စာခ်ဳပ္ဖ်က္သိမ္းလိုက္တဲ့အေၾကာင္းေျပာတဲ႔ Galaxy Star Winner ေနမင္းအိမ္

Nay-Min-Eain

စာခ်ဳပ္ဖ်က္သိမ္းလိုက္တဲ့အေၾကာင္းေျပာတဲ႔ Galaxy Star Winner ေနမင္းအိမ္

[Zawgyi]

Galaxy Star 2017 ရဲ႕Winner ဆုရွင္ ေနမင္းအိမ္က အယ္လ္ဘမ္ထုတ္လုပ္ေပးမယ့္ Namin Entertainment နဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကို ၎ဖက္က တရားဝင္ဖ်က္သိမ္းလိုက္တယ္လို႔ ေျပာဆိုလာပါတယ္။

“Namin Entertainment နဲ႔ပတ္သက္တဲ့စာခ်ဳပ္ကို ကြၽန္ေတာ့္အေနနဲ႔ တရားဝင္ဖ်က္သိမ္းလိုက္ပါၿပီ။ ကြၽန္ေတာ္နဲ႔ Namin Entertainment ဟာ ေရွ႕ေလွ်ာက္ၿပီး ဆမ္ေဆာင္း၊ ေအာ္ရီဒူးကေဖ်ာ္ေျဖရမယ့္ Glaxy Star Top Ten Finalist ေတြကို စာခ်ဳပ္ခ်ဳပ္ေပးထားတဲ့ေဖ်ာ္ေျဖပြဲေတြမွာ အတူတူေတြ႔ဆံုမႈကလြဲၿပီး က်န္ေသာေဖ်ာ္ေျဖပြဲေတြ၊ ဂီတနဲ႔ပတ္သက္တဲ့ အႏုပညာလႈပ္ရွားမႈေတြက ကြၽန္ေတာ္ေနမင္းအိမ္ရဲ႕ ဆံုးျဖတ္ခ်က္၊ ဆံုးျဖတ္ခြင့္နဲ႔ ေရွ႕ဆက္သြားမွာျဖစ္ပါတယ္”လို႔ Galaxy Star 2017 ရဲ႕ Winner ဆုရွင္ ေနမင္းအိမ္က ေျပာပါတယ္။

အဲ႔ဒီကိစၥနဲ႔ပတ္သက္ၿပီး စက္တင္ဘာ ၂၁ ရက္က ဆူးေလရွန္ဂရီလာဟိုတယ္မွာျပဳလုပ္တဲ့ Galaxy Star 2017 Winner အား ဆုေၾကးေငြေပးအပ္ျခင္းနဲ႔ ကိုရီးယားႏိုင္ငံသို႔ Training အစီအစဥ္နဲ႔ ပတ္သက္ၿပီး မီဒီယာထံ အသိေပးပြဲမွာ ေျပာဆိုခဲ့တာပါ။

“အခုၾကားေနတာက Top Ten Finalist ေတြ ပါဝင္မယ့္ အဖြဲ႔လိုက္သီခ်င္းေခြပဲ ထုတ္ေပးမယ္လို႔ၾကားရတဲ့အျပင္ မီနီအယ္လ္ဘမ္အေသးစားပဲ ထုတ္ေပးမယ္လို႔ ၾကားေနရပါတယ္။ အမွန္က တစ္ကိုယ္ေတာ္အယ္လ္ဘမ္ထြက္ေပးမယ္လို႔ အစကတည္းက ေျပာထားတာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္က ဒီၿပိဳင္ပြဲဝင္ၿပိဳင္တာက World Star ျဖစ္ခ်င္လို႔မဟုတ္ပါဘူး။ ေအာင္ျမင္ခ်င္လို႔ၿပိဳင္ခဲ့တာပါ။ ပရိသတ္ရင္ထဲေရာက္ေအာင္ တစ္ဆင့္ၿပီးတစ္ဆင့္ ပို႔ေပးႏိုင္ခဲ့တာေၾကာင့္ ဒီအက်ိဳးေက်းဇူးခံစားရတယ္လို႔ထင္ပါတယ္။ ကုမၸဏီဘက္က ေျပာင္းလဲမႈအစီအစဥ္ရိွတဲ့အတြက္ ဘာတုန္႔ျပန္မႈမွ မလုပ္ပါဘူး”ဟု ေနမင္းအိမ္က ေျပာပါတယ္။

Glaxy Star 2017 Winner အေနနဲ႔ ဆုေငြက်ပ္သိန္းတစ္ေထာင္အျပင္ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ထြက္ရိွခြင့္ရမွာျဖစ္ၿပီး ကိုရီးယားႏိုင္ငံရဲ႕ Stage Show ေတြမွာ ေဖ်ာ္ေျဖခြင့္ခ်ိတ္ဆက္ေပးမယ္လို႔ ၿပိဳင္ပြဲမက်င္းပမီကတည္းက ေၾကညာခဲ့တယ္လို႔ ေနမင္းအိမ္က ဆိုပါတယ္။

ေနမင္းအိမ္အေနနဲ႔ Galaxy Star top ten ၿပိဳင္ပြဲဝင္မ်ားနဲ႔အတူ ကိုရီးယားႏိုင္ငံမွာ သြားေရာက္ေလ့က်င့္မႈေတြ ပါဝင္မႈမရိွေတာ႔ဘဲ ၿပိဳင္ပြဲဝင္မ်ား ကိုရီးယားႏိုင္ငံမွျပန္လည္ေရာက္ရိွလာပါက ေဖ်ာ္ေျဖပြဲတစ္ခုကို Namin Entertainment က ျပဳလုပ္ေပးမည္ဆိုျခင္းသည္လည္း စာခ်ဴပ္တြင္ပါဝင္သည့္အခ်က္မဟုတ္ဘဲ အစီအစဥ္တစ္ရပ္အေနနဲ ျပဳလုပ္ျခင္းျဖစ္တယ္လို႔ ေျပာပါတယ္။

“စာခ်ဳပ္ဖ်က္သိမ္းတာကို သူတို႔ဘက္ကေၾကညာမလားဆိုၿပီးၾကည့္ခဲ့ေပမယ့္ ေစာဒကမတက္ခဲ့ပါဘူး။ အမွန္ဆို မီဒီယာေတြေရွ႕မွာ စာခ်ဳပ္ဖ်က္သိမ္းေၾကာင္း တရားဝင္ေၾကညာၿပီး Winner ဆုကို တရားဝင္လႊဲအပ္ေၾကာင္းကို စာခ်ဴပ္အသစ္တစ္ခုနဲ႔ ခ်ဳပ္ဆိုလက္မွတ္ေရးထိုးရမွာပါ။ Winner ဆုရတယ္ဆိုတာကို အခမ္းအနားနဲ႔ စာခ်ဳပ္မွာ လက္မွတ္ေရးထိုးလက္ခံရမွာပါ။ ျမန္မာႏိုင္ငံရဲ႕တရားဥပေဒက ဒီလိုေရးထိုးရမယ္လို႔ ထင္ပါတယ္”လို႔ ေနမင္းအိမ္ကေျပာပါတယ္။

ေနမင္းအိမ္အေနနဲ႔ တစ္ကိုယ္ေတာ္အယ္လ္ဘမ္တစ္ေခြကို ကိုယ္တိုင္ထုတ္လုပ္ႏိုင္ရန္ ႀကိဳးစားသြားမွာလို႔ေျပာၾကားခဲ့ၿပီး စက္တင္ဘာ ၂၆ ရက္မွာ မအူပင္ရိွ အမ်ိဳးသမီးမိဘမဲ့ေဂဟာ၊ ရန္ကုန္ၿမိဳ႕(၉၉)မိုင္(၄)ဖာလံု အျမန္လမ္းရိွ နန္းေရႊျပည္ဆရာေတာ္ ဦးစီးတည္ေထာင္ထားတဲ့ “ရန္ေရႊျပည္” မိဘမဲ့ေက်ာင္းမွာ ေအာ္ရီဒူးနဲ႔အတူ အလွဴအတန္းျပဳလုပ္မွာျဖစ္သလို ၂၀၁၄ ခုႏွစ္က အဓိဌာန္ခဲ့တဲ့ လိြဳင္ေကာ္က တန္ခိုးႀကီးေစတီတစ္ဆူမွာလည္း သြားေရာက္လွဴဒါန္းမယ္လို႔ သိရပါတယ္။

www.akhayar.com

[Unicode]

Galaxy Star 2017 ရဲ့Winner ဆုရှင် နေမင်းအိမ်က အယ်လ်ဘမ်ထုတ်လုပ်ပေးမယ့် Namin Entertainment နဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို ၎င်းဖက်က တရားဝင်ဖျက်သိမ်းလိုက်တယ်လို့ ပြောဆိုလာပါတယ်။

“Namin Entertainment နဲ့ပတ်သက်တဲ့စာချုပ်ကို ကျွန်တော့်အနေနဲ့ တရားဝင်ဖျက်သိမ်းလိုက်ပါပြီ။ ကျွန်တော်နဲ့ Namin Entertainment ဟာ ရှေ့လျှောက်ပြီး ဆမ်ဆောင်း၊ အော်ရီဒူးကဖျော်ဖြေရမယ့် Glaxy Star Top Ten Finalist တွေကို စာချုပ်ချုပ်ပေးထားတဲ့ဖျော်ဖြေပွဲတွေမှာ အတူတူတွေ့ဆုံမှုကလွဲပြီး ကျန်သောဖျော်ဖြေပွဲတွေ၊ ဂီတနဲ့ပတ်သက်တဲ့ အနုပညာလှုပ်ရှားမှုတွေက ကျွန်တော်နေမင်းအိမ်ရဲ့ ဆုံးဖြတ်ချက်၊ ဆုံးဖြတ်ခွင့်နဲ့ ရှေ့ဆက်သွားမှာဖြစ်ပါတယ်”လို့ Galaxy Star 2017 ရဲ့ Winner ဆုရှင် နေမင်းအိမ်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၁ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်မှာပြုလုပ်တဲ့ Galaxy Star 2017 Winner အား ဆုကြေးငွေပေးအပ်ခြင်းနဲ့ ကိုရီးယားနိုင်ငံသို့ Training အစီအစဉ်နဲ့ ပတ်သက်ပြီး မီဒီယာထံ အသိပေးပွဲမှာ ပြောဆိုခဲ့တာပါ။

“အခုကြားနေတာက Top Ten Finalist တွေ ပါဝင်မယ့် အဖွဲ့လိုက်သီချင်းခွေပဲ ထုတ်ပေးမယ်လို့ကြားရတဲ့အပြင် မီနီအယ်လ်ဘမ်အသေးစားပဲ ထုတ်ပေးမယ်လို့ ကြားနေရပါတယ်။ အမှန်က တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ပေးမယ်လို့ အစကတည်းက ပြောထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဒီပြိုင်ပွဲဝင်ပြိုင်တာက World Star ဖြစ်ချင်လို့မဟုတ်ပါဘူး။ အောင်မြင်ချင်လို့ပြိုင်ခဲ့တာပါ။ ပရိသတ်ရင်ထဲရောက်အောင် တစ်ဆင့်ပြီးတစ်ဆင့် ပို့ပေးနိုင်ခဲ့တာကြောင့် ဒီအကျိုးကျေးဇူးခံစားရတယ်လို့ထင်ပါတယ်။ ကုမ္ပဏီဘက်က ပြောင်းလဲမှုအစီအစဉ်ရှိတဲ့အတွက် ဘာတုန့်ပြန်မှုမှ မလုပ်ပါဘူး”ဟု နေမင်းအိမ်က ပြောပါတယ်။

Glaxy Star 2017 Winner အနေနဲ့ ဆုငွေကျပ်သိန်းတစ်ထောင်အပြင် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိခွင့်ရမှာဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ Stage Show တွေမှာ ဖျော်ဖြေခွင့်ချိတ်ဆက်ပေးမယ်လို့ ပြိုင်ပွဲမကျင်းပမီကတည်းက ကြေညာခဲ့တယ်လို့ နေမင်းအိမ်က ဆိုပါတယ်။

နေမင်းအိမ်အနေနဲ့ Galaxy Star top ten ပြိုင်ပွဲဝင်များနဲ့အတူ ကိုရီးယားနိုင်ငံမှာ သွားရောက်လေ့ကျင့်မှုတွေ ပါဝင်မှုမရှိတော့ဘဲ ပြိုင်ပွဲဝင်များ ကိုရီးယားနိုင်ငံမှပြန်လည်ရောက်ရှိလာပါက ဖျော်ဖြေပွဲတစ်ခုကို Namin Entertainment က ပြုလုပ်ပေးမည်ဆိုခြင်းသည်လည်း စာချူပ်တွင်ပါဝင်သည့်အချက်မဟုတ်ဘဲ အစီအစဉ်တစ်ရပ်အနေနဲ ပြုလုပ်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

“စာချုပ်ဖျက်သိမ်းတာကို သူတို့ဘက်ကကြေညာမလားဆိုပြီးကြည့်ခဲ့ပေမယ့် စောဒကမတက်ခဲ့ပါဘူး။ အမှန်ဆို မီဒီယာတွေရှေ့မှာ စာချုပ်ဖျက်သိမ်းကြောင်း တရားဝင်ကြေညာပြီး Winner ဆုကို တရားဝင်လွှဲအပ်ကြောင်းကို စာချူပ်အသစ်တစ်ခုနဲ့ ချုပ်ဆိုလက်မှတ်ရေးထိုးရမှာပါ။ Winner ဆုရတယ်ဆိုတာကို အခမ်းအနားနဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးလက်ခံရမှာပါ။ မြန်မာနိုင်ငံရဲ့တရားဥပဒေက ဒီလိုရေးထိုးရမယ်လို့ ထင်ပါတယ်”လို့ နေမင်းအိမ်ကပြောပါတယ်။

နေမင်းအိမ်အနေနဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်တစ်ခွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရန် ကြိုးစားသွားမှာလို့ပြောကြားခဲ့ပြီး စက်တင်ဘာ ၂၆ ရက်မှာ မအူပင်ရှိ အမျိုးသမီးမိဘမဲ့ဂေဟာ၊ ရန်ကုန်မြို့(၉၉)မိုင်(၄)ဖာလုံ အမြန်လမ်းရှိ နန်းရွှေပြည်ဆရာတော် ဦးစီးတည်ထောင်ထားတဲ့ “ရန်ရွှေပြည်” မိဘမဲ့ကျောင်းမှာ အော်ရီဒူးနဲ့အတူ အလှူအတန်းပြုလုပ်မှာဖြစ်သလို ၂၀၁၄ ခုနှစ်က အဓိဌာန်ခဲ့တဲ့ လွိုင်ကော်က တန်ခိုးကြီးစေတီတစ်ဆူမှာလည်း သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

www.akhayar.com