[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

မင်းသမီးအလုပ်နဲ့Beauty Blogger ဘယ်တစ်ခုကိုနေခြည်ဦးရွေးချယ်မယ်ဆိုတာ

Beauty Blogger တစ်ဦးအဖြစ်ကနေ လူသိများလာတဲ့ နေခြည်ဦးဟာ အခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေကိုပါတာဝန်ယူပြီး သရုပ်ဆောင်ရမယ့် အနုပညာရှင်တစ်ယောက်ဖြစ်လို့လာပါပြီ။ ဒါကြောင့်အနုပညာအလုပ်လုပ်တဲ့မင်းသမီးတစ်ယောက်နဲ့ Beauty Blogger တစ်ယောက်ဆိုရင်ဘယ်အရာကိုပိုအားသန်ပြီး အဓိကထားရွေးချယ်ဖြစ်မလဲလို့မေးမြန်းဖြစ်ခဲ့ပါတယ်။

“နေခြည့်အနေနဲ့အစကတည်းကနိုင်ငံတကာကိုထိုးဖောက်နိုင်တဲ့Beauty Blogger တစ်ယောက်ဖြစ်ချင်တယ်။ပွင့်ပွင့်လင်းလင်းပြောရရင် Blogger လုပ်နေတဲ့Industry မှာဆိုရင်လူဦးရေအနေနဲ့အရမ်းနည်းသေးတယ် ဒါကြောင့်နေခြည်ကိုသိတဲ့သူများတယ်။ သရုပ်ဆောင်အလုပ်ကကျတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲမင်းသမီးတွေ ကလည်းအရမ်းများတယ်နောက်အားတစ်ခု လည်း စိုက်ရတဲ့အတွက်နေခြည့်အနေနဲ့အရမ်းပင်ပန်းတယ်”။

“ကိုယ့်ကအစကတည်းက Beauty Bloggerတစ်ဦးအနေနဲ့မိတ်ကပ်တွေလိမ်းမယ် အလှအပတွေကိုကိုယ်ကချပြရတဲ့ Public Figure ပဲလုပ်ချင်တာပေါ့နော်။ ဒါပေမယ့် သရုပ်ဆောင်ဖို့ခြေလှမ်းလှန်းလာဆိုတာကလည်း ပထမကားမှာလည်း နေခြည်ရိုက်ခဲ့ပြီးပြီကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည့်မှုရှိတယ် အခုနောက်ရိုက်မယ့်ဇာတ်ကားလေးကလည်း ကိုယ်နဲ့ဇာတ်လမ်းဇာတ်ညွှန်းလေးက ကိုက်နေတယ်ပြီးတော့သရုပ်ဆောင်တာကိုဝါသနာပါပါတယ်”။

“Professional career တစ်ခုအနေနဲ့ရွေးရမယ်ဆိုရင်တော့ လှလှလေးနေပြီး ဓါတ်ပုံအမြဲတမ်းရိုက်နေရတဲ့ Public Figure ဖြစ်တဲ့ Beauty Blogger ပဲလုပ်ချင်တာပေါ့နော်။ ဒါပေမယ့်အခုဒီသရုပ်ဆောင်တဲ့ အလုပ်ကိုလည်းနေခြည်ဖြစ်သလိုလုပ်တာမဟုတ်ပါဘူး တကယ်ဝါသနာပါပြီး တကယ်လုပ်နိုင်မယ်ဆိုတာကိုယုံကြည်လို့” ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ဒုတိယဇာတ်ကားအနေနဲ့ရိုက်ကူးသွားမှာဖြစ်တယ်လို့သိပါတယ်။

Photo Credit:Nay Chi Oo Facebook (Amazing Grace)

ကြည်သာ (Akhayar)

www.akhayar.com