[Zawgyi]

Penshoppe Campaign Video ထဲက ေနျခည္ဦးရဲ့ ဖက္ရွင္ကို ဘယ္လိုလိုက္ဝတ္ၾကမလဲ။

တစ္ေန႔နဲ႔တစ္ေန့ ဘယ္လိုေတြဝတ္မလဲ၊ဘယ္လိုလန္းေအာင္ စတိုင္လ္ထုတ္မလဲဆိုတာ နည္းနည္းေတာ့ေခါင္းစားရပါတယ္ေနာ္။ ေခတ္ေရစီးေၾကာင္းနဲ႔ လိုက္ဖက္ညီသလို ဖက္႐ွင္မိုက္ေနဖို႔ကိုဦးစားေပး ဝတ္ဆင္ရတာကိုး။ ဒါေပမယ့္လည္း သိပ္ေတာ့မခက္ခဲပါဘူး။ တစ္ရက္နဲ႔တစ္ရက္ဘယ္လို လန္းေအာင္ ဝတ္ရမလဲ ႐ုတ္တရက္စဥ္းစားရခက္ေနရင္ Beauty Blogger Nay Chi Oo ရဲ႕ စတိုင္လ္အလန္းစားေလးေတြ႐ွိပါတယ္။ Fashionista တစ္ေယာက္လည္းျဖစ္တဲ့ ေကာင္မေလးေတြ အခ်စ္ေတာ္ ခ်ီခ်ီရဲ႕ Penshoppe Campaign Video ထဲက ဖက္႐ွင္မ်ိဳးေလးေတြနဲ႔ဆို ေကာင္မေလးေတြအတြက္ လိုက္ဝတ္ၾကည့္ဖို႔ လုံးဝလံုးဝအဆင္ေျပမွာ အေသအခ်ာပါ။ ဘယ္လိုဖက္႐ွင္ေတြလဲ၊သူမဘာေတြတြဲဖက္ဝတ္ဆင္ထားလဲဆိုတာေတာ့ ေအာက္မွာဆက္ၾကည့္လိုက္ေနာ္။

Nay Chi Oo

Nay Chi Oo

Outfit (1)
မိန္းကေလးဆန္ဆန္မဟုတ္ဘဲ စမတ္က်မႈနဲ႔ လြတ္လပ္မႈ၊သက္ေတာင့္သက္သာ႐ွိမႈေတြကို ဦးစားေပးထားတဲ့ ဒီဝတ္စံုေလးမွာဆိုရင္ လိုင္းစင္း႐ွပ္အက်ႌနဲ႔ လိေမၼာ္ေရာင္ ေဘာင္းဘီေလးကို တြဲဖက္ထားတာပါ။ ၿပီးမွ အေပၚက ဂ်က္ကက္ ထပ္ဝတ္ထားတာျဖစ္ပါတယ္။ဒီဝတ္စံုက အစင္းနဲ႔အေရာင္ေတာက္ ေဘာင္းဘီကိုတြဲဖက္ထားတာျဖစ္လို႔ လူငယ္ဆန္ေစသလို Office Lady ေတြလည္း လိုက္ဝတ္ၾကည့္လုိ႔ရတဲ့ ပံုစံပါ။ ဂ်က္ကက္ကေတာ့ ကိုယ့္ သေဘာအတိုင္းဝတ္လို႔ရသလို ထပ္မဝတ္ဘူးဆိုလည္း ႐ိုး႐ုိးေလးနဲ႔ Smart က်က်လွေနေစပါတယ္။

Nay Chi Oo

Nay Chi Oo

Outfits (2)
အခုေနာက္ပိုင္း Retro Fashion ေလးေတြလည္းအဝတ္မ်ားလာၾကတာေတြ့ရမွာပါ။ လူငယ္ဆန္သလို ေပါ့ပါးမႈ႐ွိၿပီး 90 ခုႏွစ္မ်ားဆီက အေငြ႔အသက္ေလးေတြ ပါတဲ့ဖက္႐ွင္ေတြေပါ့။

Nay Chi Oo

Nay Chi Oo

ဒီဝတ္စံုမွာဆိုရင္ Chi Chi က Retro ဆန္ဆန္ လိုင္းစင္း Hoodie ေလးနဲ႔ မိုးျပာေရာင္ Ripped Jean ေလးကို ဝတ္ထားတာ ေတြ႔ရမွာျဖစ္ပါတယ္။ ဒီစတိုင္ေလးဟာဆိုရင္ သူငယ္ခ်င္းေတြနဲ႔ ထသြားထလာပဲျဖစ္ျဖစ္၊ ေန႔စဥ္ဝတ္တဲ့ဖက္႐ွင္မွာပဲ ျဖစ္ျဖစ္ ထည့္သြင္းစဥ္းစားလို႔ရတဲ့ စတိုင္လ္ေလးပါ။

Nay Chi Oo

Nay Chi Oo

Outfit(3)
ဒီစတိုင္လ္ေလးကေတာ့ ႐ိုး႐ွင္းၿပီးအထာက်တဲ့ Parisian Style ပါ။ ျပင္သစ္ကေကာင္မေလးေတြဝတ္ေလ့႐ွိတဲ့ စတိုင္လ္ေပါ့။ Chi Chi ဝတ္ထားတာက အေရာင္ေတာက္ေတာက္အဝါေရာင္ ဆြယ္တာအပါးလို Body Fit Top ေလးနဲ႔ ကြက္စိပ္ A-Line Skirt ေလးပါ။ ႐ိုး႐ွင္းေပမယ့္ A-line Skirt နဲ႔ Body Fit Top တုိ႔ရဲ့ေပါင္းစပ္မႈေၾကာင့္ ခႏၶာကိုယ္အခ်ိဳးအစားလည္း ေပၚလြင္သြားေစပါတယ္။ လံုးဝထိမိတဲ့စတိုင္လ္ကိုမွ ႀကိဳက္ပါတယ္ဆိုရင္ ဝတ္ၾကည့္သင့္တဲ့ စတိုင္လ္ပါ။

Nay Chi Oo

Nay Chi Oo

Outfit (4)
တီ႐ွပ္ေလးေတြဝတ္ရတာႀကိဳက္တယ္၊ Pant အ႐ွည္ေလးေတြႏွစ္သက္တယ္ဆိုရင္ေတာ့ Chi Chi ရဲ႕ ဒီစတိုင္လ္ေလးက အသင့္ေတာ္ဆံုးပါပဲ။ အားကစား႐ွပ္လို လိုင္းစင္းပါတဲ့ ႐ွပ္ေလးကို အကြက္စိပ္ Pant အ႐ွည္ေလးနဲ႔ တြဲလိုက္တာက တစ္မ်ိဳးေလးဆန္းသြားေစသလို လူငယ္ေတြသာမက Office Lady ေတြပါ ဝတ္လို႔ရတယ္ေလ။ အခုတေလာ အကြက္စိပ္စိပ္ေလးေတြလည္း အဝတ္မ်ားေနတာဆိုေတာ့ Trendy ျဖစ္ေအာင္ ဝတ္ၾကည့္လိုက္ပါဦး။

Nay Chi Oo

Nay Chi Oo

ကဲ..အခုေလာက္ဆို Chi Chi ဆီက Outfit Idea တခ်ိဳ႕ကို ရသြားေလာက္ပါၿပီေနာ္။ သူေလးဝတ္ထားသလို ဝတ္စံုေလးေတြကို သေဘာက်တယ္ဆိုရင္ေတာ့ Penshoppe မွာ ဝယ္ယူလို႔ရပါတယ္တဲ့။

Su Yi Htet (Akhayar)

[Unicode]

Penshoppe Campaign Video ထဲက နေခြည်ဦးရဲ့ ဖက်ရှင်ကို ဘယ်လိုလိုက်ဝတ်ကြမလဲ။

တစ်နေ့နဲ့တစ်နေ့ ဘယ်လိုတွေဝတ်မလဲ၊ဘယ်လိုလန်းအောင် စတိုင်လ်ထုတ်မလဲဆိုတာ နည်းနည်းတော့ခေါင်းစားရပါတယ်နော်။ ခေတ်ရေစီးကြောင်းနဲ့ လိုက်ဖက်ညီသလို ဖက်ရှင်မိုက်နေဖို့ကိုဦးစားပေး ဝတ်ဆင်ရတာကိုး။ ဒါပေမယ့်လည်း သိပ်တော့မခက်ခဲပါဘူး။ တစ်ရက်နဲ့တစ်ရက်ဘယ်လို လန်းအောင် ဝတ်ရမလဲ ရုတ်တရက်စဉ်းစားရခက်နေရင် Beauty Blogger Nay Chi Oo ရဲ့ စတိုင်လ်အလန်းစားလေးတွေရှိပါတယ်။ Fashionista တစ်ယောက်လည်းဖြစ်တဲ့ ကောင်မလေးတွေ အချစ်တော် ချီချီရဲ့ Penshoppe Campaign Video ထဲက ဖက်ရှင်မျိုးလေးတွေနဲ့ဆို ကောင်မလေးတွေအတွက် လိုက်ဝတ်ကြည့်ဖို့ လုံးဝလုံးဝအဆင်ပြေမှာ အသေအချာပါ။ ဘယ်လိုဖက်ရှင်တွေလဲ၊သူမဘာတွေတွဲဖက်ဝတ်ဆင်ထားလဲဆိုတာတော့ အောက်မှာဆက်ကြည့်လိုက်နော်။

Nay Chi Oo

Nay Chi Oo

Outfit (1)
မိန်းကလေးဆန်ဆန်မဟုတ်ဘဲ စမတ်ကျမှုနဲ့ လွတ်လပ်မှု၊သက်တောင့်သက်သာရှိမှုတွေကို ဦးစားပေးထားတဲ့ ဒီဝတ်စုံလေးမှာဆိုရင် လိုင်းစင်းရှပ်အင်္ကျီနဲ့ လိမ္မော်ရောင် ဘောင်းဘီလေးကို တွဲဖက်ထားတာပါ။ ပြီးမှ အပေါ်က ဂျက်ကက် ထပ်ဝတ်ထားတာဖြစ်ပါတယ်။ဒီဝတ်စုံက အစင်းနဲ့အရောင်တောက် ဘောင်းဘီကိုတွဲဖက်ထားတာဖြစ်လို့ လူငယ်ဆန်စေသလို Office Lady တွေလည်း လိုက်ဝတ်ကြည့်လို့ရတဲ့ ပုံစံပါ။ ဂျက်ကက်ကတော့ ကိုယ့် သဘောအတိုင်းဝတ်လို့ရသလို ထပ်မဝတ်ဘူးဆိုလည်း ရိုးရိုးလေးနဲ့ Smart ကျကျလှနေစေပါတယ်။

Nay Chi Oo

Nay Chi Oo

Outfits (2)
အခုနောက်ပိုင်း Retro Fashion လေးတွေလည်းအဝတ်များလာကြတာတွေ့ရမှာပါ။ လူငယ်ဆန်သလို ပေါ့ပါးမှုရှိပြီး 90 ခုနှစ်များဆီက အငွေ့အသက်လေးတွေ ပါတဲ့ဖက်ရှင်တွေပေါ့။

Nay Chi Oo

Nay Chi Oo

ဒီဝတ်စုံမှာဆိုရင် Chi Chi က Retro ဆန်ဆန် လိုင်းစင်း Hoodie လေးနဲ့ မိုးပြာရောင် Ripped Jean လေးကို ဝတ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီစတိုင်လေးဟာဆိုရင် သူငယ်ချင်းတွေနဲ့ ထသွားထလာပဲဖြစ်ဖြစ်၊ နေ့စဉ်ဝတ်တဲ့ဖက်ရှင်မှာပဲ ဖြစ်ဖြစ် ထည့်သွင်းစဉ်းစားလို့ရတဲ့ စတိုင်လ်လေးပါ။

Nay Chi Oo

Nay Chi Oo

Outfit(3)
ဒီစတိုင်လ်လေးကတော့ ရိုးရှင်းပြီးအထာကျတဲ့ Parisian Style ပါ။ ပြင်သစ်ကကောင်မလေးတွေဝတ်လေ့ရှိတဲ့ စတိုင်လ်ပေါ့။ Chi Chi ဝတ်ထားတာက အရောင်တောက်တောက်အဝါရောင် ဆွယ်တာအပါးလို Body Fit Top လေးနဲ့ ကွက်စိပ် A-Line Skirt လေးပါ။ ရိုးရှင်းပေမယ့် A-line Skirt နဲ့ Body Fit Top တို့ရဲ့ပေါင်းစပ်မှုကြောင့် ခန္ဓာကိုယ်အချိုးအစားလည်း ပေါ်လွင်သွားစေပါတယ်။ လုံးဝထိမိတဲ့စတိုင်လ်ကိုမှ ကြိုက်ပါတယ်ဆိုရင် ဝတ်ကြည့်သင့်တဲ့ စတိုင်လ်ပါ။

Nay Chi Oo

Nay Chi Oo

Outfit (4)
တီရှပ်လေးတွေဝတ်ရတာကြိုက်တယ်၊ Pant အရှည်လေးတွေနှစ်သက်တယ်ဆိုရင်တော့ Chi Chi ရဲ့ ဒီစတိုင်လ်လေးက အသင့်တော်ဆုံးပါပဲ။ အားကစားရှပ်လို လိုင်းစင်းပါတဲ့ ရှပ်လေးကို အကွက်စိပ် Pant အရှည်လေးနဲ့ တွဲလိုက်တာက တစ်မျိုးလေးဆန်းသွားစေသလို လူငယ်တွေသာမက Office Lady တွေပါ ဝတ်လို့ရတယ်လေ။ အခုတလော အကွက်စိပ်စိပ်လေးတွေလည်း အဝတ်များနေတာဆိုတော့ Trendy ဖြစ်အောင် ဝတ်ကြည့်လိုက်ပါဦး။

Nay Chi Oo

Nay Chi Oo

ကဲ..အခုလောက်ဆို Chi Chi ဆီက Outfit Idea တချို့ကို ရသွားလောက်ပါပြီနော်။ သူလေးဝတ်ထားသလို ဝတ်စုံလေးတွေကို သဘောကျတယ်ဆိုရင်တော့ Penshoppe မှာ ဝယ်ယူလို့ရပါတယ်တဲ့။

Su Yi Htet (Akhayar)