[Zawgyi]

နွာေခါင္းေလးျပင္လိုက္တဲ့ ခ်ီခ်ီကို ပိုလို႔ ခ်စ္မိသြားၾကမယ္ ထင္တယ္

နွာေခါင္းနဲ႔ မ်က္ရစ္အတြက္ ခြဲစိတ္ျပဳျပင္မႈလုပ္ခဲ့တဲ့ ေနျခည္ဦးဟာ ဆိုရင္ ခြဲစိတ္မႈအားလံုးၿပီးစီးသြားၿပီျဖစ္တဲ့ အတြက္သူမရဲ ႔ျပဳျပင္ထားတဲ့ မ်က္နွာပံုေလးကို ခ်ျပခဲ့ပါတယ္။ အခုလိုေျပာင္းလဲလိုက္တဲ့ ပံုစံေလးဟာလည္း ေနျခည္ဦးနဲ႔တစ္မ်ိဳးေလး လိုက္ဖက္မႈရွိၿပီး လွပေနတာကိုေတြ႔ရပါတယ္။

ခြဲစိတ္မႈအားလံုးၿပီးလို႔ပံုမတင္ခင္ တစ္ရက္ကလည္း ပရိသတ္ေတြကို သူမရဲ ႔လူမႈကြန္ရက္အေကာင့္ကေန ေနာက္ၿပီးေတာ့ အခုလိုစာေလးတင္ထားခဲ့တာကိုလည္း ေတြ႔ရပါေသးတယ္။

“ခြဲစိတ္မႈ အားလံုး ေအာင္ျမင္ပါတယ္။
ခ်ဳပ္႐ိုးလည္း ေျဖၿပီးပါၿပီ။
တစ္ခုဘဲ ဆရာဝန္က
သံုးလေလာက္မရီနဲ႕တဲ့
ခ်ဳပ္ထားတဲ့ ႏွာေခါင္း
ျပန္ပြလာမွာ စိုးလို႔တဲ့
ဂြမ္းးးးးးးး”

ျပင္ၿပီးပံု နဲ႕ မျပင္ရေသးခင္ပံု

ဇူလိုင္လ ၁၈ ရက္ေန႔ မွာတင္ခဲ့တဲ့ ပံုအသစ္ေလးမွာ ေတြ႔ရတဲ့ေနျခည့္ ရဲ ႔မ်က္နွာပံုစံေလးကို ပရိသတ္ေတြေတြ႔ျမင္ရေအာင္လို႔လည္း ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။ ခ်ီခ်ီ ကိုခ်စ္တဲ့ ပရိသတ္ေတြကေတာ့ ဘယ္လုိပံုစံေလးပဲျဖစ္ေနျဖစ္ေန ခ်စ္ေနၾကမွာပါ။ အခုလိုျပင္လိုက္တဲ့ ခ်ီခ်ီပံုစံေလးကေတာ့ သူမနဲ႔ အင္မတန္လိုက္ဖက္မႈရွိတဲ့ အတြက္ေအာင္ျမင္စြာျပဳျပင္ေျပာင္းလဲနိုင္မႈ အတြက္ဂုဏ္ယူဝမ္းသာမိပါတယ္ ခ်စ္ရေသာ ခ်ီခ်ီေရ။

ၾကည္သာ (Akhayar)

Photo Credit: Nay Chi Oo Facebook

www.akhayar.com

[Unicode]

နှာခေါင်းလေးပြင်လိုက်တဲ့ ချီချီကို ပိုလို့ ချစ်မိသွားကြမယ် ထင်တယ်

နှာခေါင်းနဲ့ မျက်ရစ်အတွက် ခွဲစိတ်ပြုပြင်မှုလုပ်ခဲ့တဲ့ နေခြည်ဦးဟာ ဆိုရင် ခွဲစိတ်မှုအားလုံးပြီးစီးသွားပြီဖြစ်တဲ့ အတွက်သူမရဲ့ပြုပြင်ထားတဲ့ မျက်နှာပုံလေးကို ချပြခဲ့ပါတယ်။ အခုလိုပြောင်းလဲလိုက်တဲ့ ပုံစံလေးဟာလည်း နေခြည်ဦးနဲ့တစ်မျိုးလေး လိုက်ဖက်မှုရှိပြီး လှပနေတာကိုတွေ့ရပါတယ်။

ခွဲစိတ်မှုအားလုံးပြီးလို့ပုံမတင်ခင် တစ်ရက်ကလည်း ပရိသတ်တွေကို သူမရဲ့လူမှုကွန်ရက်အကောင့်ကနေ နောက်ပြီးတော့ အခုလိုစာလေးတင်ထားခဲ့တာကိုလည်း တွေ့ရပါသေးတယ်။

“ခွဲစိတ်မှု အားလုံး အောင်မြင်ပါတယ်။
ချုပ်ရိုးလည်း ဖြေပြီးပါပြီ။
တစ်ခုဘဲ ဆရာဝန်က
သုံးလလောက်မရီနဲ့တဲ့
ချုပ်ထားတဲ့ နှာခေါင်း
ပြန်ပွလာမှာ စိုးလို့တဲ့
ဂွမ်းးးးးးးး”

ပြင်ပြီးပုံ နဲ့ မပြင်ရသေးခင်ပုံ

ဇူလိုင်လ ၁၈ ရက်နေ့ မှာတင်ခဲ့တဲ့ ပုံအသစ်လေးမှာ တွေ့ရတဲ့နေခြည့် ရဲ့မျက်နှာပုံစံလေးကို ပရိသတ်တွေတွေ့မြင်ရအောင်လို့လည်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ချီချီ ကိုချစ်တဲ့ ပရိသတ်တွေကတော့ ဘယ်လိုပုံစံလေးပဲဖြစ်နေဖြစ်နေ ချစ်နေကြမှာပါ။ အခုလိုပြင်လိုက်တဲ့ ချီချီပုံစံလေးကတော့ သူမနဲ့ အင်မတန်လိုက်ဖက်မှုရှိတဲ့ အတွက်အောင်မြင်စွာပြုပြင်ပြောင်းလဲနိုင်မှု အတွက်ဂုဏ်ယူဝမ်းသာမိပါတယ် ချစ်ရသော ချီချီရေ။

ကြည်သာ (Akhayar)

Photo Credit: Nay Chi Oo Facebook

www.akhayar.com