[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ဆယ်လီ Crush ကို Live မှာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့ နေခြည်ဦး

ဒေါင်း က သူ့ရဲ့ဆယ်လီ Crush ပါဆိုပြီး နေခြည်ဦး က သူမရဲ့ Live မှာပြောခဲ့တာဖြစ်ပါတယ်။ ဒေါင်းကို အရမ်းကြိုက်ပါတယ်။ ကိုဒေါင်းလည်း သိပါတယ် နေခြည်ကတွေ့တိုင်းပြောလွန်းလို့ ရိုးတောင်ရိုးနေပြီဆိုပြီးတော့ နေခြည်ဦးက သူမရဲ့Fan တွေကို ပွင့်ပွင့်လင်းလင်း ပြောခဲ့တာဖြစ်ပါတယ်။

နေုခြည်ဦး က စကားပြောရင် ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းအောင်ပြောတတ်တာလေးကသူမရဲ့အားသာချက်တစ်ခုပါ။ အနုပညာမောင်နှမ အချင်းချင်း ကြိုက်နှစ်သက်တယ်ဆိုတာလေးကိုအခုလို ပြောပြခဲ့တာကလည်း ချစ်စရာကောင်းလှပါတယ်။

ဒေါင်း ကတော့ အနုပညာအလုပ်တွေ ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်း နဲ့ ကြော်ငြာ အတွက် ရိုက်ကူးတာတွေကို လည်း လုပ်ဆောင်နေသလို ဟိုတလောကလည်း ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ဒဏ္ဍာရီမိုး မှာ ရဲတိုက် ၊ ရွှေထူး တို့နဲ့ အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါသေးတယ်။

Photo Credit: Daung Facebook Page ၊ Nay Chi Oo Facebook

ကြည်သာ (Akhayar)

www.akhayar.com