွန္အားျဖင့္ေျပာရရင္ ေဟာ့ေဟာ့ရမ္းရမ္းမရွိဘူး။ ကိုယ္လုပ္ခ်င္တဲ့အလုပ္ကို တစိုက္မတ္မတ္လုပ္တတ္တဲ့ လူငယ္တစ္ေယာက္ပါ။

၁၀ ႏွစ္ေလာက္ငယ္ရမယ့္ဇာတ္ေကာင္ဆိုေတာ့ ျပင္ဆင္မႈအပိုင္းကေရာ…

ျပင္ဆင္မႈေတြရွိတယ္။ ဆံပင္ပံုစံေတြ ေျပာင္းရမယ္။ ၂၀၁၂ ဝန္းက်င္ေလာက္ပံုစံကို ျပန္သြားရမွာေပ့ါ။ အဓိက ေဖ့စ္ဘုတ္ကို ျမန္မာျပည္မွာ တြင္တြင္က်ယ္က်ယ္မသံုးေသးတဲ့အခ်ိန္ျဖစ္မွာပါ။ အဲဒီလိုအခ်ိန္မွာ ဇာတ္ကိုတည္ထားတဲ့အတြက္ အဲဒီအခ်ိန္နဲ႔လိုက္ဖက္မယ့္ဒီဇိုင္းကအစ အားလံုးျပင္ဆင္ထားပါတယ္။

ရုပ္ရွင္ရိုက္ကူးမႈနဲ႔ ဗီဒီယုိရိုက္ကူးမႈေတြမွာ ကြာျခားမႈေတြရွိလား…

ရုပ္ရွင္နဲ႔ဗီဒီယိုရိုက္ကူးမႈ အရမ္းႀကီးကြာဟေနတာမ်ိဳးမရွိပါဘူး။ အဓိကက ဒါရိုက္တာေပၚမွာမူတည္တယ္။ ယိုးဒယားဒါရိုက္တာနဲ႔ရိုက္ရင္ ယိုးဒယားမုေလးရွိမယ္။ ျမန္မာဒါရိုက္တာနဲ႔ေတြ႔ရင္ ျမန္မာဆန္တဲ့မုေလးရွိမယ္။ ေတြးမိတာတစ္ခုနဲ႔ အေတြ႕အႀကံဳအရေျပာရမယ္ဆိုရင္ ဘယ္ဒါရိုက္တာနဲ႔ပဲရိုက္ရိုက္ပါ ရုပ္ရွင္နဲ႔ဗီဒီယို၊ တီဗီဇာတ္လမ္းတြဲေတြမွာ လုပ္ရတဲ့အိုက္တင္က မတူဘူး။ တူတယ္လုိ႔ထင္ၾကတယ္ေပ့ါ။ ရုပ္ရွင္က အိုက္တင္ကိုပိုၿပီး စိတ္ထည့္ၿပီးလုပ္ျပရတယ္။ စိတ္ထဲမေရာက္ရင္ လုပ္လို႔မရဘူး။ ဗီဒီယိုနဲ႔ရုပ္ရွင္ နည္းနည္းေတာ့ ကြာဟသြားတယ္။ ဒါေတြက ေနာက္ပိုင္းသတိထားမိတဲ့အခ်က္ေလးေတြပါ။ ဒါရိုက္တာခိုင္းတဲ့ေနရာမွာ မူတည္တယ္ေပ့ါ။

Pre Production လုပ္ၾကတဲ့အေပၚမွာ အစ္ကိုရဲ႕အျမင္က ဘယ္လိုရွိလဲ…

အခုရိုက္ကူးမယ့္ဇာတ္ကားရဲ႕ ျပင္ဆင္မႈအပိုင္းကေတာ့ Pre Production ပိုင္းကို တစ္လေလာက္ အခ်ိန္ယူၿပီးလုပ္ရမယ္။ အမွန္ကေတာ့ သံုးလေလာက္ယူရမွာပါ။ အခုကေတာ့ Pre Production ကို ၅ ရက္ ၆ ရက္ေလာက္ေတာ့ ယူေနၾကပါၿပီ။ ေစ်းကြက္ထဲမွာ သရုပ္ေဆာင္ေနၾကတဲ့ သရုပ္ေဆာင္တခ်ိဳ႕လည္း Pre Production ကို လုပ္ေနၾကတာကို ေတြ႔ေနရပါၿပီ။ မလုပ္တဲ့သူတခ်ိဳ႕လည္းရွိတယ္ေပ့ါ။ ပြဲေတြကသလိုေပါ့ ကိုယ္ပရိသတ္ေတြေရွ႕မွာကျပမယ့္အရာေတြကို အႀကိမ္ႀကိမ္ေဆြးေႏြး၊ အႀကိမ္ႀကိမ္သရုပ္ေဆာင္ၾကတာေပ့ါ။ အခ်ိန္ကို အလကားမျဖစ္ေအာင္လုပ္ရတယ္ေပ့ါ။ Pre Production ေတြလုပ္လာၾကတဲ့အတြက္လည္း ပိုၿပီးတိက်ေသခ်ာၿပီး ဒါရိုက္တာလိုခ်င္တဲ့ပံုစံအတိုင္းပဲ ရတယ္။ ကိုယ္လိုခ်င္တာနဲ႔ ျပန္လည္းညွိလို႔ရမယ္ေပ့ါ။ အဲဒီလိုေလးေတြ လုပ္လာမယ္ဆိုရင္ေတာ့ ၂၀၁၈ က ၂၀၁၉ အတြက္ ေသခ်ာတဲ့ ပိုေကာင္းတဲ့ ရုပ္ရွင္ကားေတြထြက္လာမွာပါ။ Pre Production ကေတာ့ ကၽြန္ေတာ္တို႔စၿပီး လုပ္ခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။ ေနာက္တစ္ခုက အရင္ကတည္းက Pre Production ကိုေပးတယ္။ ဖလင္ေခတ္ကတည္းကေပ့ါ။ အဲဒီလိုေတြရိုက္လာခဲ့လို႔လည္း ထြက္လာတဲ့ဇာတ္ေကာင္ေတြက ေကာင္းတယ္။ ကၽြန္ေတာ္အေနနဲ႔က လြန္ခဲ့တဲ့ ၆၊ ၇ႏွစ္ေလာက္ကတည္းက Pre Production ေတြနဲ႔ ယဥ္ပါးၿပီးသား။ ဗီဒိယိုရဲ႕အက်င့္ေတြရွိေနေသးတဲ့ တခ်ိဳ႕သရုပ္ေဆာင္ေတြလည္းရွိတယ္။ မလိုဘူးလို႔ ထင္တာေပ့ါ။ အဓိကေျပာင္းလဲဖို႔ႀကိဳးစားမယ္ဆိုရင္ ပရိသတ္ေတြဆီက အသံမ်ားမ်ားထြက္မွရမယ္။ Pre Production လုပ္လို႔မရတဲ့ ဇာတ္ကားဆိုတာမ်ိဳးမရွိဘူး။ လုပ္စရာမလိုဘူးဆိုတာလည္း မရွိဘူးေပ့ါ။ အေရွ႕မွာရိုက္ခဲ့တဲ့ “တာေတႀကီး” မွာလည္း အဝတ္အစားေတြက ရိုက္ခါနီးမွျပင္ဆင္တာ ဝတ္တာမဟုတ္ဘူး။ ရိုက္မယ့္ဇာတ္ဝင္ခန္းေတြ၊ ျပင္ဆင္မႈေတြကို ႀကိဳမလုပ္ထားဘူးဆိုရင္ ပရိသတ္ေတြေရွ႕ကို ေသေသသပ္သပ္နဲ႔ ေရာက္လာမွာမဟုတ္ပါဘူး။ Pre Production နဲ႔သြားမယ္ဆိုရင္ေတာ့ပိုေကာင္းတဲ့ဇာတ္ေကာင္တစ္ခု ပရိသတ္ေတြဆီကိုေရာက္မယ္ေပ့ါ။ Pre Production လုပ္ရင္ ပိုေကာင္းေနတာသိေပမယ့္လည္း တခ်ိဳ႕လုိက္မလုပ္ေသးတဲ့ ဒါရိုက္တာေတြ၊ သရုပ္ေဆာင္ေတြရွိပါတယ္။ အဲဒီအတြက္ Pre Production ကို လုပ္ၾကဖို႔ ကၽြန္ေတာ္ကတိုက္တြန္းခ်င္ပါတယ္။ ေရွ႕ဆက္ၿပီးေတာ့ အလုပ္တစ္ခုကို ေကာင္းေကာင္းမြန္မြန္လုပ္ရမွာျဖစ္တဲ့အတြက္ ပရိသတ္အေပၚမွာ ေသေသခ်ာခ်ာေလး ေစတနာထားေစခ်င္တယ္။

ဆင္ဆာကင္းလြတ္ျခင္း၊ ဆင္ဆာရွိျခင္းအေပၚမွာ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ဘယ္လိုထင္ျမင္ခ်က္ေပးခ်င္လဲ….

ဆင္ဆာဆိုတာက လြတ္လပ္မႈအေပၚမွာ အသိတစ္ခုေပါ့။ ဆင္ဆာေပးျခင္းမေပးျခင္းမွာ အႏုပညာကုိဖန္တီးတဲ့သူေတြရဲ႕စိတ္မွာ လုပ္ခ်င္တာနဲ႔ မလုပ္ခ်င္တာပဲကြာတယ္။ ဇာတ္ညႊန္းတစ္ခုကို လူတန္းစားမ်ိဳးစံုကိုဖတ္ခုိင္းမယ္။ မိန္းကေလး၊ ေယာက္်ားေလး၊ ကေလးအမ်ိဳးစံုေပ့ါ အဲဒီမွာ ဘယ္လိုတုန္႔ျပန္လာမလဲ။ အဓိကက အဲဒါပါပဲ။ အဲဒီလုိဖတ္ၾကည့္လို႔ အားလံုးကလက္ခံတယ္။ အဲဒီမွာမွ ဆင္ဆာကျဖတ္တယ္ဆိုရင္ေတာ့ နည္းနည္းေလးလူ႔ပတ္ဝန္းက်င္နဲ႔ သဟဇာတာမကိုက္ဘူးလို႔ ေျပာလို႔ရတယ္။ တကယ္အျပင္ေနထိုင္မႈမွာရွိတဲ့သူေတြအေနနဲ႔ ဘာမွမျဖစ္ဘူး၊ ကိုယ့္ပတ္ဝန္းက်င္ကို အေႏွာင့္အယွက္မရွိဘူးဆိုရင္ေတာ့ ဆင္ဆာမရွိသင့္ဘူး။ ကၽြန္ေတာ္တို႔ရုပ္ရွင္က လူေတြကိုကိုယ္စားျပဳတယ္။ လူေတြကိုသက္ေရာက္မႈက Pre Production မွာပဲ အရင္စမ္းသပ္သင့္တယ္။ လိုအပ္တယ္။ ပရိသတ္ေတြဆီကိုတိုက္ရိုက္ေရာက္မွာျဖစ္တဲ့အတြက္ လူအမ်ားရဲ႕ဆံုးျဖတ္ခ်က္ကိုပဲ အမွန္လို႔ထင္ပါတယ္။

အစ္ကိုရဲ႕စတူဒီယုိကေရာ ဘယ္အေျခအေနအထိေရာက္ေနၿပီလဲ…

ကၽြန္ေတာ္ရဲ႕စတူဒီယိုက ဖြင့္ဖို႔သိပ္မေဝးေတာ့ပါဘူး။ သႀကၤန္အၿပီးေလာက္ဆို ဖြင့္ျဖစ္ေတာ့မွာပါ။ သိပ္မလိုေတာ့ပါဘူး။

ပရိသတ္ေတြအတြက္စကားလက္ေဆာင္ေလးေျပာေပးပါဦး…

ပရိသတ္ေတြအားလံုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဆက္လက္ၿပီးအားေပးၾကဖို႔လည္း ေျပာခ်င္ပါတယ္။ အေကာင္းဆံုး အျမဲတမ္းပရိသတ္ေတြအတြက္ ႀကိဳးစားေနပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်္ကြန်အပြီးမှာ ရုပ်ရှင်စတူဒီယိုကိုဖွင့်ဖို့ကျိန်းသေနေပြီဖြစ်တဲ့ အကယ်ဒမီနေတိုး

အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ အကယ်ဒမီနေတိုးက လက်ရှိရိုက်ကူးမယ့် “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုမရိုက်ကူးခင်လုပ်သင့်တဲ့ Pre Production ရုပ်ရှင်စတူဒီယိုဖွင့်မယ့်အခြေအနေများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

“မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်စရိုက်ကို ပရိသတ်တွေအတွက် မိတ်ဆက်ပေးပါဦး…

ဒီဇာတ်ကားထဲမှာ ရုပ်ရှင်နဲ့ပတ်သက်ပြီး စတိုရီအရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ရဲ့ဇာတ်ကောင်စရိုက်နဲ့ပါ။ လက်ရှိအသက်ထက်ကို ၁၀ နှစ်လောက်ငယ်ရတဲ့ လူငယ်တစ်ယောက်။ ပုံမှန်အားဖြင့်ပြောရရင် ဟော့ဟော့ရမ်းရမ်းမရှိဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်တတ်တဲ့ လူငယ်တစ်ယောက်ပါ။

၁၀ နှစ်လောက်ငယ်ရမယ့်ဇာတ်ကောင်ဆိုတော့ ပြင်ဆင်မှုအပိုင်းကရော…

ပြင်ဆင်မှုတွေရှိတယ်။ ဆံပင်ပုံစံတွေ ပြောင်းရမယ်။ ၂၀၁၂ ဝန်းကျင်လောက်ပုံစံကို ပြန်သွားရမှာပေ့ါ။ အဓိက ဖေ့စ်ဘုတ်ကို မြန်မာပြည်မှာ တွင်တွင်ကျယ်ကျယ်မသုံးသေးတဲ့အချိန်ဖြစ်မှာပါ။ အဲဒီလိုအချိန်မှာ ဇာတ်ကိုတည်ထားတဲ့အတွက် အဲဒီအချိန်နဲ့လိုက်ဖက်မယ့်ဒီဇိုင်းကအစ အားလုံးပြင်ဆင်ထားပါတယ်။

ရုပ်ရှင်ရိုက်ကူးမှုနဲ့ ဗီဒီယိုရိုက်ကူးမှုတွေမှာ ကွာခြားမှုတွေရှိလား…

ရုပ်ရှင်နဲ့ဗီဒီယိုရိုက်ကူးမှု အရမ်းကြီးကွာဟနေတာမျိုးမရှိပါဘူး။ အဓိကက ဒါရိုက်တာပေါ်မှာမူတည်တယ်။ ယိုးဒယားဒါရိုက်တာနဲ့ရိုက်ရင် ယိုးဒယားမုလေးရှိမယ်။ မြန်မာဒါရိုက်တာနဲ့တွေ့ရင် မြန်မာဆန်တဲ့မုလေးရှိမယ်။ တွေးမိတာတစ်ခုနဲ့ အတွေ့အကြုံအရပြောရမယ်ဆိုရင် ဘယ်ဒါရိုက်တာနဲ့ပဲရိုက်ရိုက်ပါ ရုပ်ရှင်နဲ့ဗီဒီယို၊ တီဗီဇာတ်လမ်းတွဲတွေမှာ လုပ်ရတဲ့အိုက်တင်က မတူဘူး။ တူတယ်လို့ထင်ကြတယ်ပေ့ါ။ ရုပ်ရှင်က အိုက်တင်ကိုပိုပြီး စိတ်ထည့်ပြီးလုပ်ပြရတယ်။ စိတ်ထဲမရောက်ရင် လုပ်လို့မရဘူး။ ဗီဒီယိုနဲ့ရုပ်ရှင် နည်းနည်းတော့ ကွာဟသွားတယ်။ ဒါတွေက နောက်ပိုင်းသတိထားမိတဲ့အချက်လေးတွေပါ။ ဒါရိုက်တာခိုင်းတဲ့နေရာမှာ မူတည်တယ်ပေ့ါ။

Pre Production လုပ်ကြတဲ့အပေါ်မှာ အစ်ကိုရဲ့အမြင်က ဘယ်လိုရှိလဲ…

အခုရိုက်ကူးမယ့်ဇာတ်ကားရဲ့ ပြင်ဆင်မှုအပိုင်းကတော့ Pre Production ပိုင်းကို တစ်လလောက် အချိန်ယူပြီးလုပ်ရမယ်။ အမှန်ကတော့ သုံးလလောက်ယူရမှာပါ။ အခုကတော့ Pre Production ကို ၅ ရက် ၆ ရက်လောက်တော့ ယူနေကြပါပြီ။ ဈေးကွက်ထဲမှာ သရုပ်ဆောင်နေကြတဲ့ သရုပ်ဆောင်တချို့လည်း Pre Production ကို လုပ်နေကြတာကို တွေ့နေရပါပြီ။ မလုပ်တဲ့သူတချို့လည်းရှိတယ်ပေ့ါ။ ပွဲတွေကသလိုပေါ့ ကိုယ်ပရိသတ်တွေရှေ့မှာကပြမယ့်အရာတွေကို အကြိမ်ကြိမ်ဆွေးနွေး၊ အကြိမ်ကြိမ်သရုပ်ဆောင်ကြတာပေ့ါ။ အချိန်ကို အလကားမဖြစ်အောင်လုပ်ရတယ်ပေ့ါ။ Pre Production တွေလုပ်လာကြတဲ့အတွက်လည်း ပိုပြီးတိကျသေချာပြီး ဒါရိုက်တာလိုချင်တဲ့ပုံစံအတိုင်းပဲ ရတယ်။ ကိုယ်လိုချင်တာနဲ့ ပြန်လည်းညှိလို့ရမယ်ပေ့ါ။ အဲဒီလိုလေးတွေ လုပ်လာမယ်ဆိုရင်တော့ ၂၀၁၈ က ၂၀၁၉ အတွက် သေချာတဲ့ ပိုကောင်းတဲ့ ရုပ်ရှင်ကားတွေထွက်လာမှာပါ။ Pre Production ကတော့ ကျွန်တော်တို့စပြီး လုပ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ခုက အရင်ကတည်းက Pre Production ကိုပေးတယ်။ ဖလင်ခေတ်ကတည်းကပေ့ါ။ အဲဒီလိုတွေရိုက်လာခဲ့လို့လည်း ထွက်လာတဲ့ဇာတ်ကောင်တွေက ကောင်းတယ်။ ကျွန်တော်အနေနဲ့က လွန်ခဲ့တဲ့ ၆၊ ၇နှစ်လောက်ကတည်းက Pre Production တွေနဲ့ ယဉ်ပါးပြီးသား။ ဗီဒိယိုရဲ့အကျင့်တွေရှိနေသေးတဲ့ တချို့သရုပ်ဆောင်တွေလည်းရှိတယ်။ မလိုဘူးလို့ ထင်တာပေ့ါ။ အဓိကပြောင်းလဲဖို့ကြိုးစားမယ်ဆိုရင် ပရိသတ်တွေဆီက အသံများများထွက်မှရမယ်။ Pre Production လုပ်လို့မရတဲ့ ဇာတ်ကားဆိုတာမျိုးမရှိဘူး။ လုပ်စရာမလိုဘူးဆိုတာလည်း မရှိဘူးပေ့ါ။ အရှေ့မှာရိုက်ခဲ့တဲ့ “တာတေကြီး” မှာလည်း အဝတ်အစားတွေက ရိုက်ခါနီးမှပြင်ဆင်တာ ဝတ်တာမဟုတ်ဘူး။ ရိုက်မယ့်ဇာတ်ဝင်ခန်းတွေ၊ ပြင်ဆင်မှုတွေကို ကြိုမလုပ်ထားဘူးဆိုရင် ပရိသတ်တွေရှေ့ကို သေသေသပ်သပ်နဲ့ ရောက်လာမှာမဟုတ်ပါဘူး။ Pre Production နဲ့သွားမယ်ဆိုရင်တော့ပိုကောင်းတဲ့ဇာတ်ကောင်တစ်ခု ပရိသတ်တွေဆီကိုရောက်မယ်ပေ့ါ။ Pre Production လုပ်ရင် ပိုကောင်းနေတာသိပေမယ့်လည်း တချို့လိုက်မလုပ်သေးတဲ့ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေရှိပါတယ်။ အဲဒီအတွက် Pre Production ကို လုပ်ကြဖို့ ကျွန်တော်ကတိုက်တွန်းချင်ပါတယ်။ ရှေ့ဆက်ပြီးတော့ အလုပ်တစ်ခုကို ကောင်းကောင်းမွန်မွန်လုပ်ရမှာဖြစ်တဲ့အတွက် ပရိသတ်အပေါ်မှာ သေသေချာချာလေး စေတနာထားစေချင်တယ်။

ဆင်ဆာကင်းလွတ်ခြင်း၊ ဆင်ဆာရှိခြင်းအပေါ်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဘယ်လိုထင်မြင်ချက်ပေးချင်လဲ….

ဆင်ဆာဆိုတာက လွတ်လပ်မှုအပေါ်မှာ အသိတစ်ခုပေါ့။ ဆင်ဆာပေးခြင်းမပေးခြင်းမှာ အနုပညာကိုဖန်တီးတဲ့သူတွေရဲ့စိတ်မှာ လုပ်ချင်တာနဲ့ မလုပ်ချင်တာပဲကွာတယ်။ ဇာတ်ညွှန်းတစ်ခုကို လူတန်းစားမျိုးစုံကိုဖတ်ခိုင်းမယ်။ မိန်းကလေး၊ ယောက်ျားလေး၊ ကလေးအမျိုးစုံပေ့ါ အဲဒီမှာ ဘယ်လိုတုန့်ပြန်လာမလဲ။ အဓိကက အဲဒါပါပဲ။ အဲဒီလိုဖတ်ကြည့်လို့ အားလုံးကလက်ခံတယ်။ အဲဒီမှာမှ ဆင်ဆာကဖြတ်တယ်ဆိုရင်တော့ နည်းနည်းလေးလူ့ပတ်ဝန်းကျင်နဲ့ သဟဇာတာမကိုက်ဘူးလို့ ပြောလို့ရတယ်။ တကယ်အပြင်နေထိုင်မှုမှာရှိတဲ့သူတွေအနေနဲ့ ဘာမှမဖြစ်ဘူး၊ ကိုယ့်ပတ်ဝန်းကျင်ကို အနှောင့်အယှက်မရှိဘူးဆိုရင်တော့ ဆင်ဆာမရှိသင့်ဘူး။ ကျွန်တော်တို့ရုပ်ရှင်က လူတွေကိုကိုယ်စားပြုတယ်။ လူတွေကိုသက်ရောက်မှုက Pre Production မှာပဲ အရင်စမ်းသပ်သင့်တယ်။ လိုအပ်တယ်။ ပရိသတ်တွေဆီကိုတိုက်ရိုက်ရောက်မှာဖြစ်တဲ့အတွက် လူအများရဲ့ဆုံးဖြတ်ချက်ကိုပဲ အမှန်လို့ထင်ပါတယ်။

အစ်ကိုရဲ့စတူဒီယိုကရော ဘယ်အခြေအနေအထိရောက်နေပြီလဲ…

ကျွန်တော်ရဲ့စတူဒီယိုက ဖွင့်ဖို့သိပ်မဝေးတော့ပါဘူး။ သင်္ကြန်အပြီးလောက်ဆို ဖွင့်ဖြစ်တော့မှာပါ။ သိပ်မလိုတော့ပါဘူး။

ပရိသတ်တွေအတွက်စကားလက်ဆောင်လေးပြောပေးပါဦး…

ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဆက်လက်ပြီးအားပေးကြဖို့လည်း ပြောချင်ပါတယ်။ အကောင်းဆုံး အမြဲတမ်းပရိသတ်တွေအတွက် ကြိုးစားနေပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။