[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ဘယ်နိုင်ငံပဲရောက်ရောက် မြန်မာပြည်ကိုလွမ်းတယ်ဆိုတဲ့ နေဒွေး

ထိုင်းနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ နေဒွေး က “ဘယ်နိုင်ငံဘဲရောက်ရောက် မြန်မာပြည်ကြီးကိုဘဲလွမ်းတယ်”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာတင်ထားတာကို တွေ့ရပါတယ်။

နေဒွေး ဟာ ထိုင်းနိုင်ငံ မှာ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကိုလည်း တွေ့ရပေမယ့် သူရေးထားတဲ့ ဒီစာလေးတစ်ကြောင်းကြောင့် ကိုယ့်နိုင်ငံကို ချစ်တဲ့ အနုပညာရှင်တစ်ယောက်လို့တော့ မြင်မိပါတယ်။

နေဒွေးဟာ ဗီဒီယို ဇာတ်ကားတွေမှာ သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်အဖြစ်လူသိများကြပြီး ဆက်တိုက်ဆိုသလို ဇာတ်ကားရိုက်ကူးမှုတွေကိုလည်း လုပ်ဆောင်နေရသူတစ်ယောက်ဖြစ်ပါတယ်။အခုလတ်တလောမှာတော့ ထိုင်းနိုင်ငံရောက်နေတဲ့ ပုံတွေကို တင်ထားသလို Live လွှင့်ပြီး ပရိသတ်တွေနဲ့စကားပြောတာတွေကိုလည်း လုပ်တာတွေ့ရပါတယ်။

Photo Credit:Nay Dway Facebook

ကြည်သာ (Akhayar)

www.akhayar.com